HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

''ပရိသတ်တွေ အားပေးနေမယ် ဆိုရင်တော့ အနုပညာအလုပ်တွေကို ဆက်လုပ်နေမှာပါ'' - သ က် မွ န် မြ င့်

''ပရိသတ်တွေ အားပေးနေမယ် ဆိုရင်တော့ အနုပညာအလုပ်တွေကို ဆက်လုပ်နေမှာပါ''  - သ က် မွ န် မြ င့်

'အဝေးချစ်'ရုပ်ရှင်ဇာတ်ကားကြီးတွင် အပျိုကြီးမမကာရိုက်တာ ဖြင့် မြင်တွေ့ရမယ့် သရုပ်ဆောင် သက်မွန်မြင့် ......။

မေး-'အဝေးချစ်'ဇာတ်ကားကြီးမှာ ဘယ်လိုကာရိုက်တာနဲ့မြင်တွေ့ ရမလဲ။

ဖြေ-အဲဒီဇာတ်ကားထဲမှာ သက်မွန်က အပျိုကြီးစာရင်းဝင်သွားတဲ့ အပျိုကြီးတစ်ယောက်ပေါ့နော်။အပျိုကြီးစာရင်းဝင်ပြီးတော့မှ ကိုယ့်ထက် ရှစ်နှစ်လောက်ငယ်တဲ့ ကောင်လေးနဲ့တွေ့ပြီးတော့ ဇာတ်လမ်းဖြစ်သွားတဲ့ပုံစံလေးပါ။ ဒီ ဇာတ်ကားက ရိုက်ထားတာသုံးနှစ် ကျော်လောက်တော့ရှိပြီ။သက်မွန်ရဲ့ အပြင်ကာရိုက်တာနဲ့ တော်တော် များများတူတဲ့ ကာရိုက်တာပါ။


မေး-ဒီဇာတ်ကားလေးက အချစ်ဇာတ်ကားသီးသန့်ပဲလား။

ဖြေ-ဒီဇာတ်လေးက အချစ်ဇာတ်ကားသီးသန့်မဟုတ်ဘဲနဲ့ အတွေးအခေါ်လေးတွေပါတယ်။ တစ် ယောက်နဲ့တစ်ယောက် ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်တဲ့အခါမှာ အချစ်တစ်ခုတည်းနဲ့မရဘူး။နားလည်မှုရှိရမယ်ဆိုတဲ့အတွေး အခေါ်ပါးပါးလေးတော့ပါတယ်။ အပြင်မှာဖြစ်တတ်တဲ့သဘော လေးတွေပါ ပါတယ်။


မေး-ကာရိုက်တာက အပျိုကြီးမမ ကာရိုက်တာဆိုတော့ ဘယ်လို တွေပြင်ဆင်ခဲ့ရလဲ။

ဖြေ-ဘာမှတော့ မပြင်ဆင်ထားဘူး။ အပြင်ကအသက်နဲ့က သိပ်မကွာဘူးဆိုတော့ ဘာမှမပြင်ဆင်ရဘူး။


မေး-အနုပညာအလုပ်တွေကို ဘယ်အသက်အရွယ်လောက်အထိ လုပ်မယ်လို့ စဉ်းစားထားတာ ရောရှိလား။

ဖြေ-အနုပညာအလုပ်ကကျတော့ လေဘာကိုမှသေချာဆုံးဖြတ်လို့ မရဘူး။ ဘာလို့လဲဆိုတော့ ပရိသတ်အားပေးမှုအပေါ်မူတည်တာကိုး။ အဲဒါကြောင့် ပရိသတ်အားပေးမှုအတိုင်း ကိုယ်ကရပ်တည်လို့ရသလောက်ကို ရပ်တည်ရတာဆိုတော့ ဘယ်အသက်အရွယ်ထိပဲ လုပ်မယ်။ ဘယ်အသက် အရွယ်ရောက်ရင်တော့ မလုပ် တော့ဘူးဆိုတာကို မစဉ်းစားထားဘူး။ ကိုယ်ရိုက်ရမယ့်ဇာတ်ကား၊ ဇာတ်လမ်း၊ ကာရိုက်တာကို သဘောကျနေမယ်။ ပရိသတ်တွေ ကလည်းအားပေးနေမယ်ဆိုရင် တော့ အနုပညာအလုပ်တွေကို ဆက်လုပ်နေမှာပါ။


မေး-အရင်ကထက်စာရင် ဒီနှစ်ပိုင်းထဲမှာ ဇာတ်ကားတွေပို ရိုက်လာတယ်နော်။

ဖြေ-အဲဒါက အရင်တုန်းကတော့ ကလေးတွေကငယ်တော့ သက်မွန် နယ်တွေဘက်ကို သွားပြီးတော့ မရိုက်ဘူး။သိပ်မသွားဘူးပေါ့နော်။ အဲဒီအခါကျတော့ နည်းနည်းဇာတ်ကားရိုက်တာနည်းတယ်။အခုကကျတော့ ကလေးတွေက နည်းနည်းလေးလည်းကြီးလာ ပြီဆိုတော့ အလုပ်ကိုအရင်က ထက်ပိုပြီးတော့ လုပ်ဖြစ်တာပေါ့ နော်။ လုပ်ဖြစ်တယ်ဆိုပေမယ့်လည်း တစ်လကို တစ်ကားလောက်ပဲ ရိုက်ဖြစ်တယ်။ ဇာတ်ကားရိုက် နေတဲ့အချိန်ကလွဲရင် ကျန်တဲ့အချိန်တွေအားလုံးကို မိသားစု ကိုအချိန်ပေးတယ်။ တစ်လကို တစ်ကားလောက်တော့ ရိုက်တယ်။ ကြားထဲမှာ ကြော်ငြာလေးတွေ ရိုက်တယ်။ ပွဲတွေတက်တယ်။


မေး-လတ်တလောအနုပညာ လှုပ်ရှားမှုရောဘာတွေလုပ်ဖြစ် နေလဲ။

ဖြေ-အခုကတော့ဇာတ်ကားကြီးလည်းရိုက်နေတယ်။ တခြားပြောထားတာလေးတွေလည်း ရိုက်ဖို့ စီစဉ်နေတာလေးတွေလည်း ရှိပါတယ်။

NN

#democracytoday

Rate this item
(0 votes)
back to top