Saturday, 21 October 2017 14:01

သမီးနှစ်ဦးကို ကမ္ဘာကြီးရဲ့ ဖြစ်ရပ်တွေအကြောင်း မခြွင်းမချန် အသိပေးပြောပြတဲ့ နီကိုးကစ်ဒ်မန်း

Written by
Rate this item
(0 votes)

လော့စ်အိန်ဂျလိစ်၊အောက်တိုဘာ၂ဝ

 

နာမည်ကျော်မင်းသမီး နီကိုးကစ်ဒ်မန်းသည် ဘဝ၏အရေးကြီး သော အကြောင်းအရာများကို သင်ကြားပြသ လမ်းညွှန်ပေးနိုင်သည်ဟု ယုံကြည်မှုဖြင့် ကမ္ဘာပေါ်တွင် ဖြစ်ပျက် နေသော အကြောင်းအ ရာများကို သမီးနှစ်ဦးထံ မခြွင်းမချန် ပြောပြ ကြောင်းသိရသည်။ အသက် (၅ဝ)အရွယ်မင်းသမီးနှင့် ခင်ပွန်းသည် ကိတ်အာဘန်တို့သည် အသက် (၉)နှစ်အရွယ် ဆန်ဒေးနှင့် အသက် (၆)နှစ်အရွယ် ဖိတ်အမည်ရှိ သမီးနှစ်ဦးကို ကမ္ဘာပေါ်တွင် ဖြစ်ပျက်နေသည့် အစုလိုက်အပြုံလိုက် လူသတ်လက်နက်ဖြင့် ပစ်ခတ်မှုမှသည် သဘာဝဘေးအန္တရာယ်များအထိ အ ကြောင်းအရာများကို ဖုံးကွယ်မထားဘဲ မခြွင်းမချန်ပြောပြလေ့ရှိသည်ဟု ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

 

 


ခင်ပွန်းဟောင်းတွမ်ခရုဇ်နှင့်အတူ မွေးစားခဲ့သည့် အသက် (၂၄)နှစ်အရွယ် အစ္စဘယ်လာ အမည်ရှိသမီးနှင့် အသက် (၂၂)နှစ်အရွယ် ကွန်နာ အမည်ရှိသားတို့၏မိခင် နီကိုးလ်က ''ကျွန်မတို့ရဲ့ ကလေးတွေနဲ့ ရိုးသားပွင့်လင်းစွာပဲ စကားပြောဆိုပါတယ်။ ကျွန်မတို့မိသားစုဟာ အချစ်တွေ၊ မေးခွန်း တွေများစွာအပေါ်မှာ မှီတည်နေပါတယ်။ ကျွန်မတို့ဟာ လက်ရှိကမ္ဘာကြီးမှာ ဘာဖြစ်နေတယ်ဆိုတာကို အသက် (၆)နှစ်နဲ့ (၉)နှစ်အရွယ် သမီးတွေကို လမ်းညွှန်ပေးဖို့ ကြိုးစားနေပါတယ်''ဟု ပြောကြား ခဲ့သည်။ အသက်(၄၉)နှစ်အရွယ် ကန်းထရီးဂီတအဆို တော် ကိတ်ကလည်း ကမ္ဘာကြီးဖြစ်ပျက်နေပုံကို နားလည်သိရှိရန်နှင့် အန္တရာယ်အတွင်း မည်ကဲ့သို့ အသက်ရှင်နေထိုင်ရမည်ကို ကလေးများအား သင်ကြားပေး၊ လမ်းညွှန်ပေးခြင်းသည် အရေးကြီး ကြောင်း၊ ပွင့်ပွင့်လင်းလင်း ပြောကြားသင့်သည် ဟုထင်မြင်ကြောင်း ပြောထားသည်။

 

Ref: Contactmusic

Read 1528 times
Login to post comments