HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ဂျပ်စတင်ဘီဘာတို့ စုံတွဲ စေ့စပ်ခဲ့ပြီး နောက်တစ်နေ့တွင် အပန်းဖြေ ရွက်လှေတစ်စင်းပေါ်၌ ဆလီနာဂိုးမက်စ်ကို ပြုံးပျော်လျက်တွေ့ရ

ဂျပ်စတင်ဘီဘာတို့ စုံတွဲ စေ့စပ်ခဲ့ပြီး နောက်တစ်နေ့တွင် အပန်းဖြေ  ရွက်လှေတစ်စင်းပေါ်၌ ဆလီနာဂိုးမက်စ်ကို ပြုံးပျော်လျက်တွေ့ရ

ဟောလိဝုဒ်၊ ဇူလိုင် ၁ဝ

ဂျပ်စတင်ဘီဘာနှင့် ဟေလီဘော်လ်ဒွင်တို့ စေ့စပ်သည့်သတင်းအပြီး များမကြာမီလေးတွင် ဆလီနာဂိုးမက်စ်၏လက်ထောက်နှင့် သူငယ်ချင်းဖြစ်သူ ထရီစာမင်းဂပ်စ်က ဆလီနာနှင့် သူမတို့သူငယ်ချင်းတစ်သိုက် နယူးယောက်မြို့အနီး ဇိမ်ခံရွက်လှေ အသေးစား တစ်စင်းပေါ်တွင် လဲလျောင်းအပန်းဖြေနေသည့်ပုံနှင့် ဗီဒီယိုများအား Instagram Stories တို့ တင်ခဲ့သည်။

ဆလီနာသည် ဂျပ်စတင်တို့၏ စေ့စပ်ပွဲအကြောင်း ပြောဆိုခဲ့ခြင်း မရှိခဲ့သလို၊ ဂျပ်စတင်တို့ဘက်ကလည်း ၎င်းတို့စေ့စပ်ပွဲအကြောင်း နှင့်ပတ်သက်၍ နှုတ်ဆိတ်နေခဲ့သည်။ မီဒီယာများ၏ ရေးသားမှု ကြောင့်သာ ယခုစေ့စပ်ပွဲသတင်းအား လူအများသိခဲ့ရခြင်း ဖြစ်သည်။ ဂျပ်စတင်သည် ဟေလီအား ¤င်းတို့၏ဘဟားမား ခရီးစဉ် စနေနေ့ည၌ လက်ထပ်ခွင့်တောင်းခဲ့သည်။ သတင်းရင်းမြစ်တစ်ခုက E! News အား ''ဆလီနာသည် ဂျပ်စတင်နှင့် ဟေလီတို့အတွက် ကြောင့်နဲ့တော့ တုန်လှုပ်ချောက်ချား လိမ့်မည် မဟုတ်ကြောင်း၊ သူတို့အကြောင်းကို ဆလီနာက စိတ်ထဲမှာကို မထားဘူး''ဟု ပြောဆိုခဲ့သည်။


အဆိုပါအတွင်းလူကပင် ''ဂျပ်စတင်သတင်းတွေကို ဂရုမထားတာပါ။ ဆလီနာက သူ့ကိုယ်သူ ဂရုစိုက်ဖို့သာ စိတ်ထဲထားပြီး သူ့ခေါင်းထဲမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ တွေအတွက် နေရာမရှိပါဘူး။ ဆလီနာဟာ ဂျပ်စတင်အပေါ် အမြဲလေးစားမှုတော့ရှိမှာပါ။ ဒါပေမဲ့ သူ့အကြောင်းတွေ၊ သူဘာလုပ်နေလဲဆိုတာတွေကို သူမစဉ်းတော့တာ အတော်ကြာပါပြီ''ဟု ပြောကြားခဲ့သည်။ 

Ref: E! News

#democracytoday

Rate this item
(0 votes)
back to top