HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

''ကျွန်တော်တို့ သီချင်းတွေကို ကြိုက်လို့ သီဆိုတဲ့အပေါ်မှာ မူပိုင်ခွင့်တွေ ဘာတွေကို သိပ်ပြီးတော့ ခံစားချက်မရှိဘူး'' ဂျေမောင်မောင်

''ကျွန်တော်တို့ သီချင်းတွေကို  ကြိုက်လို့ သီဆိုတဲ့အပေါ်မှာ မူပိုင်ခွင့်တွေ ဘာတွေကို သိပ်ပြီးတော့ ခံစားချက်မရှိဘူး''  ဂျေမောင်မောင်

တေးသံရှင် ဂျေမောင်မောင်၏ ဂီတလှုပ်ရှားမှုများအပြင် မူပိုင်ခွင့် ချိုးဖောက်ခံ ရမှုများနှင့်ပတ်သက်ပြီး သဘောထား အ မြင်များကို ယခုလိုပဲ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။

မေး- လိမ္မော်ရောင်ကောလိပ် ဂီတညဖျော်ဖြေပွဲမှာ ပါဝင်ဖြစ်တာနဲ့ ပတ်သက်ပြီးတော့ ပြောပြပေး ပါဦး။

ဖြေ- လိမ္မော်ရောင်ကောလိပ် ဂီတည ဖျော်ဖြေပွဲကို မနှစ်တုန်း ကလည်း ကျွန်တော် ပါဝင်ခဲ့ပါတယ်။ အခု ဒီနှစ်မှာလည်း ထပ်မံ ပြီးတော့ ပါဝင်ဖို့ ဖိတ်ကြားလာတဲ့ အတွက်ကြောင့် ကျွန်တော် ပါဝင် ဖြစ်တာပါ။

မေး- ဖျော်ဖြေပွဲအတွက် သီချင်းတွေကိုရော ဘယ်လိုစီစဉ်ထားလဲ။

ဖြေ- သီချင်းတွေကိုတော့ အတွဲသီချင်း လေးတွေပါမယ်။ နောက်ပြီးတော့ ကိုကိုင်ဇာရဲ့ ကျောင်းသီချင်းလေးတွေကိုလည်း တွဲဖက်ပြီးတော့ သီဆိုဖို့စီစဉ်ထားပါတယ်။ ပါဝင်သီဆိုကြမယ့်သူ တွေကတော့ တော်တော်ကိုများတယ်။ တီးဝိုင်းကလည်း နှစ်ဝိုင်းနဲ့ တီးခတ်မှာ ဖြစ်တယ်။ အခုလောလောဆယ်က တော့ အကြမ်းဖျင်းတော့ တစ်ယောက်ကို နှစ်ပုဒ် သီဆိုကြမယ်။ သီဆိုကြမယ့် အဆိုတော်တွေက အယောက် ၂ဝ လောက် ရှိတယ်။


မေး- မနှစ်တုန်းက ဖျော်ဖြေပွဲကလည်း ကြည့်ရှုသူများတဲ့အတွက် နေရာမရတာ တွေ အခက်အခဲလေးလည်း ရှိခဲ့တယ်ဆို တော့ ဒီနှစ်ကိုရော ဘယ်လိုစီစဉ်ထားလဲ။

ဖြေ- မနှစ်တုန်းကဆိုရင်လည်း ဒီဖျော်ဖြေ ပွဲကအရမ်းကို အောင်မြင်တာပေါ့နော်။ ဒီဖျော်ဖြေပွဲကလည်း ကျွန်တော်တို့ ငယ်ငယ်တုန်းက သင်ကြားပြသပေးခဲ့ကြတဲ့ တက္ကသိုလ်က ဆရာမတွေကို ပြန်ပြီး တော့ ပူဇော်ကန်တော့ဖို့နဲ့ ဆရာ၊ ဆရာမ အယောက် ၆ဝဝ လောက်ကို ကန်တော့မယ်။ ပြီးတော့ ဆရာတွေရဲ့ ဆေးဝါးကုသဖို့အတွက်ကိုလည်း ရန်ပုံငွေ ရှာတာပေါ့နော်။ မနှစ်တုန်းက ပထမဦးဆုံးလုပ်တဲ့အချိန်မှာ အရမ်းကို အောင်မြင်ခဲ့တာကြောင့် ဒီနှစ်မှာလည်း ဆရာ၊ ဆရာမတွေကို ကန်တော့နိုင်ဖို့အတွက် ထပ်ပြီးတော့ စီစဉ်တာပါ။ ဒီနှစ်မှာဆိုရင် ဖျော်ဖြေပွဲလုပ်မယ့်နေရာကလည်း အရင်နှစ်ကထက် ပိုပြီးတော့ နေရာကျယ်ဝန်းတယ်။ မနှစ်တုန်းကကျတော့ နေရာက နည်းနည်း အဆင်မပြေတော့ မကြည့်လိုက်ရတဲ့ ပရိသတ်တွေလည်းရှိတယ်။ အဲဒါကြောင့် အခုနှစ်မှာတော့ နေရာကို ကျယ်ကျယ်ဝန်းဝန်းနဲ့ ပြောင်းလဲ ကျင်းပလိုက်တာပါ။


မေး- အခုနောက်ပိုင်းဆိုရင် တေးရေး၊ တေးဆိုတွေအနေနဲ့ မူပိုင်ခွင့်ပိုင်းနဲ့ ပတ် သက်ပြီးတော့ ထိခိုက်နစ်နာမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။ အဲဒီအပေါ် မှာ သဘောထားအမြင်လေး သိပါရစေ။

ဖြေ- ကျွန်တော်ကတော့ အဲဒီအပေါ်မှာ ခံစားချက်မရှိဘူးဗျာ။ သီချင်းတစ်ပုဒ် ကို ကျွန်တော်တို့က ဆိုလိုက်ကြ၊ ရေးလိုက်ကြပြီဆိုရင် အဲဒီသီချင်းကို သဘောကျတဲ့သူပေါ့နော်။ အဲဒီသဘောကျတဲ့သူကလည်း အမှိုက်တွန်းလှည်းသမားလည်း ဖြစ် ချင်ဖြစ်မယ်။ ရှင်ဘုရင် ဖြစ်ချင်လည်းဖြစ်မယ်။ အဲဒီသီချင်းကိုဆိုကြမှာပေါ့နော်။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ကျွန်တော်တို့ငယ်ငယ်တုန်းက ကြားခဲ့ရတဲ့ သီချင်း တွေပေါ့နော်။ တွံတေးသိန်းတန်ရဲ့ သီချင်းတွေပဲဖြစ်ဖြစ်၊ ဝင်းဦရဲ့သီချင်းတွေပဲဖြစ်ဖြစ် ကျွန်တော်တို့ကြိုက်တဲ့ သီချင်းကိုဆိုကြတယ်လေ။

အဲဒီတော့ ကျွန်တော်တို့ သီချင်း တွေကို ကြိုက်လို့ သီဆိုတဲ့အပေါ်မှာ မူပိုင်ခွင့်တွေ ဘာတွေကို သိပ်ပြီးတော့ ခံစားချက်မရှိဘူး။ ကျွန်တော်က ကျွန်တော့် သီချင်းတွေကို လမ်းပေါ် လူအော်ဆိုနေရင်တောင် ကျေနပ်တယ်။ ဝမ်းသာပီတိဖြစ်တယ်။ ကျွန်တော်ရေးလိုက်တဲ့သီချင်း၊ ကျွန်တော်ဆိုလိုက်တဲ့သီချင်းကို ကြိုက်လို့ဆိုရင်ကိုကျေနပ်တယ်။ ဆိုတယ်ဆိုတာကလည်း အဲဒီသီချင်းကို ကြိုက်လို့ဆိုတာလေ။ မကြိုက်ရင်ဘယ်ဆိုနေမလဲ။ အဲဒါကတော့ ကျွန်တော့်ခံစားချက်ပါပဲ။ တချို့တွေကလည်း ပွဲတွေမှာသီဆိုဖို့၊ ယှဉ်ပြိုင်ဖို့အတွက် အသိပေးတာတွေတော့ရှိ ပါတယ်။ အသိမပေးတာတွေလည်းရှိပါတယ်။ ဒါပေမဲ့ နောက်ကျရင်တော့ ပြန်သိရတာ တွေတော့ရှိပါတယ်။ ဒါပေမဲ့ အဲဒီအပေါ်မှာ ဘာမှမဖြစ်ပါဘူး။ 

NN

#democracytoday

Rate this item
(0 votes)
back to top