HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

''ဇာတ်ကားကောင်း တစ်ကားဖြစ်ဖို့အတွက် အချိန်ရော ငွေရောအပြင် ဇာတ်လည်းကောင်းဖို့ လိုပါတယ်'' ခင်ဇာခြည်ကျော်

''ဇာတ်ကားကောင်း တစ်ကားဖြစ်ဖို့အတွက် အချိန်ရော ငွေရောအပြင် ဇာတ်လည်းကောင်းဖို့ လိုပါတယ်'' ခင်ဇာခြည်ကျော်

အနုပညာလောကတွင်းသို့ ဒုတိယအကြိမ် ပြန်လည်ဝင်ရောက်လာပြီး
ဇာတ်ကားများစွာရိုက်ကူးနေရသည့် သရုပ်ဆောင် ခင်ဇာခြည်ကျော်နှင့်
တွေ့ဆုံမေးမြန်းခြင်း။

မေး- ဒီနှစ်ထဲမှာ မဇာလေး ပါဝင်ထားတဲ့ ရုပ်ရှင်ဘယ်နှကားလောက် ရုံတင်ဖို့ရှိလဲ။

ဖြေ- ဒီနှစ်ထဲမှာ အစ်မပါဝင်တဲ့ ဇာတ်ကားတွေရုံတင်တာဆိုရင် ရွှေကြာ၊ ဥပါဒါန်၊ ရာဇဝင်ရိုင်းခဲ့သည်၊ နောက် ဒီဇာတ်ကားလေးဖြစ်တဲ့ မင်္ဂလာခုတင်၊ နောက်လည်းတင်ဖို့ ဇာတ်ကားတွေရှိသေးတယ်။

မေး- ဇာတ်ကားတွေလည်း ရိုက်ထား တာများတာကြောင့် ဒီနှစ် အကယ်ဒမီ ရင်ခုန်လို့ရတဲ့ဇာတ်ကားမျိုးရောပါမလား။

ဖြေ- ကိုယ်က အဲဒီလိုမျှော်လင့်ပြီး ရိုက်ထားတဲ့ ဇာတ်ကားမျိုးတော့မရှိပါဘူး။ ကိုယ့်လုပ်ဆောင်ချက်တွေက ပရိသတ်တွေ နဲ့လည်း တစ်ထပ်တည်းကျမယ်။ ကိုယ်ကလည်း အကောင်းဆုံးလုပ်ပါတယ်။ အကယ်ဒမီဆိုတာကတော့ သရုပ်ဆောင်တိုင်း လိုချင်တာပါပဲ။ ဒါပေမဲ့ ကံကလည်း ရှိပါသေးတယ်။ အရမ်းကြီးရမယ်လို့ မှန်းထားတာမရှိပါဘူး။ ကံကောင်းရင်တော့ရမှာပါ။

မေး- အခုနောက်ပိုင်း ပရိသတ်တွေ ဟာသဇာတ်ကားကို တော်တော်များများ အားပေးလာကြတယ်နော်။

ဖြေ- ဟုတ်ပါတယ်။ ဟာသဇာတ်ကား တွေက ပေါကားတွေလို့ ပြောကြပေမယ့် ပရိသတ်တွေကြိုက်နှစ်သက်တာကိုလည်း တွေ့ရပါတယ်။ ပြောရရင်တော့ လူတွေက စီးပွားရေး အကျပ်အတည်းတွေနဲ့ ကြုံ တွေ့နေရတဲ့အချိန်တွေမှာ ခဏလောက် ရုပ်ရှင်ရုံထဲကိုဝင်လိုက်တဲ့အချိန်မှာ အမော လေးတော့ ပြေသွားချင်ကြမှာ။ အဲဒီဆန္ဒ ကြောင့်ပဲ ပရိသတ်တွေ တော်တော်များ များက ဒီဟာသဇာတ်ကားတွေကို ကြိုက်တယ်လို့ အစ်မကတော့ မြင်ပါတယ်။ ဟုတ်ချင်လည်းဟုတ်မယ်။ မဟုတ်ချင်လည်း မဟုတ်ပါဘူး။ 

မေး- ဇာတ်ကားတွေ အင်တာနက်ပေါ်မှ ပြန့်သွားတာတွေကိုရော ကိုယ်ရဲ့အမြင်က ဘယ်လိုရှိလဲ။

ဖြေ- ဒါကတော့ တော်တော်လေးကို ဆိုးရွားတဲ့အလုပ်လည်း ဖြစ်ပါတယ်။ အင်တာနက်မှာ ပြလိုက်ရင် နစ်နာမှုမရှိဘူးလို့ ပြောကြတာတွေလည်း ကြားရပါ တယ်။ ပြောရရင် ဒီကိစ္စဟာ ထုတ်လုပ်သူ တွေအတွက်ဆိုရင် တော်တော်လေးကို နစ်နာစရာ ဖြစ်ပါတယ်။ အဲဒါကြောင့် အစ်မကတော့ ဒီဇာတ်ကားတွေ ပေါက် သွားတာကို တော်တော်လေးကို ကန့် ကွက်ပါတယ်။

မေး- လတ်တလောမှာရော ဘာတွေ လုပ်ဖြစ်နေလဲ။

ဖြေ- လတ်တလောမှာတော့ အစ်မဒါရိုက်တာ ဦးအောင်ကိုလတ် ရိုက်ကူး နေတဲ့ ''ဆောင်းချစ်သူ''ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ မင်းသမီးအသစ်လေးရဲ့ အဒေါ် အပျိုကြီး စောင်းတီးတဲ့ဆရာမ တစ် ယောက်ကာရိုက်တာနဲ့ သရုပ်ဆောင်ထားပါတယ်။

မေး- ဇာတ်ကားကောင်းတစ်ကား ရဖို့ အတွက် ဘယ်ဟာတွေကို ရင်းနှီးမြှုပ် နှံသင့်တယ်လိုထင်လဲ။

ဖြေ- ဇာတ်ကားတစ်ကားကောင်းဖို့အတွက် အချိန်နဲ့ငွေနဲ့ကို မျှမျှတတ အသုံးချနိုင်ဖို့လိုပါတယ်။ ဇာတ်ကားကောင်းတစ်ကားဖြစ်ဖို့အတွက် အချိန်ရော ငွေ ရောအပြင် ဇာတ်လည်းကောင်းဖို့လိုပါ တယ်။ ဒါကြောင့် ဇာတ်မကောင်းရင် ဘယ်လောက်ငွေရှိရှိ အချိန်ဘယ်လောက် ပေးပေး အဆင်မပြေနိုင်ဘူးလို့ထင်ပါတယ်။ အဓိကကတော့ ဇာတ်ကောင်းဖို့ က ပိုအဓိကကျတယ်လို့ ထင်ပါတယ်။

KZYH

#democracytoday

Rate this item
(0 votes)
back to top