HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

''ကျွန်တော်တို့ နေရာကို ဆက်ခံမယ့် လူရွှင်တော် မျိုးဆက်သစ်တွေကို မျှော်လင့်နေပါတယ်'' ခင်လှိုင်

''ကျွန်တော်တို့ နေရာကို ဆက်ခံမယ့်  လူရွှင်တော် မျိုးဆက်သစ်တွေကို  မျှော်လင့်နေပါတယ်'' ခင်လှိုင်

ဟာသသရုပ်ဆောင် လူရွှင်တော်ခင်လှိုင်နှင့်တွေဆုံခိုက် သိလိုသည်များကို အခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။

 

မေး- ကိုယ်ရိုက်တဲ့ ဟာသဇာတ်ကားတွေတော်တော်များများက စကားလုံးလေးတွေက ပရိသတ်တွေ ကြိုက်ကြတာများတယ်။ ဘယ်လိုအားစိုက်ထုတ်မှုတွေရှိလဲ။

ဖြေ- ကျွန်တော်တို့ ဇာတ်ကားတွေမှာပြောလိုက်တာ ဟာသစကားလုံးလေးတွေကို ပရိသတ်တွေကြိုက်တယ်ဆိုရင် အရမ်းကိုဝမ်းသာပြီး ကြိုးစားရကျိုးအရမ်းနပ်ပါတယ်။ အဲဒီလိုစကားလုံးလေးတွေထည့်တယ်ဆိုတာကလည်း ကျွန်တော့်သူငယ်ချင်းဆရာ ဒါရိုက်တာ ကိုမိုက်ပြောဖူးတဲ့ ထိချက်နဲ့သွားတဲ့ သဘောပါ။ ပြောရရင် သေနတ် ပစ်သလိုပါပဲ။ အရေးကြီးတာက ထိချက်ကိုမှန်ဖို့ပဲလိုပါတယ်။ ဘာပဲလုပ်လုပ် ထိချက်ဆိုတာရှိပါတယ်။ ကျွန်တော်တို့ရဲ့ စကားလုံးတွေကိုလည်း ပရိသတ်တွေရင်ကိုထိမှန်အောင်ပစ်ရတဲ့ထိချက်တွေပဲဖြစ်ပါတယ်။ ပရိသတ်တွေကိုလည်း အရမ်းကိုကျေးဇူးတင်ပါတယ်။ ကျွန် တော့်ရဲ့စကားလုံးတွေ၊ ဟာသတွေကိုလည်း ပရိသတ်ရင်ကို အမြဲ မှန်နေအောင်ကြိုးစားပါတယ်။ 

မေး- ဇာတ်ကားတစ်ကားကောင်းအောင် ဘယ်လိုစိတ်သွင်းပြီး သရုပ် ဆောင်ဖြစ်လဲ။

ဖြေ- ကျွန်တော်တို့ဟာသဇာတ်ရုပ်တွေအများဆုံးရိုက်ကူးပေမယ့်လည်း ဂိုဏ်းစတားဇာတ်ကားတွေ ရိုက်ရင်လည်း ဟာသဇာတ်ရုပ်ကို လုံးဝမရှိအောင်ကိုလုပ်ရပါတယ်။ ဒါကလည်း ကျွန်တော် စောစော ကပြောသလို ထိချက်ပါပဲ။ ဇာတ်တစ်ခုကို အာရုံစူးစိုက်ပြီးလုပ်ရင် ဒီဇာတ်က ကိုယ့်ကိုဆွဲခေါ်သွားပါတယ်။ တကယ်လို့ ဇာတ်ကိုအာရုံ မစိုက်နိုင်ဘူးဆိုရင်တော့ ကာရိုက်တာကကောင်းလာမှာတော့ မဟုတ်ပါဘူး။ ကိုယ်က ဇာတ်ကား မှာ တစ်ခန်းပဲပါတယ်ဆို ရင်တောင် ပါတဲ့တစ်ခန်းကို သေချာလေးကောင်း အောင်လုပ်ပါတယ်။ အဓိကကတော့ အာရုံစူးစိုက်မှုနဲ့ ပြင်ဆင်မှုပဲ ဖြစ်ပါတယ်။

မေး-ကိုယ်နဲ့ညှိလို့မရတဲ့ ဒါရိုက်တာမျိုးရောရှိလား။

ဖြေ-အဲဒီလိုတော့မရှိပါဘူး။ ဟာသဇာတ်ကားအများစုက ဇာတ်ညွှန်းအတိုင်းပုံသေသွားတာမျိုးကရှားပါတယ်။ ဒါရိုက်တာနဲ့တိုင် ပင်ပြီးလုပ်ရတာများပါတယ်။ ဦးညီတို့ဆိုရင်တော့ ဒါလုပ်ဆိုရင်လုပ်မှကြိုက်တဲ့ ကျွန်တော်တို့ဆရာပါ။ အဲဒါတောင်မှ တစ်ခါတလေကျရင် ကျွန်တော်ဒါလေးထည့်မယ်လို့ ပြောလည်း မပြောရဲပါဘူး။ ကိုယ့်ဆရာဖြစ်တာလည်းပါတယ်။ ဒါရိုက်တာတစ်ယောက်တစ်မျိုးစီပေါ့။ လုံးဝညှိလို့မရတာမျိုးတော့ မရှိပါဘူး။ ဟာသဇာတ်ဆိုတာ ကလည်း တစ်ယောက်တည်း စဉ်းစားတာထက် အများနဲ့စဉ်းစားတာက ပိုကောင်းပါတယ်။

မေး- နောက်တက်လာမယ့် လူရွှင်တော်မျိုးဆက် သစ်တွေကိုရော ပြောချင်တာ ရှိမလား။

ဖြေ-ကျွန်တော်တို့ကိုယ်တိုင်လည်း မျိုးဆက်သစ် သရုပ်ဆောင်တွေကို များများရှိလာဖို့ မျှော်လင့်ပါတယ်။ တကယ်ကိုတော်တဲ့ ဟာသ၊ တကယ်ကောင်းတဲ့ သရုပ်ဆောင် တွေအများကြီးရှိစေချင်တယ်။ ကျွန် တော်တို့ဆိုတာကလည်း အချိန်တစ်ခုအပေါ်မှာ အသက်အရွယ်တစ်ခုလည်းရလာပါပြီ။ ကျွန်တော်တို့တုန်းကလည်း ကိုမော့စ်၊ ကိုမိုးဒီတို့ နောက်အခြားဝါရင့်လူရွှင် တော်တွေကလည်း သူတို့အသက်တွေကြီးလာတော့ ကျွန်တော်တို့တွေကို နေရာတွေဖယ်ပေးခဲ့တယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့နေရာတွေမှာ နေရာယူမယ့်လူငယ်တွေကို မျှော် လင့်ပါတယ်။

KZYH 

#democracytoday

Rate this item
(0 votes)
back to top