HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

လူတွေကို ရယ်အောင်လုပ်ရတာ ပညာရပ်တစ်ခုလို့ မြင်တဲ့ နေခြည်ဦး

လူတွေကို ရယ်အောင်လုပ်ရတာ ပညာရပ်တစ်ခုလို့ မြင်တဲ့ နေခြည်ဦး

'အောက်ဖဲမလှန်ကြေးနော်' ရုပ်ရှင်ဇာတ်ကားမှာ

စပ်စလူးစိန်ကောင်မလေး တစ်ယောက်အနေနဲ့ မြင်တွေ့ရဦးမယ့်

သရုပ်ဆောင်နေခြည်ဦးကို ယခုလိုပဲ တွေ့ဆုံ

မေးမြန်းဖြစ်ခဲ့ပါသည်။

လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။

လတ်တလောကတော့ ဒီလထဲမှာပဲ 'အောက်ဖဲမလှန်ကြေးနော်'ဆိုတဲ့ ရုပ်ရှင်ဇာတ် ကားကြီးရိုက်ကူးဖို့ရှိပါတယ်။ အဲဒီဇာတ်ကားကြီးကတော့ ငပလီမှာသွားရိုက် မှာပေါ့နော်။ ဟာသဇာတ်ကားလေးပါ။ ကိုခန့်၊ မခိုင်ကြီး၊ မခိုင်လေး၊ နောက် နေခြည်၊ ကလေးသရုပ်ဆောင် ထိပ်ထား လေးတို့လည်းပါမယ်။

 

ဟာသဇာတ်ကားကို ဘာဖြစ်လို့လက်ခံ ဖြစ်တာလဲ။

နေခြည် ရှေ့မှာရိုက်ခဲ့တဲ့ဇာတ်ကား ကြီးနှစ်ကားကကျတော့ အချစ်ဒရာမာ ဇာတ်ကားတွေ။ အဲဒီဇာတ်ကားတွေကလည်း ပရိသတ်ရှေ့တော့ မရောက်သေးဘူး။ ဒီဇာတ်ကားလေးကကျတော့ ဟာသဇာတ်ကားလေးဖြစ်တယ်။ ကိုယ်လည်း ပိုပြီး တော့ လွတ်လွတ်လပ်လပ် သရုပ်ဆောင်လို့ ရမယ်လို့ နေခြည်ထင်တယ်။ ပြီးတော့ ကိုယ်တိုင်ကလည်း ဟာသဇာတ်ကားလေးကို ကြိုက်တယ်။ အဲဒါကြောင့်လည်း လက်ခံဖြစ်တာပါ။

 

ဟာသဇာတ်ကားဆိုတာက မလွယ်ကူတဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အခါကျတော့ နေခြည် လို့ သရုပ်ဆောင်အသစ်တစ်ယောက်အတွက် စိန်ခေါ်မှုတစ်ခုဖြစ်စေမလား။

စိန်ခေါ်မှုတစ်ခုတော့ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဇာတ်ကားထဲမှာ နေခြည်ရဲ့ ကာရိုက်တာက စပွန်ဆာရှိတဲ့ကောင်မလေး။ ဒါပေမဲ့ ဇာတ်ကားက ဟာသဇာတ်ကားဆိုတော့ နေခြည်ကတော့ နည်းနည်းလေးခက်ခဲမယ်လို့တော့ထင်တယ်။ ခက်ခဲမယ်လို့ ထင်ပေမယ့်လည်း နေခြည်က ဒီလိုမျိုးစိန်ခေါ်မှုဖြစ်စေတဲ့ ဇာတ်လမ်းမျိုးတွေ၊ ကာရိုက်တာမျိုးတွေကို ပိုစိတ်ဝင်စားတယ်။


ဝါရင့်သရုပ်ဆောင်တွေလည်းပါတာဆိုတော့ သူ့တို့ဆီက ဘယ်လောက်ထိ သင်ယူခွင့်ရမယ် လို့ရောထင်လဲ။

ဒီဇာတ်ကားလေးအတွက်လည်း အရမ်း တော့စိတ်လှုပ်ရှားနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပေါ့ပေါ့ပါးပါးဆို ပေမယ့်လည်း လူတွေကို ရယ် အောင်လုပ်ရမှာကလည်း ပညာရပ်တစ်ခုလိုပဲ နေခြည်ထင်ပါတယ်။ အဲဒါကြောင့် ဟာသဇာတ်ကားဆိုပေမယ့် ဝါရင့်သရုပ် ဆောင်တွေ အများကြီးပါမှာဆိုတော့ အားရှိတယ်။ သူတို့ဆီကလည်း နေခြည် သင်ယူစရာတွေ အများကြီးရှိမယ်ဆိုတာကို ယုံကြည်ပါတယ်။

 

ကာရိုက်တာအပေါ်မှာရော လုပ်နိုင်မယ်လို့ ထင်လား။

အဲဒါကတော့လေ နေခြည်က အစကတည်းက ပေါ တောတောနေတတ်တော့ ကိုယ့်ရဲ့အပြင်ကာရိုက်တာနဲ့လည်း ပိုပြီးတော့ ကိုက်တယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ နေခြည်က အရမ်းကို ပွင့်ပွင့်လင်းလင်းနေတတ်တယ်။သူငယ်ချင်းတွေကြားမှာဆိုရင်လည်း နေခြည်က အမြဲတမ်း အစအနောက်သန်တယ်။ ရယ်စရာတွေ အများကြီး ပြောတတ်တယ်ဆိုပြီးတော့ သူငယ်ချင်း တွေက အမြဲတမ်းပြောကြတယ်။ ဒါပေမဲ့ ဝါရင့်သရုပ်ဆောင်တွေအများကြီးကြားမှာ သရုပ်ဆောင်ရမှာဆိုတော့ လုပ်နိုင်ပါ့ မလားဆိုတာကိုတော့ စိတ်ပူတယ်။

 

ဇာတ်ကားတွေကိုကျတော့ ဘယ်လိုရွေးချယ်လက်ခံဖြစ်လဲ။

နေခြည်အနေနဲ့ကျတော့ နေခြည်ကို ကမ်းလှမ်းလာတဲ့ ဇာတ်ကားတွေထဲကနေပြီး တော့ပဲ နေခြည်က ရွေးချယ်ပိုင်ခွင့်ရှိတာပါ။ နေခြည်ကို ကမ်းလှမ်းလာတဲ့ ဇာတ်ကားတွေထဲမှာဆိုရင် ဒီဇာတ်ကားလေးဆိုရင်လည်း ဘာပဲပြောပြော ထူးခြားတယ်။ ပါဝင်တဲ့သရုပ် ဆောင်တွေကလည်း ဝါရင့်တွေဖြစ်တယ်။ နောက် ကိုဇော်(အရုဏ်ဦး)နဲ့ ရိုက်ခွင့်ရမယ်ဆိုတော့ နေခြည်အတွက် မဟာအခွင့်အရေးပါပဲ။ ကမ်းခြေမှာလည်း ရိုက်မှာဖြစ်တယ်။ နောက်တစ်ခုက နေခြည်အရမ်းချစ်တဲ့ ကလေးသရုပ်ဆောင် ထိပ်ထားလေးလည်းပါတယ်။ နေခြည်မှာ အရမ်းကြီးရွေးချယ်ပိုင်ခွင့်တော့ မရှိဘူး။ နေခြည်ဘက်က လုပ်ချင်တဲ့ကာရိုက်တာရယ်လို့တော့ မရှိဘူး။ ဒါပေမဲ့ နေခြည်က ကာရိုက်တာပေါ်တဲ့ဇာတ်ရုပ်မျိုးတွေကို စိတ်ဝင်စားတယ်။ ရှေ့မှာရိုက်ခဲ့တဲ့ ဇာတ်ကား နှစ်ကားဆိုရင်လည်း နေခြည်က အရမ်းချစ်တတ်တယ်။ တည်ငြိမ်တဲ့ကောင်မလေးပေါ့ နော်။ ဒီဇာတ်ကားထဲမှာတော့ စပ်စလူးစိန် ကောင်မလေး လုပ်ပြရမှာဆိုတော့ ကာရိုက်တာတွေ ကွဲပါတယ်။


NN

#theyangontimes

Rate this item
(0 votes)
back to top