HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ယောက်ျား တစ်ယောက်ကို အဒေါ်ဖြစ်သူနဲ့ ပြိုင်ချစ်ဦးမယ့် ပိုးအိအိခန့်

ယောက်ျား တစ်ယောက်ကို အဒေါ်ဖြစ်သူနဲ့ ပြိုင်ချစ်ဦးမယ့်  ပိုးအိအိခန့်

ပထမဦးဆုံးအကြိမ် ဗီလိန်ကာရိုက်တာဖြင့် မြင်တွေ့ရဦးမယ့် သရုပ်ဆောင် ပိုးအိအိခန့်နှင့် တွေ့ဆုံမေးမြန်းခြင်း -

မေး- လတ်တလောအနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့ ပြောပြပေးပါဦး။

ဖြေ- အခုကတော့ ဒီလထဲမှာပဲ ''အထက်တန်းစား''ဆိုတဲ့ရုပ် ရှင်ဇာတ်ကားကြီးရိုက်ကူးဖို့ရှိပါတယ်။ အဲဒီဇာတ်ကားမှာ ကိုနေတိုး၊ အန်တီမြတ်ကေသီအောင်တို့၊ အန်တီစိုးမိုးကြည်တို့လည်းပါပါတယ်။ နောက်ပြီးတော့ ဗီဒီယိုဇာတ်ကားလေး တွေရှိတယ်။ နှစ်ကုန်ရင် ကိုမြင့်မြတ်နဲ့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားလည်း ရိုက်ကူးဖို့ရှိပါတယ်။

မေး- ''အထက်တန်းစား''ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ထားတဲ့ ကာရိုက်တာကိုလည်းပြောပြပေးပါဦး။

ဖြေ- အဲဒီဇာတ်ကားမှာ ပိုးအိတစ်ခါမှ သရုပ်မဆောင်ဖူးတဲ့ ဗီလိန်ကာရိုက်တာကို ရိုက်ကူးရမယ်။ အဲဒါကြောင့် ဒီဇာတ်ကား ရိုက်ကူးဖို့အတွက်လက်ခံဖြစ်ခဲ့တာပါ။ မလုပ်ဖူးတဲ့ကာရိုက်တာကို လုပ်ချင်တာပေါ့နော်။ အဒေါ်နဲ့ပြိုင်ပြီးတော့ ယောက်ျားတစ် ယောက်ကို ချစ်ရမှာပေါ့နော်။

 

မေး- ကာရိုက်တာအတွက်ကိုရော ဘယ်လိုပြင်ဆင်ထားလဲ။

ဖြေ- အဒေါ်နဲ့ပြိုင်တယ်ဆိုတာထက် အဒေါ်ဖြစ်သူရဲ့မြှောက်ပေး တာတွေပါတယ်။ အဒေါ်ဖြစ်သူနဲ့က အရမ်းအဆင်ပြေတယ်။ နှစ်ယောက်စလုံးက ကိုနေတိုးအပေါ်ကို ယုတ်မာရမှာ ပေါ့နော်။

 

မေး- အဒေါ်နေရာမှာ သရုပ်ဆောင်မြတ်ကေသီအောင်နဲ့တွဲဖက်ပြီးတော့ သရုပ်ဆောင်ရမှာဆိုတော့ သူ့ဆီက သရုပ် ဆောင်ပိုင်းနဲ့ပတ်သက်ပြီးတော့ ဘယ်လိုပညာတွေရမယ်လို့ထင်လဲ။

ဖြေ- နှစ်ယောက်အပြိုင်ကာရိုက်တာဆိုပေမယ့်လည်း အများကြီးကို သင်ယူရမှာပါ။ အန်တီမြတ်ကေသီအောင်တို့ ဆိုတာက တကယ်ကိုအနုပညာပိုင်းနဲ့ပတ်သက်ပြီးတော့ တကယ်ကိုတော်တဲ့သူတွေဖြစ်တဲ့အပြင် အရည်အချင်းလည်း ရှိကြတဲ့သူဆိုတော့ သင်ယူစရာတွေ ပညာတွေအများကြီးရမှာပါ။

 

မေး- ဗီဒီယိုလောကက အခုဆိုရင် လုံးဝပျက်လုနီးပါးဖြစ်နေတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ- ဗီဒီယိုလောကကြီး ပျက်သွားတဲ့အချိန်မှာ စိတ်ဓာတ်က အမှန်အတိုင်းပြောရရင် ကျတာပေါ့နော်။ အသစ်တစ် ယောက်အနေနဲ့ ဗီဒီယိုဇာတ်ကားတွေအများကြီးရိုက်ပြီးတော့ ပရိသတ်ရင်ထဲကိုရောက်အောင်သွားပြီးတော့မှ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူး အဲဒီလို အဆင့်ဆင့်သွားရမယ့်ဟာကို အောက်အဆင့်ကပြတ်သွားသလိုဖြစ်တာဆိုတော့ တော်တော်ကို ရပ်တည်ရတာလည်း တစ်မျိုးပဲ။ တော်သေးတာက ပိုးအိက ဒီဘက်မှာ ပညာရေးလည်းတွဲဖက်ပြီးတော့ သင်ယူနေတာကြောင့် စိတ်ကို အရမ်းအားတင်းထားရတယ်။ ဒါပေမဲ့ အနုပညာလောကသားတွေ အားလုံးကလည်း ဒီ လောကကြီးတစ်ခုလုံးပျက်စီးသွားအောင်တော့ ပစ်မထားပါဘူး။ ကြိုးစားကြမှာပါ။ အဲဒီအပေါ်မှာ ပိုးအိတို့လည်း အားတင်းထားပြီးတော့ ကောင်းတဲ့အချိန်မှာ ဘယ်လိုကြိုးစားမလဲဆိုတဲ့စိတ်တော့ အပြည့်ရှိတယ်။

NN

#democracytoday

Rate this item
(0 votes)
back to top