HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ကိုင်လီဂျန်နာက သူ့နှုတ်ခမ်းအား ပြည့်ဖောင်းစေရန် ဆေးထိုးပြီး ပြုပြင်ထားမှုအား ဖယ်ရှားပစ်ခဲ့

ကိုင်လီဂျန်နာက သူ့နှုတ်ခမ်းအား ပြည့်ဖောင်းစေရန် ဆေးထိုးပြီး ပြုပြင်ထားမှုအား ဖယ်ရှားပစ်ခဲ့

လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၁ဝ

အသက် (၂ဝ)အရွယ် Reality TV Star ကိုင်လီဂျန်နာသည် သူမ၏ နှုတ်ခမ်းအား ပြည့်ပြည့်ဖောင်းဖောင်း ပုံစံရရှိရန်အတွက် ဆေးထိုးကာထည့်သွင်းထားသော Lip Filler  များအား ဖယ်ရှားလိုက်ပြီဖြစ်သည်။ အသက် (၁၅)နှစ်အရွယ်တွင် သူမ၏နှုတ်ခမ်းအရွယ်အစားနှင့်ပတ်သက်၍ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းခဲ့ရပြီး အသက် (၁၆)နှစ်မှစ၍ Lip Filler များကို အသုံးပြုခဲ့သည်ဟု ကိုင်လီဂျန်နာကဆိုသည်။

ကိုင်လီသည် တနင်္ဂနွေနေ့၌ ၎င်း၏သူငယ်ချင်း အန်နက်စတေးရှားနှင့်တွဲ၍ ဓာတ်ပုံတစ်ပုံ Instagram  တွင်တင်ခဲ့ပြီး သူမ၏ပရိသတ်တစ်ယောက်က ''ကိုင်လီက အရင်ပုံစံကိုင်လီနဲ့တူတယ်နော်''ဟု သူမ၏ ပို့စ်အောက်တွင် မှတ်ချက်ရေးသားခဲ့သည်။ ထိုအခါကိုင်လီက '' Filler တွေ အကုန်လုံးကို ဖယ်လိုက်ပြီ''ဟု ရေးသားခဲ့ပြီး အဆိုပါစာနောက်တွင် စိုးရိမ်နေသော မျက်နှာပုံစံ (emoji) သုံးခုဖြင့် နောက်တွင် ကပ်လျက်ထည့်ထားခဲ့သည်။ ယင်းနောက်တွင် ကိုင်လီအား ပရိသတ်များ၏အကောင်းမြင် အားပေးသော ကွန့်မန့်စာများဖြင့် ပြည့်နှက်သွားခဲ့သည်။ ပရိသတ်တစ်ယောက်က '' Lip Fillers  တွေ မပါဘဲနဲ့ ပိုပြီးကြည့်ကောင်းတယ်။ ပိုပြီး တော့ ငယ်တဲ့ပုံလည်း ပေါက်သလို ဒီပုံစံလေးက ပိုလှတယ်''ဟု ရေးသားခဲ့သည်။


ယမန်နေ့ည Q & A  ဗီဒီယိုတွင် သူမ၏ချစ်သူ ထရပ်ဗစ်စကော့တ်နှင့် ရရှိခဲ့သော ယခု လေးလအရွယ်ရှိပြီဖြစ်သော သမီးကလေး စတွမ်မီဝက်ဘ်စတားသည် သူမ၏နှုတ်ခမ်းပုံသဏ္ဌာန်ကို အမွေမဆက်ခံခဲ့ကြောင်းနှင့် ထိုကိစ္စအတွက် သူမ စိုးရိမ်ခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ''သမီးလေးကို ကြည့်ရင် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်နေရသလို ခံစားရတယ်။ သူလေးက ကျွန်မရဲ့အမြွှာလေးပေါ့။ အခုသူကသူ့အဖေနဲ့ ပိုတူနေတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မလုံခြုံဘူးလို့ ခံစားခဲ့ရတဲ့နှုတ်ခမ်း၊ အဲဒါကို ကျွန်မဆီကအမွေမရခဲ့ပါဘူး။ သူလေးက ကမ္ဘာပေါ်မှာ အလှဆုံးနှုတ်ခမ်းကိုရထားတယ်''ဟု ကိုင်လီက ပြောခဲ့သည်။ 

Ref: E!News

#democracytoday

Rate this item
(0 votes)
back to top