HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ဟေလီဘော်လ်ဒွင်အား လက်ထပ်ခွင့်တောင်းရန် ရက်ပေါင်းများစွာ ကတည်းက ဂျပ်စတင်ဘီဘာ စီစဉ်ခဲ့

ဟေလီဘော်လ်ဒွင်အား လက်ထပ်ခွင့်တောင်းရန် ရက်ပေါင်းများစွာ ကတည်းက ဂျပ်စတင်ဘီဘာ စီစဉ်ခဲ့

ဟောလိဝုဒ်၊ ဇူလိုင် ၁ဝ

အသက် (၂၄)နှစ်အရွယ် ဂျပ်စတင်ဘီဘာနှင့် အသက် (၂၁)နှစ်အရွယ် မော်ဒယ် ဟေလီဘော်လ်ဒွင်တို့သည် လက်ထပ်ကြရန် အသင့်အနေအထား ဖြစ်နေပြီဖြစ်သည်။ ဂျပ်စတင်နှင့် နီးစပ်သူတစ်ဦးက ''ဂျပ်စတင်က ဘဟားမားကမ်းခြေ လူအများ ရှေ့မှာ လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ထားခဲ့တာ ရက်သတ္တပတ်ပေါင်းများစွာကတည်းပါ'' ဟု ပြောကြားခဲ့သည်။

ဘဟားမားကမ်းခြေ Nippers Beak & Grill စားသောက်ဆိုင်၌ ဂျပ်စတင်လာပြီး ဟေလီကို ဒူးထောက် လက်ထပ်ခွင့်မတောင်းခင် စားသောက်ဆိုင်ရှိ ဧည့်သည်များအား သူတို့အား ဓာတ်ပုံ၊ ဗီဒီယိုများမရိုက်ကြရန် တောင်းဆိုခဲ့သည်။ ယင်းနောက် ဂျပ်စတင်က ဒူးထောက်ကာ ဟေလီအား လက်ထပ်ခွင့်တောင်းခဲ့သည်။ ဟေလီကလည်း ခဏချင်းအတွင်းပင် ဂျပ်စတင်၏ လက်ထပ်ခွင့်တောင်းခံမှုကို လက်ခံခဲ့သည်။ ''ဟေလီက အပြုံးပန်းတွေနဲ့  Yes! ဟု အဖြေပေးခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး ပွေ့ဖက်ခဲ့ကြ ပြီး ၎င်းတို့ကို ဝန်းရံနေသော ပရိသတ်များက လက်ခုပ်သြဘာများဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြုခဲ့ကြတယ်''ဟု ဂျပ်စတင်နှင့် နီးစပ်သူကဆိုခဲ့သည်။ 

Ref: Contactmusic

#democracytoday

Rate this item
(0 votes)
back to top