HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

'ပြည်သူတွေ မျှော်လင့်နေသလိုမျိုး ဗိုလ်ချုပ်ရုပ်ရှင်ကို တကယ်ကိုခံ့ခံ့ထည်ထည် ကြွားကြွားဝါဝါဖြစ်အောင် အဆင့်အတန်း ရှိအောင်လို့ ရိုက်ကူးသွားမယ်' - လူ မ င်း

'ပြည်သူတွေ မျှော်လင့်နေသလိုမျိုး ဗိုလ်ချုပ်ရုပ်ရှင်ကို တကယ်ကိုခံ့ခံ့ထည်ထည် ကြွားကြွားဝါဝါဖြစ်အောင် အဆင့်အတန်း ရှိအောင်လို့ ရိုက်ကူးသွားမယ်'   - လူ မ င်း

ဗိုလ်ချုပ်အောင်ဆန်းအတ္ထု ပ္ပတ္တိရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးမည့် ဒါရိုက်တာ/သရုပ်ဆောင် လူမင်းနှင့် တွေ့ဆုံကာ ယခုလိုပဲမေးမြန်း ဖြစ်ခဲ့ပါသည်။

 

မေး-ဒါရိုက်တာအနေနဲ့ ဗိုလ်ချုပ်ရုပ်ရှင်ကို ရိုက်ကူးရတော့မယ်ဆို တော့ ဘာတွေလုပ်ဆောင်သွား မလဲ။

ဖြေ-အခုဟာက ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးဖို့အတွက် တာဝန်က ကျွန် တော့်ပခုံးပေါ်ကိုရောက်လာပါပြီ။ ကျွန်တော်လုပ်မယ့်ပုံစံကတော့ ပထမကြေညာထားတဲ့အတိုင်း ၂ဝ၁၉ ခုနှစ်အတွင်းမှာရိုက်ကူး တည်းဖြတ်ရေးလုပ်ငန်းကို အပြီးအစီးလုပ်ပြီးတော့ ၂ဝ၂ဝ ခုနှစ်မှာ ရုံတင်ပြသနိုင်မယ်ဖို့အတွက်ကို ဆောင်ရွက်ရမယ်။ လုပ်ရမယ့်ဟာကတော့ အခုမှစပြီးတော့ ဇာတ်ညွှန်းကိုပြန်ပြီးတော့ ကကြီးကနေ စပြန်ရေးမယ်ဆိုရင် အနည်းဆုံးတစ်နှစ်၊ နှစ်နှစ်လောက်တော့ကြာမယ်။ အဲဒီတော့ အဆင့်သင့်ပြီးပြီး သားဇာတ်ညွှန်းတစ်ခုရှိတယ်။အဲဒါက ပထမဦးဆုံးတုန်းက ဒေါ် အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးတော့ ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေး ဘုတ်အဖွဲ့ဆိုတာရှိတယ်။

ကျွန် တော်တို့အဖွဲ့က နှစ်နှစ်လောက် အချိန်ယူပြီးတော့ ရေးထားတဲ့ ဇာတ်ညွှန်း။ အဲဒီဇာတ်ညွှန်းက သမိုင်းပညာရှင်တွေရဲ့အကြံပြုချက်၊ သမိုင်းအချက်အလက်၊ မှန်ကန်ရေးတွေလည်း စိစစ်ပြီးသား ဖြစ်တယ်။ ပြီးတော့ International Copy Right ကိုလည်း တင်ပြ တောင်းယူပြီးသားဇာတ်ညွှန်း။အဲဒီဇာတ်ညွှန်းကြီးကိုပဲ အခြေခံပြီးတော့ အကြိမ်ကြိမ်အထပ်ထပ် ဇာတ်ညွှန်းပညာရှင်တွေနဲ့တွေ့ဆုံ ဆွေးနွေးအကြံပြုချက်တွေတောင်း ပြီးတော့ ဖိုင်နယ်ဇာတ်ညွှန်းတစ် ခုထွက်လာအောင် ပြင်ဆင်ရေးသားမယ်။ အဲဒီလိုပြင်ဆင်ရေး သားနေတဲ့အချိန်မှာပဲ လိုအပ်တာတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေက ပြင်ဆင်မှုတွေ တစ်ပြိုင်နက်တည်းလုပ်သွားမှာပါ။


မေး-ဒါရိုက်တာအနေနဲ့ တာဝန်ယူရတာဆိုတော့ ဘယ်လောက် အထိတာဝန်ကြီးမယ်လို့ထင်လဲ။ဘယ်လောက်ထိရော ယုံကြည်မှုရှိလဲ။

ဖြေ- ဘဝမှာယူဖူးသမျှ တာဝန် တွေထဲမှာ အကြီးဆုံးဖြစ်လိမ့်မယ်လို့ ကျွန်တော်ခံယူထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာက ကျွန် တော်တို့ တိုင်းသူပြည်သား အားလုံးရဲ့ဖခင်ဖြစ်တယ်။ ဗိုလ်ချုပ်အကြောင်းကို ရိုက်တယ်ဆိုတာက အမေစု ပြောသလိုပါပဲ။မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးသမိုင်းကြောင်း ဖြစ်သလို မြန်မာ့တပ်မတော်ရဲ့ သမိုင်းကြောင်းကိုရိုက်တာလည်း ဖြစ်ပါတယ်။ တာဝန်လည်းအရမ်း ကြီးပါတယ်။ ကျွန်တော့်အနေနဲ့ ယုံကြည်မှုရှိတာက အခုဟာက နိုင်ငံတော်ရဲ့အဆင့်မြင့်ဆုံးဇာတ်ကားတစ်ကားလိုပဲ သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးအားလုံးက ပံ့ပိုးဆောင်ရွက်ကြမှာဖြစ်တဲ့အတွက် ငွေကြေးပိုင်းကအစ လိုလေ သေးမရှိပံ့ပိုးပေးမှာဖြစ်တဲ့အတွက် ပြည်သူတွေမျှော်လင့်နေသလိုမျိုး ဗိုလ်ချုပ်ရုပ်ရှင်ကို တကယ်ကို ခံ့ခံ့ထည်ထည်ြ<ွကာြး<ွကားဝါဝါဖြစ် အောင်အဆင့်အတန်းရှိအောင်လို့ ရိုက်ကူးသွားမယ်။


မေး-ဗိုလ်ချုပ်ရုပ်ရှင်ကို ရိုက်ကူး ဖို့တာဝန်ယူထားရတဲ့အချိန်မှာတ ခြားအနုပညာအလုပ်တွေကိုရော ရပ်တန့်ထားမှာလား။

ဖြေ-နံပါတ်တစ်ကတော့ ၂ဝ၁၉ မှာ အဓိကအရေးကြီးဆုံးအလုပ်ကတော့ ဒီအလုပ်ဖြစ်သွားပါပြီ။ကျန်တဲ့ဝမ်းရေးအတွက်ဖြစ်တဲ့ အနုပညာအလုပ်ကိုတော့ ဒီအစီအစဉ်တွေကြားထဲမှာ ဟသွားတဲ့အချိန်တွေလောက်ကိုပဲ ကျွန်တော် လုပ်နိုင်ပါတော့မယ်။ ဖြစ်နိုင်သမျှ တော့ အလုပ်တွေကိုတော့ အချိန်ဇယားတွေစဆွဲရ ထားနေရပါပြီ။


မေး-အရင်ကသတ်မှတ်ထားတဲ့ အတိုင်းရော ရိုက်ကူးနိုင်မလား။

ဖြေ-အခုကစပြီးတော့ပြင်ဆင်မှာဖြစ်တဲ့အတွက် ၂ဝ၁၉ ခုနှစ်ထဲမှာတော့ ရိုက်ဖြစ်အောင်ရိုက်ပါ့မယ်။ ဒါပေမဲ့ ၂ဝ၁၉ ခုနှစ်ရဲ့ ဘယ်လထဲမှာ ရိုက်နိုင်မယ်ဆိုတာ တော့ ကျွန်တော်ထင်တာကတော့ ဇန်နဝါရီ၊ဖေဖော်ဝါရီ အနီးစပ်ဆုံး ရိုက်နိုင်ဖို့ကတော့မဖြစ်နိုင်ပါဘူး။ အများကြီးပြင်ဆင်ရဦးမှာပါ။


မေး-ဗိုလ်ချုပ်ဇာတ်ကားကို စောင့်မျှော်နေကြတဲ့သူတွေမှာလည်း စိုးရိမ်စိတ်တွေရှိကြတဲ့အခါ ကျတော့ အဲဒီအပေါ်ကိုရောဘာ ပြောချင်တာမျိုးရှိလဲ။

ဖြေ-အားလုံးရဲ့မျှော်လင့်ချက်က တော့ အရမ်းကြီးကြီးပါတယ်။တစ်ခုခုအဆင့်မမီမှာ။ မကောင်းမှာ။လိုအပ်ချက်တွေရှိမှာလည်း အားလုံးက စိုးရိမ်နေကြမှာပါ။အဲ ဒီခံစားချက်တွေ လိုလားချက်တွေကို ကျွန်တော် လုံးဝအပြည့်အဝနားလည်ပါတယ်။ ဒီကြီးလေးတဲ့ တာဝန်ကြီးကိုယူရမယ့်သူဖြစ်တဲ့အတွက် အားလုံးစိုးရိမ်နေတဲ့ စိုးရိမ်စိတ်တွေထက် ကျွန်တော်က အဆပေါင်းများစွာပိုပြီးတော့ စိုးရိမ်နေပါတယ်။ အဲဒါကြောင့်လည်း အစစအရာရာလေးလေး နက်နက်နဲ့လုပ်ပြီး ဆောင်ရွက်ပါမယ်။

NN

#democracytoday

Rate this item
(0 votes)
back to top