HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

နယူးယောက် တရုတ်ဖက်ရှင်ရှိုးကို ချီးမွမ်းခဲ့တဲ့ပဲ ရစ်ဟယ်လီတန်  

နယူးယောက် တရုတ်ဖက်ရှင်ရှိုးကို  ချီးမွမ်းခဲ့တဲ့ပဲ ရစ်ဟယ်လီတန်   

နယူးယောက်၊ စက်တင်ဘာ ၁၃

အမေရိကန် နာမည်ကျော်မော်ဒယ်နှင့် သရုပ်ဆောင် ပဲရစ်ဟယ်လီတန်သည် စက် တင်ဘာ ဒုတိယပတ်က နယူးယောက်၌ ကျင်းပခဲ့သည့် တရုတ်ဖက်ရှင်ရှိုး '' Jasime '' သို့ တက်ရောက်ခဲ့ပြီး နှစ်ခြိုက်စွာချီးမွမ်းအားပေးခဲ့သည်ဟု ဆင်ဟွာသတင်းက ဆိုသည်။

ပဲရစ်က ''လှပတဲ့၊ အရောင်စုံတဲ့၊ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ တရုတ်ဖက် ရှင်တွေပါ။ ကမ္ဘာ့ဖက်ရှင်တွေကို ယှဉ်နိုင်တဲ့အထိ အရှေ့နဲ့အနောက် ဖက်ရှင်တွေ ကိုပေါင်းစပ်အားကောင်းလွန်းတယ်။ ကျွန်မ '' Jasime '' ဖက်ရှင်ရှိုးက ဒီဇိုင်း တွေကိုချစ်တယ်။ ဒီရှိုးက လိပ်ပြာဒီဇိုင်းတွေကို ကျွန်မအကြိုက်ဆုံးပဲ''ဟု ချီးမွမ်း စကားဆိုခဲ့သည်။ ''ဒီဝတ်စုံတွေက ဖက်ရှင်ကျတဲ့ ကာလာတွေနဲ့ပြည့်စုံတယ်။ အလုပ်၊ ချိန်းတွေ့ တာ၊ ညစာစားဖို့နဲ့ ကလပ်တက်ဖို့ အားလုံးအတွက် ပြည့်စုံစွာ ဖန်တီးထားတာပဲ သိပ်ကြိုက်တယ်''ဟုလည်း သူမက ထပ်ပြောခဲ့သည်။

 

ယင်းပွဲစီစဉ်သူ ကွင်န်က ''ကျွန်မတို့ရဲ့ ဖက်ရှင်တွေဟာ စိတ်ပိုင်းဆိုင်ရာခံစားချက် တွေပါ ထည့်သွင်းစဉ်းစားပေါင်းစပ်ဖန်တီးထားတာပါ''ဟု ဆိုသည်။ ယင်းဖက်ရှင်ပွဲကို NBC နှင့် CBS စသော နာမည်ကျော်ရုပ်သံလိုင်းများက လာရောက်သတင်းယူ၍ Live လွှင့်ခဲ့ကြကြောင်းလည်း သိရသည်။

Ref : Xinhua

Rate this item
(0 votes)
back to top