HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

သမီးကလေးကို ပြန်ပေးဆွဲမည်ဟု ခြိမ်းခြောက်ခံနေရသော ကိုင်လီဂျင်နာ

သမီးကလေးကို ပြန်ပေးဆွဲမည်ဟု ခြိမ်းခြောက်ခံနေရသော ကိုင်လီဂျင်နာ

နယူးယောက်၊ ဇွန် ၁၂

အမေရိကန် နာမည်ကြီးမော်ဒယ်နှင့် ရုပ်သံအစီအစဉ်တင်ဆက်သူ ကိုင်လီဂျင်နာသည် သမီးကလေး ပြန်ပေးဆွဲမည်ဟု ခြိမ်း ခြောက်သောစာများကို လူမှုကွန်ရက်မှတစ်ဆင့် လက်ခံရရှိခဲ့ ကြောင်း ဇွန် ၁၂ ရက် contactmusic သတင်းကဆိုသည်။ ထိုကဲ့သို့ ခြိမ်းခြောက်ခံရသည့်အတွက် ကိုင်လီဂျင်နာသည် လေးလသားအရွယ် သမီးကလေး စထောမီး၏ လုံခြုံရေးအတွက် အထူး စိုးရိမ်ပူပန်လျက်ရှိသည်။ သမီးကလေးနှင့် တွဲရိုက်ထားသော ဓာတ်ပုံအားလုံးကိုလည်း လူမှုမီဒီယာပေါ်မှ ဖယ်ရှားလိုက်သည်။

ထို့အပြင် ရည်စားဖြစ်သူ ထရားဗစ်စကော့နှင့်ရခဲ့သည့် သမီးကလေး စထောမီး ရုပ်ဆိုးသည်ဟူသော လှောင်ပြောင်ဝေဖန်မှုများမှာလည်း လူမှုမီဒီယာပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။ ''စထောမီး ရုပ်ဆိုးတယ်ဆိုပြီး လှောင်ပြောင်တာတွေ၊ ကြောက် စရာကောင်းလောက်အောင် ခြိမ်းခြောက်စာ ပေးပို့တာတွေရှိနေတယ်။ အဲဒီကိစ္စတွေကြောင့် ကိုင်လီ တော်တော်စိတ်ညစ်နေရပါတယ်။ တချို့ ကဆိုရင် သမီးကလေး စထောမီးကို ပြန်ပေးဆွဲမယ်လို့တောင် ခြိမ်း ခြောက်နေကြတယ်။ တချို့ကလည်း အဲဒီလိုဖြစ်ရတာ ကိုင်လီရဲ့အပြစ်။ လူမှုမီဒီယာမှာ သမီးကလေးရဲ့ပုံတင်လို့ဖြစ်တာဆိုပြီး မှတ်ချက် (comment) ရေးကြတယ်''ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။


ထိုသို့ ခြိမ်းခြောက်ခံရမှုများကြောင့် ကိုင်လီဂျင်နာ (၂ဝ)နှစ်သည် သူ၏ကိုယ်ပိုင်လုံခြုံရေးအဖွဲ့ကို အင်အားတိုးချဲ့လိုက်သည်။ အချိန်ပြည့်စောင့် ကြပ်စေရန်လည်း ညွှန်ကြားလိုက်သည်ဟုသိရသည်။ ကိုင်လီဂျင်နာသည် စထောမီးကလေးကို ကိုယ်ဝန်လွယ်ထားရစဉ်ကလည်း လူမှုကွန်ရက်များကို အသုံးမပြုဘဲ နေခဲ့သူဖြစ်သည်။ 

Ref: Contactmusic

#democracytoday

Rate this item
(0 votes)
back to top