HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

အန်ဂျလီနာဂျိုလီက ကိုရီးယားရှိ ယီမင် ဒုက္ခသည်များနှင့် တွေ့ဆုံ

အန်ဂျလီနာဂျိုလီက  ကိုရီးယားရှိ ယီမင် ဒုက္ခသည်များနှင့် တွေ့ဆုံ

ဆိုးလ်၊ နိုဝင်ဘာ ၆

ကမ္ဘာကျော်မင်းသမီးတစ် လက်လည်းဖြစ်၊ ကုလ၏ချစ်ကြည် ရေးသံတမန်လည်းဖြစ်သည့် အန် ဂျလီနာဂျိုလီသည် တောင်ကိုရီး ယားရှိ ယီမင်စစ်ဘေးရှောင်ဒုက္ခ သည်များနှင့်တွေ့ဆုံရန် ဆိုးလ်မြို့ သို့ လာရောက်ခဲ့ကြောင်း koreantime သတင်း၏ နိုဝင်ဘာ ၆ ရက် ဖော်ပြချက်အရ သိရသည်။

ဂျိုလီသည် သူမ၏ ကိုရီးယား ခရီးစဉ်အတွင်း ကိုရီးယားရှိတရား ရေးဝန်ကြီးနှင့် အနုပညာသံတမန် များဆိုင်ရာအဖွဲ့၏ တာဝန်ရှိသူများ နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဂျိုလီက ''နိုင်ငံတကာ လူမှု ဝန်းကျင်အနေနဲ့ ယီယင်ဒုက္ခသည် အရေးကို ဆောင်ရွက်ဖို့ နှေးကွေး နေကြတာဟာ ရှက်စရာပါ။ ကျွန် မတို့ဟာ ယီမင်ဒုက္ခသည်တွေရဲ့ ဆိုးရွားလှတဲ့အခြေအနေတွေ၊ အချင်း ချင်းကူးစက်ပြန့်ပွားလွယ်နေတဲ့ ဝမ်း ရောဂါဘေးကျရောက်မှုတွေ၊ မငြိမ်း ချမ်းသေးတဲ့ ပဋိပက္ခတွေကြောင့် နေရပ်မပြန်နိုင်သေးဘဲ ဒုက္ခပွေ နေတာကို အဆုံးသတ်ပေးဖို့ ဝိုင်း ဝန်းဆောင်ရွက်ကြရမှာပါ''ဟု ပြော ခဲ့သည်။


ယီမင်ဒုက္ခသည် ၅၅ဝ ခန့်သည် ယခုနှစ်အစောပိုင်းက ကိုရီးယား နိုင်ငံ ဂျယ်ဂျူကျွန်းပေါ်သို့ ရောက် ရှိနေခဲ့ပြီး တောင်ကိုရီးယားအစိုးရ က လက်ခံကာ နေထိုင်ခွင့်ပေးထား သော်လည်း လူ့အခွင့်အရေးများမ ရရှိဟု သတင်းများထွက်ပေါ်ခဲ့ သည်။ ဂျိုလီက ''ကျွန်မမျှော်လင့် တာကတော့ လူ့အခွင့်အရေးနဲ့ လူ သားပြစ်မှုကိုပိုပြီး အလေးထားခြင်း ဖြင့် ဒီဒုက္ခသည်တွေကို အသက် ရှူချောင်စေချင်တာပါပဲ။ ခေတ္တနေ ထိုင်ခွင့်ရစဉ်မှာ UNHCR ရဲ့ဆုံး ဖြတ်ချက်အရ ဥပဒေရေးရာရဲ့အ ကာအကွယ်နဲ့ ကောင်းမွန်စွာနေ ထိုင်ဖို့က အိမ်ပြန်လို့ရမယ့်နေ့အ ထိပေါ့''ဟု ပြောခဲ့သည်။

Ref: koreantimes

#democracytoday

Rate this item
(0 votes)
back to top