HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

''ခံစားချက်ထည့်ပြီး အရမ်း ဟာသ မဟုတ်တဲ့ ကာရိုက်တာမျိုးတွေက ညီမနဲ့ ပိုလိုက်တယ်။ ပိုလုပ်နိုင်တယ်လို့ ထင်တယ်'' Miss စဝ်ယွန်းဝတီဦး

''ခံစားချက်ထည့်ပြီး အရမ်း ဟာသ မဟုတ်တဲ့ ကာရိုက်တာမျိုးတွေက ညီမနဲ့ ပိုလိုက်တယ်။ ပိုလုပ်နိုင်တယ်လို့ ထင်တယ်'' Miss စဝ်ယွန်းဝတီဦး

ကိုယ်တ ကယ်ဝါသနာပါတာက အဆိုပိုင်း ဖြစ်ပေမယ့် တကယ်လုပ်ကြည့်တော့ သရုပ် ဆောင်ပိုင်းကို ပိုလုပ်နိုင်တယ်ဆိုတဲ့ Miss  စဝ်ယွန်းဝတီဦးနှင့် တွေ့ဆုံခိုက် မေးမြန်းရာ . .

 

မေး - လတ်တလောလုပ်ဖြစ်တဲ့ အနုပညာ လှုပ်ရှားမှုတွေ ပြောပြပေးပါ။

ဖြေ - အခုလက်ရှိမှာကတော့ ''ဟစ်တိုင်'' ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးထားပါတယ်။ ''လူကြီးလူကောင်းများ'' ဇာတ်ကားကတော့ နည်းနည်းကျန်နေသေးတာလေးတွေ ဆက်ရိုက်ဖို့ရှိပါသေးတယ်။ နောက် ကိုဝေကြီးသီချင်း ညီမဆိုထားတာလေးကို MTV ရိုက်သွားဖို့ ရှိပါတယ်။ သီချင်းနောက်တစ်ပုဒ်သွင်းဖို့လည်း ရှိပါတယ်။ နောက်ကြော်ငြာပိုင်းတွေလည်းရိုက်ဖို့ရှိပါတယ်။

မေး - သရုပ်ဆောင်တာမှာရော အဆင်ပြေလား။ ဝါရင့်သရုပ်ဆောင်တွေနဲ့တွဲရတော့ ပညာဘယ်လိုရလဲ။

ဖြေ - ကိုယ်ပထမသရုပ်ဆောင်တဲ့ ဇာတ်ကားမှာ ဘာမှသိပ်မလုပ်နိုင်သေးပါဘူး။ ဒုတိယ မြောက်ရိုက်တဲ့ဇာတ်ကားမှာ ကိုယ်နည်းနည်း လုပ်နိုင်လာတာကို တွေ့ရပါတယ်။ နောက် ဆရာတွေ၊ သင်ပြမှုတွေရော ဝါရင့်သရုပ်ဆောင် ကြီးတွေက လက်တွဲခေါ်တာကြောင့်လည်း ဒုတိယမြောက်ဇာတ်ကားရိုက်တဲ့အချိန်မှာ တော်တော်လေးကို အဆင်ပြေလာပါတယ်။

 

မေး - ဘယ်လိုကာရိုက်တာမျိုးကို ပိုလုပ်နိုင်မယ်လို ကိုယ့်ကိုယ်ကိုယ်ထင်လဲ။

ဖြေ - အခုအချိန်မှာတော့ အရမ်းတော့ပြော လို့မရသေးပါဘူး။ ညီမဒုတိယရိုက်တဲ့ဇာတ် ကားဆိုရင် အရမ်းကိုဒရာမာဆန်တယ်။ အရမ်းငိုရတယ်ဆိုတာကြောင့် မလုပ်နိုင်ဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ တကယ်လုပ်ကြည့်တဲ့အချိန်မှာ လုပ်နိုင်တာကို တွေ့ရတယ်။ ခံစားချက်ကို ထည့်ပြီး အရမ်းဟာသမဟုတ်တဲ့ ကာရိုက်တာ မျိုးတွေက ညီမနဲ့ ပိုလိုက်တယ် ပိုလုပ်နိုင်တယ်လို့ထင်ပါတယ်။ ဟာသကားရိုက်ရတာ ညီမအတွက် ပိုခက်ပါတယ်။

 

 

မေး - သီချင်းဆိုတာနဲ့ သရုပ်ဆောင်တာမှာ ပရိသတ်တွေက ဘာကိုပိုအားပေးကြလဲ။

ဖြေ - ညီမကိုသီချင်းဆိုတာ ပရိသတ်တွေ အားမပေးဘူးဆိုတာကလည်း စင်ပေါ်မှာ သီချင်းတက်ဆိုတဲ့အချိန်မှာ လေ့ကျင့်ချိန်သိပ် မရလိုက်ပါဘူး။ သီချင်းဆိုခါနီး တစ်ပတ် လောက်အလိုမှ ဆိုရမယ်ဆိုတာကိုသိတော့ နည်းနည်းကတိုက်ရိုက်ဖြစ်သွားတာလည်းပါတယ်။ ပြီးတော့ အသံပိုင်းကိုလည်း လေ့ကျင့် ချိန်မရလိုက်ဘူး။ နောက်သီချင်းကလည်း အနိမ့်အမြင့်များတာကြောင့်လည်း ပါပါတယ်။ ပရိသတ်တွေဖြစ်စေချင်သလောက် မဖြစ်လိုက်တာကိုလည်း တောင်းပန်ပါတယ်။ နောက်ပိုင်း အဆိုပိုင်းကိုလည်း ပိုကြိုးစားသွားမှာဖြစ်ပါတယ်။

 

မေး - ကိုယ်တိုင်ကရော သီချင်းဆိုတာကို ပိုဝါသနာပါတာလား။

ဖြေ - အစပိုင်းကတော့ ဟုတ်ပါတယ်။ လောလောဆယ်မှာတော့ ညီမသီချင်းပိုင်းကို လတ်တလောလုပ်ဖြစ်ထားတဲ့ သီချင်းနှစ်ပုဒ်ကို ပရိသတ်ကိုချပြသွားမယ်။ အဲဒီသီချင်းတွေကို ပရိသတ်အားပေးမှုအပေါ်မူတည်ပြီး သီချင်းတွေဆက် လုပ်ဖို့ရှိပါတယ်။ အရင်တုန်းက တော့ ညီမ တကယ်ဝါသနာပါတာက သီချင်းဆိုတဲ့ အပိုင်းဖြစ်ပါတယ်။ တကယ်တမ်းလုပ်ကြည့်တဲ့အခါမှာ သီချင်းဆိုတာထက် သရုပ်ဆောင်တဲ့အပိုင်းကို ပိုလုပ်နိုင်တာတွေ့ရပါတယ်။ သီချင်းဆိုတာကတော့ အခုမှစပြီးတော့ အသံပိုင်းဆိုင်ရာတွေ လေ့ကျင့်မှာဖြစ်တာကြောင့် အဆိုပိုင်းကို လိုပါ သေးတယ်။ အဲဒါ ကြောင့် သီချင်းဆိုဖို့ဆိုတာ ဖြည်းဖြည်းချင်းလုပ်သွားရမှာ ဖြစ်ပါတယ်။

KZYH

#democracytoday

Rate this item
(0 votes)
back to top