HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ကွယ်လွန်သွားသော စပိုက်ဒါမန်း ပူးတွဲဖန်တီးသူအား တွမ်ဟော်လန် ချီးကျုးစကားဆို

ကွယ်လွန်သွားသော စပိုက်ဒါမန်း ပူးတွဲဖန်တီးသူအား တွမ်ဟော်လန် ချီးကျုးစကားဆို

ဟောလိဝုဒ်၊ ဇူလိုင် ၉ - ဂန္ထဝင်မြောက် ရုပ်ပြဇာတ်လမ်းရေးဆွဲသူနှင့် စပိုက်ဒါမန်းပူးတွဲဖန်တီးသူ စတိဗ်ဒစ်ကိုသေဆုံးပြီးနောက်တစ်ရက် ဇူလိုင် ၇ ရက် (စနေနေ့)တွင် Marvel ၏ စူပါဟီးရိုးဇာတ် ကားများတွင် စပိုက်ဒါမန်းနေရာမှ ပါဝင် သရုပ်ဆောင်သူ တွမ်ဟော်လန်သည် တွစ်တာ ပေါ်တွင် ကွယ်လွန်သူစတိဗ်အား ချီးမွမ်းဂုဏ် ပြုစကားရေးသားပြောဆိုခဲ့သည်။

''ကျွန်တော်တို့အားလုံး ကျွန်တော်တို့ရဲ့ ခြေရာတွေကို ဒီကမ္ဘာကြီးမှာ ချန်ရစ်ခဲ့ကြလို သူချည်းပါပဲ။ ဒီလူကတော့ စတင်ရမှာပါ။ သူက လူပေါင်းများစွာကို ပျော်ရွှင်အောင်လုပ် ပေးနိုင်ခဲ့ပြီး ဘဝပေါင်းများစွာကို ပြောင်းလဲ စေခဲ့တယ်။ အထူးသဖြင့် ကျွန်တော့်ကိုပေါ့။ ကျေးဇူးပဲ စတိဗ်ရေ။ မင်း သေသွားခဲ့ပေမယ့် မင်းဖန်တီးခဲ့တာတွေက ရှင်သန်လျက်ပါကွာ။ ကျေးဇူးတင်ပါတယ်''ဟု တွမ်က ရေးသား ခဲ့သည်။

Marvel ၏ တရားဝင်အ ကောင့်တွင် ''ကျေးဇူးပါ စတိဗ်ရေ၊ ငြိမ်းချမ်းစွာအနားယူပါတော့''ဟု ရေး သားထားသည်။

တရားဝင်ထုတ်ပြန်သော ကြေညာစာ တစ်စောင်တွင် Marvel ၏ တီထွင်ဖန်တီးမှု အရာရှိချုပ်က ''အနည်းငယ်သောလူတစ်စုကပဲ သူတို့ဟာ သူတို့ကျွမ်းကျင်ရာနယ်ပယ်ကဏ္ဍ တစ်ခုကိုသာမက ကမ္ဘာတစ်လွှားအနုပညာ ယဉ်ကျေးမှုအပေါ် သက်ရောက်မှုရှိပြီး လမ်း သစ်ဖော်ဆောင်ပေးနိုင်ခဲ့တယ်လို့ ဆိုနိုင်စွမ်း ရှိတယ်။ ဒါပေမဲ့ စတိဗ်ကတော့ လူအများ တွေးခေါ်နေကြ သမားရိုးကျဘောင်တွေထဲက ထောင်ထွက်တွေးခေါ်ခဲ့တဲ့ အဲဒီရှားပါးတဲ့လူတွေ ထဲက တစ်ဦးအပါအဝင်ပါ။ သူ့ဘဝသက်တမ်း တစ်လျှောက် စွဲမက်ဖွယ်ကောင်းတဲ့ကာတွန်း လက်ရာတွေ၊ ဆန်းပြားတဲ့ဇာတ်ကွက်ဇာတ် လမ်း လက်ရာတွေ၊ ဆန်းပြားတဲ့ဇာတ်ကွက် ဇာတ်လမ်းတွေနဲ့ ကျွန်တော်တို့ကို ပျော်ရွှင်ကြည် နူးစေခဲ့တယ်။ သူ့ရဲ့ ဂန္ထဝင်မြောက်လက်ရာတွေ၊ အနုပညာအပေါ် သြဇာလွှမ်းမိုးမှုတွေက အမြဲ တမ်းတည်ရှိနေမှာပါ''ဟု ရေးသားထားသည်။

Marvel ဥက္ကဋ္ဌဒန်ဘာလီကလီက Marvel မိသားစုတွေက စတိဗ်ဒစ်ကို ဆုံးရှုံး ရတဲ့အတွက် ကြေကွဲဝမ်းနည်းမိပါတယ်''ဟု ထပ်လောင်းပြောဆိုခဲ့သည်။ ဒစ်ကိုနှင့် Marvel Comics ၏ အယ်ဒီ တာချုပ်စတန်လီတို့သည် Spider-Man နှင့် Doctor Strange တို့အား ပူးတွဲဖန်တီး ခဲ့သည်။

Ref;Contactmusic

Rate this item
(0 votes)
MSK

back to top