'အထက်တန်းစား' ရုပ်ရှင်ဇာတ်ကားကြီး ယခုလအတွင်း ရိုက်ကူးမည်

ရန်ကုန်၊ သြဂုတ် ၉
နတ်နဲ့ကနားစီးများအကြောင်းကို ဇာတ်အိမ်ဖွဲ့ ကာရိုက်ကူးမည့် ''အထက်တန်းစား'' ရုပ်ရှင်ဇာတ်ကားကြီးကို ယခုလအတွင်း ရိုက်ကူးပုံဖော်သွားမည်ဖြစ်ကြောင်း သိရသည်။ ''အထက်တန်းစား'' ရုပ်ရှင်ဇာတ်ကားကြီး ဇာတ်ကားကန်တော့ပွဲပေး ခြင်းကို သြဂုတ်လ ၈ ရက်နေ့တွင် Central Hotel ၌ ပြုလုပ်ခဲ့သည်။
''ဒီဇာတ်လမ်းက အထက်တန်း စားဆိုတဲ့အတိုင်းပဲ ထူးထူးခြားခြား ဖြစ်မှာပါ။ ထူးထူးခြားခြားဖြစ်တာက တော့ ကျွန်တော်နဲ့ နေတိုးတို့က ဗီဒီယိုဇာတ်ကားတွေ အများကြီးရိုက်ကူးခဲ့ ဖူးပေမယ့်လည်း အခုလိုမျိုး ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးတာကတော့ ပထမဦးဆုံးအကြိမ်ပါပဲ။ ပါဝင်တဲ့ သရုပ်ဆောင်တွေအားလုံးကလည်း အံဝင်ခွင်ကျဖြစ်ပါတယ်။ ဒီဇာတ်လမ်းက သီလသမာဓိရှိတဲ့ ကနားစီးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးမှာပါ။ ဒီဇာတ်လမ်းရိုက်ဖို့အတွက် ကျွန်တော်တို့တွေ လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကတည်းက ကြိုတင်ပြင်ဆင်ခဲ့ပါတယ်''ဟု ဒါရိုက်တာနေပိုင်ကပြောသည်။
ယင်းရုပ်ရှင်ဇာတ်ကားကြီးတွင် နတ်ကနားစီးတစ်ယောက်၏ ဘဝအကြောင်း အရာများ၊ အထက်တန်းစားဆိုသည့် အခေါ်အဝေါ်သည် ဘယ်လိုစိတ်ဓာတ် မျိုးရှိသူသာလျှင် သုံးစွဲသင့်သောစကား လုံးဖြစ်ကြောင်းနှင့် သီလသမာဓိရှိသော လူတစ်ယောက်အကြောင်းကို ရိုက်ကူး ပုံဖော်သွားမည်ဖြစ်ကြောင်းသိရသည်။ ''အထက်တန်းစား''ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ နေပိုင်မှ ရိုက်ကူး ပုံဖော်သွားမည်ဖြစ်ပြီး သရုပ်ဆောင် နေတိုး၊ ညီထွဋ်ခေါင်၊ သူရိယ၊ ပိုးအိအိခန့်၊ မေသဉ္ဇာဦး၊ မြတ်ကေသီအောင်၊ စိုးမိုးကြည်တို့ ပါဝင်သရုပ်ဆောင်မည် ဖြစ်ကြောင်းသိရသည်။
NN
#democracytoday