HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

အသက် သုံးဆယ်ပြည့်မွေးနေ့ကို အလှူအတန်းတွေ ပြုလုပ်ပြီး ဖြတ်သန်းခဲ့တဲ့ ဖွေးဖွေး

အသက် သုံးဆယ်ပြည့်မွေးနေ့ကို အလှူအတန်းတွေ ပြုလုပ်ပြီး ဖြတ်သန်းခဲ့တဲ့ ဖွေးဖွေး

သရုပ်ဆောင်ဖွေးဖွေးရဲ့ အသက်(၃ဝ)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် အလှူအတန်းများပြုလုပ်ကာ ဖြတ်သန်းခဲ့ပါတယ်။ ''ဖွေးက မွေးနေ့ကို အထူးတလည်ကြီးလုပ်လေ့မရှိဘူး။ အမှန်အတိုင်းပြောတာပါ။ အလှူလေးတိုးတိုးတိတ်တိတ်သွားလုပ်တယ်။ ညဘက်ကျရင် သူငယ်ချင်းတွေနဲ့ တစ်ခုခုစားလိုက်ကြတယ်။ အဲဒီ လောက်ပဲ။ ဖွေးရဲ့မွေးနေ့က ရှစ်လေးလုံးပြီး နောက်တစ်ရက် ကိုးရက် ရှစ်လ ရှစ်ရှစ်(၉.၈.၈၈)မှ မွေးတာဆိုတော့ အဲဒီနေ့မှာ မြန်မာပြည်က အရမ်းအဖိုးတန်တဲ့လူငယ်လေးတွေလည်း ဆုံးရှုံးလိုက်ရတဲ့နေ့ဆိုတော့ နည်းနည်းတော့ ဝမ်းနည်းတယ်''လို့ သရုပ် ဆောင် ဖွေးဖွေးကပြောပါတယ်။

သရုပ်ဆောင်ဖွေးဖွေး မွေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ စမ်းချောင်းရှိ ရှင်ငြိမ်းမယ် (မာမီကွတ်ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင်များဖောင်ဒေးရှင်းမှာ ပြုလုပ်ခဲ့ပြီး အလှူငွေများကိုလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
''လက်ဆောင်ကတော့ သူငယ်ချင်းကတော့ Bella က ဝေသစ်လွင်ကတော့ ရွှေတိဂုံဘုရားမှာ ဆီမီးတစ်သောင်း တစ်ထောင်သွားပြီးတော့ ပူဇော်ကြဖို့တော့ စီစဉ်ထားပါတယ်။မိုးမရွာရင်ပေါ့နော်။ ပရိသတ်တွေလည်း လာလို့ရပါတယ်။ မွေးနေ့ဆိုတော့လည်း အသက်ကြီးလာတယ်ပေါ့နော်။ ဘာမှ တော့ မထူးခြားပါဘူး။ ဒီနှစ်က ဖွေးအသက်(၃ဝ)ပြည့်တာ ပေါ့နော်''လို့ သူမက ဆက်လက်ပြောပါတယ်။


မွေးနေ့လမှာတော့ ဇာတ်ကားရိုက်ကူးမှုတွေကို ခဏနားထားပြီး ခရီးထွက်တာအပြင် မွေးနေ့အထိမ်းအမှတ် အလှူလေးတွေကိုလည်း လှူဒါန်းသွားမယ်လို့ သိရပါတယ်။ ''ဇာတ်ကားတွေရိုက်ကူးတာ ဆက်တိုက်ဆိုတော့ ဖွေးအရမ်းနားချင်နေပြီ။ စိတ်ပင်ပန်းနေတာဆို တော့ မွေးနေ့လမှာတော့ ဖွေးအလှူအတန်းလေး လုပ်ပြီးတော့ အလုပ်တွေနားမယ်။ ခရီးတွေ ထွက်ပြီးတော့ စိတ်အပန်းဖြေမယ်လို့လည်း စဉ်းစားထားတယ်'' လို့ သရုပ်ဆောင် ဖွေးဖွေး က ပြောပါတယ်။

NN

#democracytoday

Rate this item
(0 votes)
back to top