HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ကိုကင်း လက်ဝယ်တွေ့ရှိမှုဖြင့် အမှုဖွင့်ခံရသော ရို့စ်မက်ဂိုဝမ်

ကိုကင်း လက်ဝယ်တွေ့ရှိမှုဖြင့် အမှုဖွင့်ခံရသော ရို့စ်မက်ဂိုဝမ်

လော့စ်အိန်ဂျလိစ်၊ ဇွန် ၁၂

ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး ရို့စ်မက်ဂိုဝမ်ကို ကိုကင်းမူးယစ်ဆေးဝါး လက်ဝယ်တွေ့ ရှိမှုဖြင့် အမှုဖွင့်စစ်ဆေးရန် ဂရင်းဂျူရီအဖွဲ့တစ်ခုက ဆုံးဖြတ်လိုက်ကြောင်း ဇွန် ၁၂ ရက် Contactmusic သတင်းကဆိုသည်။ ရို့စ် (၄၄)နှစ်ကမူ မိမိတွင်အပြစ်မရှိကြောင်း ငြင်းဆိုထားသည်။ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလတွင် ရို့စ်သည် ကိုကင်းအထုတ်ငယ်များပါသော ပိုက်ဆံအိတ်ကို လေယာဉ်ပေါ်တွင် ချန်ထားခဲ့ကြောင်း ရဲတပ်ဖွဲ့က ယခုနှစ်နှစ်ဆန်းပိုင်းတွင် စွပ်စွဲခဲ့သည်။ အဆိုပါ ဖြစ်ရပ်အတွက် အမှုဖွင့်မခံရစေရန် ရို့စ် ကြိုးပမ်းခဲ့သော်လည်း ဂရင်းဂျူရီအဖွဲ့တစ်ခုက အမှုဖွင့် စစ်ဆေးသင့်သည်ဟု ဆုံးဖြတ်လိုက်သည်။

ရို့စ်၏ရှေ့နေ ဂျို့စ်ဘေ့ဇ်က ''အပြစ်မရှိဘူးဆိုပြီး ရို့စ်က တောက်လျှောက် ငြင်းခဲ့ပါတယ်။ သူဟာ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူဖြစ်လို့ အခုလိုအမှုဖွင့်ခံရတာပါ။ ဒီစွပ်စွဲချက်ကို ခိုင်ခိုင်မာမာ ငြင်းဆန်ပယ်ချနိုင်မယ်လို့ ယုံကြည်ပါတယ်''ဟု ပြောသည်။ ရို့စ်က မိမိသည် ထိုပိုက်ဆံအိတ်ကို ငါးနာရီခန့် ပျောက်ဆုံးခဲ့ကြောင်း၊ ပိုက်ဆံအိတ် ပျောက်နေတုန်းတွင် တစ်ယောက်ယောက်က ကိုကင်းများထည့်သွား ခြင်းဖြစ်နိုင်ကြောင်း၊ မိမိဝယ်ယူသယ်ဆောင်လာသောကိုကင်းများ မဟုတ် ကြောင်း ပြောဆိုထားသည်။ အဆိုပါဖြစ်ရပ်သည် ရုပ်ရှင်ထုတ်လုပ်ရေးသူဋ္ဌေးကြီး ဟာဗေးဝိန်းစတိန်း၏ လက်ချက်ဖြစ်နိုင်ကြောင်း၊ ဝိန်းစတိန်းသည် သူ့အား ဝေဖန်သူများကို ထိုနည်းဖြင့်နှုတ်ပိတ် လေ့ရှိကြောင်း ယခုနှစ် ဆန်းပိုင်းတွင် ရို့စ်က ပြောခဲ့သည်။

Ref: Contactmusic

#democracytoday

Rate this item
(0 votes)
back to top