HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

Girls' Generation အဖွဲ့မှ ထဲယွန်၏ တစ်ကိုယ်တော် သီချင်းခွေ မကြာမီ ထွက်ရှိမည်

Girls' Generation အဖွဲ့မှ ထဲယွန်၏  တစ်ကိုယ်တော် သီချင်းခွေ မကြာမီ ထွက်ရှိမည်

ဆိုးလ်၊ ဇွန် ၁၂

Girls'Girls'Generation အဖွဲ့၏ ဦးဆောင်အဆိုတော် ထဲယွန်သည် ၎င်း၏ တတိယမြောက် မီနီအယ်လ်ဘမ် '' Something New ''ကို လာမည့် သီတင်းပတ်တွင် စတင်ဖြန့်ချိမည်ဖြစ်ကြောင်း ၎င်း၏အေဂျင်စီက ဇွန် ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ထဲယွန်သည် ယခင်နှစ် ဒီဇင်ဘာလကလည်း Winter IS Coming (ဆောင်းရာသီရောက်တော့မယ်)ဟူသော ဒုတိယမြောက် မီနီအယ်လ်ဘမ်ကို ဖြန့်ချိခဲ့သည်။ ယခု တတိယမြောက် မီနီအယ်လ်ဘမ် Something New (အသစ်အဆန်းတစ်ခုခု)ကို ဇွန် ၁၈ ရက်တွင် စတင်ဖြန့်ချိမည်ဟု SM Entertainment အေဂျင်စီကုမ္ပဏီက သတင်းထုတ် ပြန်သည်။


အဆိုပါ သီချင်းခွေအသစ်တွင် ခေါင်းစဉ်သီချင်းဖြစ်သော Winter Is Coming အပါအဝင် စုစုပေါင်း သီချင်းခြောက်ပုဒ်ပါဝင်မည်။ ဂီတအမျိုးအစားစုံလင်ပြီး ထဲယွန်မဆိုဖူးသော ဂီတအမျိုးအစားအသစ်များလည်း ပါဝင်မည်ဟု သိရသည်။ ၂ဝဝ၇ ခုနှစ်တွင် Girls' Generation အဖွဲ့ဝင်ဖြစ်လာသော ထဲယွန်သည် ၂ဝ၁၅ ခုနှစ်တွင် ပထမဆုံး တစ်ကိုယ်တော်သီချင်း ခွေ I (ကျွန်မ)ကို စတင်ဖြန့်ချိခဲ့သည်။ ထိုအချိန်မှစ၍ ထဲယွန်သည် Rain၊ Why၊ 11:11၊ Fime စသော အောင်မြင်သည့် တစ်ကိုယ်တော်သီချင်းများကို ဖန်တီးနိုင်ခဲ့သည်။ အသက် (၂၉)နှစ် ရှိပြီဖြစ်သော ထဲယွန်သည် ကေပေါ့ပ်အမျိုးအ စားသာမက ပေါ့ပ်ရော့ခ်၊ R&B၊  Soul စသည့် ဂီတအမျိုးအစားများ သီချင်းများကိုလည်း သီဆိုသူဖြစ်သည်။ 

#democracytoday

Last modified onWednesday, 13 June 2018 13:00
Rate this item
(0 votes)
back to top