HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

သက်တော်(၇၁) နှစ်ပြည့် ဦးကိတ္ထိသာရ( ဦးဇင်း ဦးကျော်ဟိန်း)၏ မွေးနေ့အလှူအဖြစ် ရုပ်ရှင်လောကသား အချို့အား အလှူငွေများလှူဒါန်း

သက်တော်(၇၁) နှစ်ပြည့် ဦးကိတ္ထိသာရ( ဦးဇင်း ဦးကျော်ဟိန်း)၏ မွေးနေ့အလှူအဖြစ် ရုပ်ရှင်လောကသား အချို့အား အလှူငွေများလှူဒါန်း

ရန်ကုန်၊ ဇူလိုင် ၉-သက်တော် (၇၁)နှစ်ပြည့် ဦးကိတ္ထိသာရ (ဦး ဇင်းဦးကျော်ဟိန်း)၏ မွေးနေ့အလှူ အဖြစ် ရုပ်ရှင်သက်ကြီး အနုပညာ ရှင်များနှင့်ကိုလူချောအဖွဲ့ထံသို့ အလှူငွေ ၇၅ သိန်းစီ လှူဒါန်းခဲ့ ကြောင်းသိရသည်။

ယင်းကဲ့သို့ လှူဒါန်းခြင်းကို ဇူလိုင် ၉ ရက်တွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ ဦးကိတ္ထိ သာရ (ဦးဇင်းဦးကျော်ဟိန်း)၏ သားသမီးများမှ သွားရောက်လှူ ဒါန်းခဲ့ခြင်းဖြစ်သည်။

''ဦးဇင်း ဦးကျော်ဟိန်းရဲ့ မွေး နေ့အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင် သက်ကြီးမိဘတွေအတွက် ငွေ ကျပ် ၇၅ သိန်း၊ နောက်ပြီးတော့ ကိုလူချောအဖွဲ့အတွက်ကို ငွေကျပ် ၇၅ သိန်းလာလှူဒါန်းသွားတာပါ။ဦးဇင်းက ဒီနှစ်မှာ သက်တော် (၇၁)နှစ်ပြည့်မှာပါ။ ကျန်းကျန်း မာမာနဲ့နိုင်ငံခြားမှာ သီတင်းသုံး နေပေမယ့်လည်း အနုပညာလော ကအတွက်တော့ နှစ်တိုင်းနီးပါး မွေးနေ့ရောက်တာနဲ့လှူဒါန်းလေ့ ရှိပါတယ်''ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ဒုဥက္ကဋ္ဌ ဦးအေး ကြူလေးက ပြောသည်။

ဦးဇင်း ဦးကိတ္ထိသာရသည် ဇူလိုင် ၁၄ ရက်တွင် သက်တော် (၇၁)နှစ်ပြည့်မည်ဖြစ်ပြီး လက်ရှိ တွင် သြစတြေးလျနိုင်ငံတွင် သီတင်းသုံးလျက်ရှိသည်။

ဆရာတော် ဦးကိတ္ထိသာရသည် နှစ်စဉ်မွေးနေ့အလှူအဖြစ် ကိုလူ ချောအဖွဲ့ဝင်များအား ဆန်များလှူ ဒါန်းခြင်း၊ သက်ကြီးအနုပညာရှင် များအား အသုံးစရိတ်များကိုလည်း လှူဒါန်းလေ့ရှိသည်။

Rate this item
(0 votes)
MSK

back to top