HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

'ငွေတစ်ခုတည်းကိုပဲကြည့်ပြီး ဟာသဇာတ်ကားတွေကိုပဲ ရိုက်ပြီးတော့ အနုပညာဘဝတစ်ခုကို ရပ်တည်လို့မရဘူး'   နေတိုး

'ငွေတစ်ခုတည်းကိုပဲကြည့်ပြီး ဟာသဇာတ်ကားတွေကိုပဲ ရိုက်ပြီးတော့ အနုပညာဘဝတစ်ခုကို ရပ်တည်လို့မရဘူး'     နေတိုး

လတ်တလောဇာတ်ကားရိုက်ကူးရမှုအခြေအနေများနှင့်ပတ် သက်ပြီး သရုပ်ဆောင် နေတိုးနှင့် တွေ့ဆုံမေးမြန်းခြင်း..။

မေး- ဒီနှစ်ထဲမှာ ရုံတင်ဇာတ်ကားနည်းတယ်နော်။ နောက်ထပ် ရုံတင်ပြသဖို့ရောရှိဦးမလား။

ဖြေ-တည်ကြက် ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်ဖို့အတွက် ရုံတင်ရက်ရထားပြီးပါပြီ။ အဲဒီဇာတ်ကားကတော့ ဒီနှစ်ထဲမှာ 'တိမ် တိုက်တံတား'ရုပ်ရှင်ဇာတ်ကားကြီးပြီးတော့ နောက်ထပ်ကြည့်ရမယ့် ကျွန်တော်ရဲ့ရုပ်ရှင်ဇာတ်ကားပေါ့နော်။

မေး-'တည်ကြက် 'ရုပ်ရှင်ဇာတ်ကားမှာရော ဘယ်လိုကာရိုက် တာမျိုးနဲ့မြင်တွေ့ရမလဲ။

ဖြေ-အဲဒီဇာတ်ကားမှာကတော့ လမ်းပြတစ်ယောက်ရဲ့ကာရိုက် တာပေါ့နော်။ ခရီးသွားတွေလိုချင်တဲ့နေရာကို လိုက်ပြပေးရတဲ့ လမ်းပြတစ်ယောက်ပေါ့နော်။ စွန့်စားရတဲ့ ဇာတ်ကောင်စရိုက်ပါပဲ။ပုံစံကတော့ စွန့်စားခန်းတွေပါဝင်တဲ့ ဇာတ်ကောင်ကတော့ ကျွန် တော်ငယ်ငယ်တုန်းက ဗီဒီယိုခေတ်ဦးတုန်းကတော့ရိုက်ဖူးတယ်။တောတောင်ရေမြေသဘာဝတွေနဲ့ဖန်တီးထားတဲ့ နည်းနည်းစွန့် စားမှုတွေပါဝင်တဲ့ ဇာတ်ကားကတော့ ရုပ်ရှင်မှာပရိသတ်တွေ ပထမဦးဆုံးမြင်တွေ့ရမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။

 

မေး- ဟာသဇာတ်ကားတွေ အရိုက်များလာတဲ့အပေါ်မှာရော အနုပညာရှင်တစ်ယောက်အနေနဲ့ ဘယ်လိုထင်မြင်မိလဲ။

ဖြေ-ရုပ်ရှင်က ဖျော်ဖြေရေးသက်သက် Entertainment အနေနဲ့ ရိုက်ကူးရတဲ့ဇာတ်ကားတွေလည်းရှိသလို ရုပ်ရှင်ကြည့်ကြတဲ့ ပရိ သတ်တွေအတွက် ရုပ်ရှင်ဇာတ်ကားတစ်ကားကနေရသွားနိုင်တဲ့ ဗဟုသုတတွေ အတွေးအခေါ်၊ အယူအဆတွေ စိတ်ထဲမှာ ကြည့်ရှု သူပရိသတ်တွေဆင့်ပွားပြီးတော့ တွေးခေါ်သွားနိုင်တဲ့ ကောင်းတဲ့ ရည်ရွယ်ချက်၊ ကောင်းတဲ့စိတ်ဓာတ်မျိုးတွေရ သွားနိုင်အောင်၊ သတိပြုမိအောင်၊ ဆင်ခြင်မိအောင်လို့လည်း ကျွန်တော်တို့က တစ်ခါတလေကျရင် လမ်းပြပေးရတာရှိ တယ်။ စာပေကနေရတဲ့ အကြောင်းအရာတွေ၊ ဗဟုသုတ တွေကိုလည်း ရုပ်ရှင်အဖြစ် ပြန်လည်ပြောင်းလဲတည်ဆောက် ရတဲ့အပိုင်းတွေလည်းရှိပါတယ်။ အဲဒီအခါကျတော့ ရုပ်ရှင် ကို ကြည့်ရင်းနဲ့ အတွေးအခေါ်အယူအဆတွေရသွားတယ်ဆို ရင်တော့ ပရိသတ်တွေအတွက်တန်တယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။

 

အဲဒါကြောင့်လည်း အမြဲတမ်းဖျော်ဖြေရေးကိုပဲ ဦးတည် နေတဲ့ဇာတ်ကားတွေ ရှိသလို၊ ဖျော်ဖြေရေးနဲ့ပေါင်းပြီးတော့ အသိ ပညာပေးရတဲ့ ဇာတ်ကားတွေ ရိုက်ကူးရတာလည်းရှိပါတယ်။ လုံး လုံးကြီး အနုပညာကိုပဲ ဦးစားပေးတဲ့ဇာတ်ကားတွေကိုပဲ ရိုက်ကူးရ တာလည်းရှိပါတယ်။ ဘာသာရေးအမြင်တွေ၊ ရိုးရာယဉ်ကျေးမှုနဲ့ ဆက်နွှယ်နေတဲ့ မဖြစ်မနေ ရုပ်ရှင်အဖြစ်ရှိနေသင့်တဲ့ဇာတ်ကား တွေကိုကျတော့လည်း ကျွန်တော်တို့အနေနဲ့ပစ်ပယ်လို့မရဘူး။ ငွေ ရေးကြေးရေးတစ်ခုတည်းကိုပဲကြည့်ပြီးတော့ ရယ်စရာဟာသဇာတ် ကားတွေကိုပဲ ရိုက်မယ်ဆိုပြီးတော့ အနုပညာဘဝတစ်ခုကိုရပ်တည် လို့မရဘူး။ အနုပညာလမ်းကြောင်းကို လျှောက်လှမ်းတဲ့အချိန်မှ မိ မိရွေးချယ်တဲ့လမ်းကြောင်းကနေပြီးတော့ မိမိရဲ့ပရိသတ်တွေအ တွက်လည်း တန်ဖိုးရှိစေဖို့လိုပါတယ်။

NN

#democracytoday

Rate this item
(0 votes)
back to top