HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

နိုင်ငံပေါင်း ၄၄ နိုင်ငံ၌ ရောင်းချခဲ့ရတဲ့ Intimate Stranger ရုပ်ရှင်

နိုင်ငံပေါင်း  ၄၄ နိုင်ငံ၌ ရောင်းချခဲ့ရတဲ့ Intimate Stranger  ရုပ်ရှင်

ဆိုးလ်၊ နိုဝင်ဘာ ၇

တောင်ကိုရီးယား ဒါရိုက်တာ Lee Jae Kyoo ၏လက်ရာ Intimate Stranger သည် နိုင်ငံပေါင်း ၄၄ နိုင်ငံ၌ ရောင်းချခဲ့ရသည်ဟု Yonhap သတင်းက နိုဝင်ဘာ ၆ ရက် က ဖော်ပြခဲ့သည်။ ယင်းသည် ဟာသ-ဒရာမာအမျိုးအ စားဖြစ်သည်။ အဆိုပါ ၄၄ နိုင်ငံတွင် ထိုင်ဝမ်၊ စင် ကာပူ၊ သြစတြေးလျ၊ နယူးဇီလန်နှင့် အမေရိကန်တို့ ပါဝင်သည်ဟု Lotte အင်တာတိန်းမန့်က ဆိုသည်။

အဆိုပါရုပ်ရှင်တွင် Yoo Haejin, Cho Jin-woong နှင့် Lee Seo-jin တို့ပါဝင်သည်။ ယင်း ရုပ်ရှင်သည် ပြည်တွင်း box office တွင် ပြီးခဲ့သည့်အပတ်ကတည်းက ထိပ်ဆုံးရောက်နေခဲ့သည်ဟု ကိုရီးယားရုပ်ရှင်ကောင်စီ၏ အချက်အလက်များအရ သိရသည်။ ယင်းရုပ်ရှင်ကို ထိုင်ဝမ်နှင့် မြောက်အမေရိကတွင် ပြီးခဲ့သည့် သောကြာနေ့က ဖြန့်ချိခဲ့သည်။ ပြီးခဲ့သည့် တနင်္လာနေ့က အဆိုပါရုပ်ရှင် စတင်ထွက်ရှိသည့် ခြောက်ရက်မြောက်နေ့တွင် ကော်ပီချပ် ရေ ၁၈ သန်းအထိ ရောင်းခဲ့ရသော်လည်း အရှုံးအမြတ်မပေါ်သေးကြောင်း သိရသည်။

Ref; Yonhap

#democracytoday

Rate this item
(0 votes)
back to top