HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

စေ့စပ်တဲ့ အကြောင်း အတည်ပြုလိုက်တဲ့ လူးဝစ္စ သွန်မဆင်  

စေ့စပ်တဲ့ အကြောင်း အတည်ပြုလိုက်တဲ့ လူးဝစ္စ သွန်မဆင်   

ဟောလိဝုဒ်၊ သြဂုတ် ၁၃

အမေရိကန်လူမျိုး သရုပ်ဆောင်နှင့် ရှိုးတင်ဆက်သူ လူးဝစ္စသွန်မဆင်သည် သူမ၏ချစ်သူ ရန်းလစ်ဘီးနှင့် စေ့စပ်ထားမှုကို ထုတ်ဖော်ပြောဆိုလိုက်သည်ဟု Dailymail သတင်းက သြဂုတ် ၁၃ ရက်တွင် ဖော်ပြခဲ့သည်။ အသက် (၂၈)နှစ်အရွယ်စီ အသီးသီး ရှိနေကြ သော ၎င်းတို့နှစ်ဦးသည် ချစ်ကြည်နူးဖွယ်ရာ စေ့စပ်ပွဲကို ရန်းလစ်ဘီး၏မွေးနေ့ သြဂုတ် ၄ ရက်က လော့စ်အိန်ဂျလိစ် မြို့တွင် ပြုလုပ်ခဲ့သည်ဟုဆိုသည်။

လူးဝစ္စသွန်မဆင်က ''ရန်းနဲ့ ကျွန်မတို့ဟာ သက်ဆုံးတိုင် ငြိမ်းချမ်းစွာ အတူနေထိုင်ပြီး ဘဝအချိန်တွေအတူ ကုန်ဆုံးချင်တာပါ။ သူ့ကိုတစ်နေ့ထက်တစ်နေ့ ပိုမိုချစ်မိလာတယ်။ ဒါကိုထပ်တလဲလဲ ပြောနေမိပေမယ့် အမှန်ပါပဲ''ဟု ဆိုခဲ့သည်။ ရန်းလစ်ဘီးက ''ဒီမွေးနေ့က ကျွန်တော့်အတွက် အမြဲတမ်း အကောင်းဆုံးမွေးနေ့ပါပဲ။ ကျွန်တော့်ကို လက်ထပ်ပါ သွန်မဆင်''ဟု ဆိုခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။ ၎င်းတို့နှစ်ဦး ၂ဝ၁၆ ခုနှစ်က စတင်တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

Ref: Dailymail

#democracytoday

Rate this item
(0 votes)
back to top