HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

BIG BANG က ယူကျု၏ ကြည့်ရှုသူ အများဆုံး စာရင်းဝင် ဒိုင်းမွန်း ပလေးဘာတွန် ရရှိ

BIG BANG က ယူကျု၏ ကြည့်ရှုသူ အများဆုံး စာရင်းဝင် ဒိုင်းမွန်း ပလေးဘာတွန် ရရှိ

ဆိုးလ်၊ စက်တင်ဘာ ၁၂

နာမည်ကျော်ကေပေါ့ပ်ဂီတအဖွဲ့ BIG BANG  ၏ ဂီတဗီဒီယိုများသည် ယူကျုတွင် ကြည့်ရှုသူပေါင်း သန်းတစ်ထောင်ကျော်သွားပြီဖြစ်သဖြင့် ယူကျုချန်နယ်၏ ကြည့်ရှုသူအများဆုံးစာရင်းဝင်ဖြစ်သွားပြီဟု ၎င်းတို့၏အင်နာ တိန်းမန့် YG ကပြောကြားခဲ့ ကြောင်း Yonhap သတင်းက စက်တင်ဘာ ၁၂ ရက်တွင် ဖော်ပြခဲ့သည်။

BIG BANG အဖွဲ့သည် ယူကျု၏ ကြည့်ရှုသူ အများဆုံးစာရင်းဝင် '' Diamond Play Button '' ရရှိခဲ့ပြီး '' Creator Award '' စာရင်း ဝင်ခဲ့ခြင်းဖြစ်သည်။ ယင်းမှာ ၎င်းတို့အဖွဲ့၏ ပထမဆုံးတေးအယ်လ်ဘမ် စတင်ထွက်ရှိချိန်မှ ၁၂ နှစ်အတွင်း ဝမ်းသာစရာအကောင်းဆုံးသတင်း တစ်ပုဒ် ဖြစ်သည်ဟုလည်း ဆိုသည်။ BIG BANG အဖွဲ့ ၏ ယူကျုတွင် လူကြည့်အများဆုံးသီချင်းမှာ '' Fantastic Baby ''နှင့် '' Bang Bang Bang'' တို့ဖြစ်ပြီး ယူကျုတွင် အကြိမ်ရေ သန်း ၃ဝဝ အထိ ကြည့်ရှုခဲ့ကြသည်။ BIG BANG အဖွဲ့သည် G-Dragon, T.O.P, Taeyong, Daesung, Seangri တို့ အဖွဲ့ဝင်ငါးဦး ဖြင့် ၂ဝဝ၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး မီဒီယာများက ၎င်းတို့ကို ကေပေါ့ပ်ဘုရင်များဟု တင်စားခေါ်ဝေါ်ကြသည်။

Ref:Yonhap

#democracytoday

Rate this item
(0 votes)
back to top