HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

''ပန်းချီပြခန်း ဖွင့်ဖြစ်တာက ကျွန်တော် ပန်းချီတွေ ပိုဆွဲဖြစ်အောင်ပါ'' ကျားပေါက်

''ပန်းချီပြခန်း ဖွင့်ဖြစ်တာက ကျွန်တော် ပန်းချီတွေ ပိုဆွဲဖြစ်အောင်ပါ''  ကျားပေါက်

ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားတွေထားဖို့ ပန်းချီပြခန်းတစ်ခု ဖွင့်လှစ်သွားမယ် ဆိုတဲ့ တေးသံရှင်ဟန်ထူးလွင်(ခေါ်)ကျားပေါက်ကို အခုလိုတွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

မေး-လတ်တလောအနုပညာ လှုပ် ရှားမှုလေး ပြောပြပေးပါဦး။

ဖြေ-အခုကျွန်တော် Show နှစ်ခု ဆိုဖို့ရှိပါတယ်။ ပြီးတော့ ကျွန်တော် ပန်းချီ Gallery  လေးတစ်ခုဖွင့်ဖို့ လုပ်နေပါတယ်။

မေး-အဲဒီဖွင့်မယ့် ပန်းချီပြခန်းအ ကြောင်းလည်း ပြောပြပေးပါဦး။

ဖြေ- Gallery  လေးကိုတော့ ကန် တော်ကြီးထဲက ကရဝိက်မှာဖွင့်မှာ ပါ။ ဘာကြောင့်ဖွင့်ဖြစ်တာလဲဆို တော့ပန်းချီကားတွေကို ကျွန်တော် အိမ်မှာထားစရာမရှိတာလည်း ပါ ပါတယ်။အဲဒီလိုထားလိုက်တော့ ကျွန်တော်လည်း ပန်းချီတွေပိုဆွဲ ဖြစ်အောင်ပါ။ ပန်းချီကားတွေက တော့ ကျွန်တော်ရဲ့ ရေဆေးပန်းချီ တွေ၊ နောက် Acrylic ပန်းချီတွေ ပါမှာပါ။ ပြခန်းလေးကိုတော့ အ မြဲဖွင့်ထားမှာဖြစ်မှာပါ။ သူငယ် ချင်းတွေရဲ့ပြပွဲလေးတွေလည်း အဲဒီ Gallery လေးမှာ လုပ်ဖြစ်မှာ ဖြစ်ပါတယ်။

 

မေး-ကိုယ်တိုင်က ပန်းချီရော၊ စာရေးတာ သီချင်းပိုင်းတွေပါလုပ် တာကြောင့် အားလပ်ချိန်ရောရှိ ရဲ့လား။

ဖြေ-အချိန်ကတော့ အားပါတယ်။ အများကြီးလုပ်တယ်ဆိုပေမယ့် လုပ်ချင်တာတွေကို ကိုယ်စိတ်ပါ တဲ့အချိန်မှာ လုပ်ဖြစ်တာကြောင့် အားပါတယ်။ ဒါပေမဲ့ ဒီနောက် ပိုင်းမှာတော့ သိပ်မအားတော့ဘူး ဖြစ်လာပါတယ်။

 

မေး-သီချင်းအသစ်တွေရော လုပ် ဖြစ်တာရှိလား။ ပရိသတ်တွေဆီ ကို သီချင်းတွေဘယ်တော့လောက် ချပြဖြစ်မလဲ။

ဖြေ-သီချင်းအသစ်တွေ ရှိပါတယ်။ အသံသွင်းဖို့ရှစ်ပုဒ်ရှိပါတယ်။သီ ချင်းတွေက အသံမသွင်းဖြစ်သေးတာ ဖြစ်ပါတယ်။ သီချင်းတွေနဲ့ပတ်သက်ပြီး ထူးထူးခြားခြားလုပ် ဖို့လည်းရှိပါတယ်။ တကယ်လုပ် ဖြစ်ရင် ပရိသတ်ကိုပြောမှာပါ။ကြားထဲမှာလည်း ကျွန်တော်ဆိုပေး ရမဲ့ Show တွေတောက်လျှောက် ရှိနေပါတယ်။ အဲဒါတွေပြီးမှပဲ သီချင်းပိုင်းတွေကို အေးဆေးပြန် လုပ်ဖြစ်မယ်။ နောက် လောလော ဆယ်မှာလည်း အခွေထွက်ဖို့လည်း မလိုသေးဘူးလို့ ထင်ပါတယ်။

 

မေး-တန်ဆောင်တိုင်ပွဲရော ဘယ်မှာ ဆိုဖြစ်မလဲ။

ဖြေ-တန်ဆောင်တိုင်မှာတော့ တောင်ကြီးမှာ ဆိုဖို့ရှိပါတယ်။ ဦး ညီထွဋ်(အဆိုတော် ဇော်ဝင်းထွဋ်) ပွဲက ၂၂ ရက်ဆိုရင် ၂၁ ရက်က တောင်ကြီးမှာဆိုမယ်။ ပြီးတော့ ဦးညီထွဋ်တို့နဲ့ ဒီမှာပြန်ဆိုမှာဖြစ် ပါတယ်။

KZYH

#democracytoday

Rate this item
(0 votes)
back to top