HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

(၂၇)ကြိမ်မြောက် ဥရောပရုပ်ရှင်ပွဲတော်တွင် ဆုများရရှိထားသော ဥရောပရုပ်ရှင်ဇာတ်ကား ၁၇ ကား ပြသမည်  

(၂၇)ကြိမ်မြောက် ဥရောပရုပ်ရှင်ပွဲတော်တွင် ဆုများရရှိထားသော ဥရောပရုပ်ရှင်ဇာတ်ကား ၁၇ ကား ပြသမည်   

ရန်ကုန်၊ စက်တင်ဘာ ၁၃-အော် စကာဆုနှင့်ရွှေကမ္ဘာလုံးဆုများအ ပါအဝင် ရုပ်ရှင်ဆုများရရှိထား သော ဥရောပရုပ်ရှင်ဇာတ်ကား ၁၇ ကားကို (၂၇)ကြိမ်မြောက် ဥရောပရုပ်ရှင်ပွဲတော်တွင် ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။ (၂၇)ကြိမ်မြောက် ဥရောပ ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ ၂၁ ရက်မှစတင်ကာ ၃ဝ ရက် အထိ နေပြည်တော်ရုပ်ရှင်ရုံနှင့် Goethe Villa တွင် အခမဲ့ပြုလုပ်သွားမည် ဖြစ်သည်။

''ဥရောပရုပ်ရှင်ဇာတ်ကား တိုင်းက ထူးခြားတဲ့ပုံစံတွေရှိပါ တယ်။ ဇာတ်လမ်းကို ခန့်မှန်းရခက် သလို သူရဲကောင်းတွေလိုမျိုး ဇာတ် လမ်းတွေလည်း မရှိသလောက် ပါပဲ။ ဒါပေမဲ့လည်း အဲဒီအချက် တွေကြောင့်ပဲ ဥရောပရုပ်ရှင် ဇာတ်လမ်းတွေကို လူတိုင်းနှီးနွယ် ခံစားနိုင်တဲ့အတွက် လူတွေရဲ့ ဇာတ်လမ်းအပေါ် ဘာဆက်ဖြစ်မ လဲဆိုတဲ့ သိလိုစိတ်က ပိုပြီးတော့ ဖြစ်စေပါတယ်''ဟု မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး H.E Kristian Schmidt  ကပြော သည်။ ယခုနှစ်ရုပ်ရှင်ပွဲတော်တွင် ရိုမန့်တစ်ဇာတ်ကားများ၊ jazz  ဂီတနှင့်ပတ်သက်သည်များ၊ စာ သင်ခန်းအတွင်း စစ်မြေပြင်များ၊ အချစ်နဲ့ဘဝ၊ ပျော်ရွှင်စရာနှင့် ဝမ်း နည်းစရာ၊ ပြင်းပြသော ရည်မှန်း ချက်များအစရှိသည့် ဥရောပလူ့ အဖွဲ့အစည်း၊ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းများကို ထင်ဟပ်ပြ သစေမည့် ရုပ်ရှင်ဇာတ်ကားများ ကို ပြသသွားမည်ဖြစ်ကြောင်း သိ ရသည်။


ဥရောပရုပ်ရှင်ပွဲတော်သည် မြန်မာနိုင်ငံတွင်ပြုလုပ်သည့် ရုပ်ရှင် ပွဲတော်များအနက် ပွဲတော်သက် အရှည်ဆုံးရုပ်ရှင်ပွဲတော်ဖြစ်သည်။  ရုပ်ရှင်ပွဲတော်ပြုလုပ်ရခြင်း ၏အဓိက ရည်ရွယ်ချက် ဥရောပ နိုင်ငံတွေနဲ့ မြန်မာနိုင်ငံ ယဉ်ကျေး မှုအရသော်လည်းကောင်း၊သံတ မန်ရေးရာအရသော်လည်းကောင်း၊ ရုပ်ရှင်ဇာတ်ကားများကိုလဲလှယ်လိုခြင်းနှင့်ကွဲပြားမှုများကို စုစည်း ခြင်းဟူသော ရည်ရွယ်ချက်များ ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရ သည်။ ''ရုပ်ရှင်တွေကနေတစ်ဆင့် ကမ္ဘာကြီးကို ရှုမြင်နိုင်တယ်။ ရုပ် ရှင်တွေက ကမ္ဘာကြီးကိုရှုမြင်နိုင် တဲ့ အကောင်းဆုံးပြတင်းပေါက် တွေပဲ။ ရုပ်ရှင်တွေဟာ ကျွန်မတို့ကို နေရာသစ်တွေ၊ မတူညီတဲ့ ယဉ် ကျေးမှုသစ်တွေဆီကို ခေါ်ဆောင် သွားတယ်။ အနုပညာဆိုတာက လည်း လူမျိုးတစ်မျိုးနဲ့တစ်မျိုးကို ဆက်သွယ်ပေးနိုင်သလို သင်ကြား မှု၊ သင်ယူမှုတွေကိုလည်း လုပ် နိုင်စေတဲ့အပြင် ငြိမ်းချမ်းမှုတွေ ကို ဆောင်ကြဉ်းပေးနိုင်တဲ့ အ ကောင်းဆုံးသော ကြားခံပလက် ဖောင်းတစ်ခုလို့ ပြောလို့ရပါတယ်။ ဥရောပရုပ်ရှင်တွေကနေတစ်ဆင့် ကျွန်မတို့ရုပ်ရှင်ဇာတ်ကားတွေ ကို ဘယ်လိုကွဲထွက်အောင်လုပ် နိုင်မလဲဆိုတာကို လေ့လာလို့ရပါ တယ်''ဟု ဥရောပရုပ်ရှင်ပွဲတော် ဖြစ်မြောက်ရန် ကူညီဆောင်ရွက် ပေးသော သရုပ်ဆောင် ဒေါ်ဆွေ ဇင်ထိုက် ကပြောသည်။


ဥရောပရုပ်ရှင်ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံတွင် ပြုလုပ်လေ့ရှိပြီး ဥရောပနိုင်ငံများ ဖြစ်သော သြစတြီးယား၊ ဘယ်လ် ဂျီယံ၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ဂျာမနီ၊ အစ္စရေး၊ အီတလီ၊ နယ်သာလန်၊ နော်ဝေ၊ ပိုလန်၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်နှင့် ယူကေ နိုင်ငံမှ ရုပ်ရှင်ဇာတ်ကားများကို ပြသသွားမည်ဖြစ်သည်။ ဥရောပရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံတွင် ပြုလုပ်နိုင်ရန်အ တွက် ရန်ကုန်မြို့ရှိသံရုံးတချို့မှ ဦးဆောင်ကာ ၁၉၉၁ ခုနှစ်မှစတင် ပြီ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

NN

#democracytoday

Rate this item
(0 votes)
back to top