HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

အဆိုတော်ကြီး ဂျိုးဝှက်စ်က မူးယစ်ဆေးစွဲခဲ့မှုကို ဖွင့်ဟ

အဆိုတော်ကြီး ဂျိုးဝှက်စ်က မူးယစ်ဆေးစွဲခဲ့မှုကို ဖွင့်ဟ

နယူးယောက်၊ အောက်တိုဘာ ၉ 

အမေရိကန်ဝါရင့်အဆိုတော်ဂီတပညာရှင်နှင့် သီချင်းရေးဆရာ ဂျိုးဝှက်စ် အသက် (၇ဝ)က ၎င်း၏ မူးယစ်ဆေးစွဲခဲ့မှုနှင့် ပြန်လည်ရုန်းကန်ခဲ့ရမှုများကို အောက်တိုဘာ ၉ ရက်က AP သတင်းသို့ဖွင့်ဟပြောခဲ့သည်ဟု သိရသည်။

ဝှက်စ်က ''ဘယ်သူမှသတိမထားမိခဲ့ကြပေမယ့် ကျွန်တော့်ငယ်ဘဝဟာ သိပ်ခက်ခဲခဲ့တယ်။ ကျွန် တော်ဟာ တခြားကလေးတွေနဲ့ မတူဘဲ အထီးကျန်တယ်။ နားလည်မယ့်သူလည်းမဲ့ခဲ့တယ်။ ဆယ်ကျော်သက်ကတည်းက ဂစ်တာပဲ စွဲစွဲ မြဲမြဲအဖော်ပြုခဲ့တယ်။ အတော်အသင့်ဂီတလောကမှာ နေရာရလာတဲ့အချိန်မှာ ကျွန်တော်ဟာ အလုပ်ရှုပ်ပြီး ဒေါသကြီးလာတယ်။ အလုပ်တွဲလုပ်လိုသူ မရှိတဲ့အချိန် ကြုံခဲ့ရတယ်။ အရာရာကိုမုန်းတီးပြီး မူးယစ်ဆေးဝါးဘက်ကို ဦးလှည့်ခဲ့မိတယ်''ဟု ပြောပြခဲ့သည်။


ဝှက်စ်က ¤င်းသည်အသက် (၂၅) နှစ်အရွယ်ခန့်က အရက်နှင့် မူးယစ်ဆေး ပြားများကို ဖောဖောသီသီသုံးခဲ့ကြောင်း၊ လူများနှင့် ဝေးဝေးရှောင်ဖယ်နေခဲ့ ကြောင်း၊ သို့သော် ဇနီးဖြစ်သူနှင့် စစ်မှန်သည့် အပေါင်းအသင်းများကြောင့်သာ ဆေးဖြတ်ရန်ဆုံးဖြတ်ချက်ချခဲ့မိပြီး လူဝင်ဆံ့ခဲ့ရကြောင်းပြောခဲ့သည်။ ယခုအခါအသက် (၇ဝ)ရှိပြီဖြစ်သော ဂျိုးဝှက်စ်က ''ဘဝကအခုတော့ သာယာနေပြီ''ဟုဆိုသည်။ ၎င်းက ''ညတွေမှောင်မိုက်နေတယ်လို့ ခံစားရတဲ့အခါ နောက်နေ့ နံနက်ခင်းအကြောင်းတွေးပြီး လင်းချင်းလိုက်ပါ''ဟု ဒဿနဆန်ဆန်လည်းပြောခဲ့သည်။ 

Ref: AP

#democracytoday

Rate this item
(0 votes)
back to top