HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

CMT ၏ တစ်နှစ်တာ အမျိုးသမီး အနုပညာရှင်ဆု ကယ်ရီအန်ဒါဝုဒ် ချီးမြှင့်ခံရ  

CMT ၏ တစ်နှစ်တာ အမျိုးသမီး အနုပညာရှင်ဆု ကယ်ရီအန်ဒါဝုဒ် ချီးမြှင့်ခံရ   

လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၁၂

ကမ္ဘာကျော် အမေရိကန်လူမျိုး ကန်ထရီးအဆိုကျော် ကယ်ရီအန်ဒါဝုဒ်သည် အမေရိကန်နိုင်ငံ CMT (Country Music Television) မှ ချီးမြှင့်သည့် ၂ဝ၁၈ ခုနှစ်၏ တစ်နှစ်တာ အမျိုးသမီးအနုပညာရှင်ဆု (၂ဝ၁၈) အား မြောက်မြားစွာသော အမျိုးသမီးအနုပညာများစွာထဲမှနေ၍ ရွေးချယ်ချီးမြှင့်ခံခဲ့ရသည်ဟု CNN ၏ စက်တင်ဘာ ၁၂ ရက်သတင်းအရ သိရသည်။

CMT ဆုကကြေညာရာတွင် ''ယခုနဲ့ နောင်အနာဂတ် ကန်းထရီးဂီတလောကအတွက် အကျိုးပြုမယ့် အမျိုးသမီးအနုပညာရှင်မို့ ဆုချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တာပါ''ဟု ထည့်သွင်းဖော်ပြခဲ့သည်။ CMTရှိ ဂီတနှင့် ပါရမီဆိုင်ရာဌာန၏ Vice-President က ''ကယ်ရီအန်ဒါဝုဒ်ဟာ ဒီနှစ်ရဲ့ အထူးခြားဆုံးအနုပညာရှင်အမျိုးသမီး၊ လူ့အဖွဲ့အစည်းအတွက် အကြီးမားဆုံးပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်ခဲ့သူတစ်ဦး၊ ဆက်ပြီးလည်း ဂီတလောကအတွက် စွမ်းဆောင်နိုင်မယ့်သူလို့ ယုံကြည်မျှော်လင့်တယ်''ဟု ပြောကြားခဲ့သည်။


ကယ်ရီသည် နောက်လတွင် မာယန်ဒါလန်းဘက်၊ ကယ်လ်ဆီခ်ဘယ်လီနီ၊ မာရန် မောရစ်စသော အမျိုးသမီးအဆိုတော်များနှင့်တွဲ၍ ဂီတရှိုးတစ်ခုပြုလုပ်ရန် စီစဉ်နေသည်။ CMT ၏ ဂီတဆုပေးပွဲကို လာမည့် အောက်တိုဘာ ၁၇ ရက်တွင် ကျင်းမည်ဖြစ် သည်။ 

Ref; CNN

#democracytoday

Rate this item
(0 votes)
back to top