HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ချိုဂျောင်ဆွတ်နဲ့ ပတ်ဂျီယွန်းတို့ လက်ထပ်လိုက်ပြီ

ချိုဂျောင်ဆွတ်နဲ့ ပတ်ဂျီယွန်းတို့ လက်ထပ်လိုက်ပြီ

ဆိုးလ်၊ အောက်တိုဘာ ၉

တောင်ကိုရီးယား နာမည်ကျော် သရုပ်ဆောင်/အဆိုတော် မင်းသားတစ်လက်ဖြစ်သည့် ချိုဂျောင်ဆွတ်နှင့် ဇာတ်ဝင်နောက်ခံ တေးအဆိုတော် ပတ်ဂျီယွန်းတို့ အောက်တိုဘာ ၈ ရက်က လက်ထပ်ပြီးခဲ့ပြီဟု ၎င်းတို့၏အေဂျင် စီများက အတည်ပြုခဲ့ကြောင်း ယွန်ဟတ်သတင်းက အောက်တိုဘာ ၉ရက်တွင် ဖော်ပြခဲ့သည်။

၎င်းတို့၏လက်ထပ်ပွဲကို လူသိထင်ရှားမကျင်းပဘဲ မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများဖြင့်သာ အကျဉ်းချုံးပြီးအေးချမ်းစွာ ကျင်းပခဲ့သည်ဟုသိရသည်။ ၎င်းတို့၏ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို မထိခိုက်စေရန်အတွက် လက်ထပ်မည့်နေ့ကိုပင် အသိပေးခဲ့ခြင်း မရှိဟုဆိုသည်။ အသက် (၃၇)နှစ်အရွယ် ကိုယ်စီရှိကြသော ချိုနှင့်ပတ်ဂျီယွန်းတို့သည် ၂ဝ၁၅ခုနှစ် ဖေဖော်ဝါရီက ဂီတဆိုင်ရာ အလုပ်များလုပ်ရင်း တွေ့ဆုံခဲ့ကြသည်။


ချိုသည် ရုပ်သံစီးရီးနှင့် ရုပ်ရှင်များစွာရိုက်ကူးခဲ့ပြီး ၎င်း၏ထင်ရှား သော ရုပ်ရှင်မှာ ၂ဝ၁၂ခုနှစ်တွင် ထွက်ရှိခဲ့သည့် '' Architecture 101'' ဖြစ်သည်။ သူသည် အဆိုတော်တစ်ဦးလည်းဖြစ်သလို ဂီတပြဇာတ်သရုပ် ဆောင်အဖြစ်လည်း အောင်မြင်သူဖြစ်သည်။ ဂျီယွန်းမှာ ဂီတပြဇာတ်များတွင် နောက်ခံတေးအဆိုတော်အဖြစ် ထင်ရှားသူဖြစ်ပြီး '' Gummy '' ဟူ၍လည်းလူသိများသည်။ 

Ref: Yonhap

#democracytoday

 

Rate this item
(0 votes)
back to top