HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ကိုရီးယား အနုပညာရှင်ကြီး ရှင်ဆောင်အီ ကွယ်လွန်ပြီ  

ကိုရီးယား အနုပညာရှင်ကြီး ရှင်ဆောင်အီ ကွယ်လွန်ပြီ   

ဆိုးလ်၊ နိုဝင်ဘာ ၆ 

တောင်ကိုရီးယား ရုပ်ရှင် လောကတွင် ဂေါ့ဒ်ဖားသားဟု လေးစားသမှုပြုခံရသော ဝါရင့်သ ရုပ်ဆောင်ကြီး ရှင်ဆောင်အီသည် အသက် (၈၁) နှစ်အရွယ်သည် နို ဝင်ဘာလဆန်းတွင် အဆုတ်ကင် ဆာဖြင့် တောင်ပိုင်းဂျီမိုလာပြည် နယ်ရှိ ဆေးရုံ၌ ကွယ်လွန်ခဲ့ပြီးဖြစ် သည်ဟု မိသားစု၏ထုတ်ပြန်ချက်ကို Yonhap သတင်းကနိုဝင်ဘာ ၆ ရက်ကဖော်ပြခဲ့သည်။

ဒါရိုက်တာ ပတ်ခ်တန်ဝုစ်က ''ကျွန်တော်သူနဲ့အတူတွဲပြီး ဂျပန်၊ အီတလီနဲ့ အမေရိကန်မှာ ရုပ်ရှင် တွေရိုက်ဖို့ စီစဉ်ထားတုန်းမှာဗျာ'' ဟု ဝမ်းနည်းစကားဆိုခဲ့သည်။ ရှင်ဆောင်အီသည် ၁၉၆ဝ ပြည့်နှစ်က ဒါရိုက်တာ ရှင်ဆောင် အုတ်ခ်ရိုက်ကူးသည့် ''Romantic Pa pa '' ဇာတ်ကားဖြင့် ထင်ရှား လာသူဖြစ်သည်။ သူ၏ လူကြိုက် များသော ရုပ်ရှင်များမှာ Winter Woman, Gilosoddeum, Heavenly Homecoming to Stars  စသည်တို့ဖြစ်သည်။


ဇနီးဖြစ်သူရှင်းက '' သူကရော ဂါကို တော်တော်ကြံ့ကြံ့ခံနိုင်ခဲ့ တယ်။ ရောဂါရှိနေလျက်နဲ့တောင် မျိုးဆက်ယဉ်ကျေးမှုတွေ ကွာခြား တဲ့ခေတ်ပေါ် ကိုရီးယားကားတွေ မှာ သရုပ်ဆောင်ဖို့လက်ခံခဲ့တဲ့ သူ့ ရဲ့ ဝါသနာကြီးမှုကိုတော့ နားမ လည်နိုင်အောင်ပါပဲ'' ဟု ဆိုခဲ့ သည်။ ရှင်ဆောင်အီသည် ကွယ် လွန်ချိန်တွင် ဇနီးဖြစ်သူ ရှင်းနှင့် အတူ သားတစ်ယောက်၊ သမီးနှစ် ယောက်ကျန်ရစ်ခဲ့သည်။ ရှင်ဆောင်း အီသည် ရုပ်ရှင်ကားစုစုပေါင်း ၅၃ဝ ကိုရိုက်ကူးခဲ့သည်။

Ref:Yonhap

#democracytoday

Rate this item
(0 votes)
back to top