HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

JYJ အဖွဲ့မှ ကင်ဂျွန်ဆု စစ်မှုထမ်းခြင်း ပြီးဆုံး

JYJ အဖွဲ့မှ ကင်ဂျွန်ဆု စစ်မှုထမ်းခြင်း ပြီးဆုံး

ဆိုးလ်၊ နိုဝင်ဘာ ၇

နှုတ်ခမ်းနီမလေးတို့၏အသည်းစွဲ တောင်ကိုရီး ယားကေပေါ့ပ်အမျိုးသားဂီတအဖွဲ့ JYJ မှ အဖွဲ့ဝင် ကင်ဂျွန်ဆုသည် စစ်မှုထမ်းခြင်း အချိန်စေ့သဖြင့် အနုပညာအလုပ်များ ပြန်လည်လှုပ်ရှားတော့မည် ဟု Yonhap သတင်းက နိုဝင်ဘာ ၇ ရက်က ဖော်ပြ ခဲ့သည်။

ကင်က ''တစ်နှစ်နဲ့ ကိုးလကြာ တာဝန်ထမ်းခဲ့ ပြီးတဲ့နောက်မှာ သင်ယူစရာအသစ်တွေအများကြီးသင်ခဲ့ရပြီး ကျွန်တော် ပိုပြီးယောက်ျားပီသလာတယ် လို့ ထင်မိပါတယ်။ နိုင်ငံသားကောင်းပီသအောင် နေ ထိုင်ခဲ့ပါတယ်။ ဒီအတွေ့အကြုံကို အခြေခံပြီး ပိုပိုပြီး တော့ လူကောင်းဖြစ်အောင် နေထိုင်သွားမှာပါ''ဟု ဆိုခဲ့သည်။


¤င်းအနေဖြင့် ဂျီအွန်ဂျီနမ်ဘူဒေသရှိ ရဲအေဂျင် စီ၏ ဆူဝမ်ဌာနခွဲတွင် အမှုထမ်းခဲ့ရကြောင်း၊ ဆိုးလ် တောင်ပိုင်း၌ဖြစ်ကြောင်း၊ ယခုကဲ့သို့ စစ်ပြန်ကာလ တွင် ပရိသတ်များစွာ လာရောက်စောင့်ဆိုင်းနေမည် ကို ထင်မှတ်မထား၍ အံ့သြမှင်တက်ခဲ့ရကြောင်း ပြောပြခဲ့သည်။
''ကျွန်တော့်အနေနဲ့ ရဲဌာနမှာ ဥပဒေတွေ အကြောင်း၊ ရဲတစ်ယောက်ရဲ့ တာဝန်ကျေပွန်ဖို့ လိုအပ်တဲ့လေ့လာသင်ယူမှုတွေ အကြောင်းကို ဒီအ တောအတွင်း ကောင်းကောင်းနားလည်ခဲ့ရတယ်''ဟုလည်း ၎င်းကပြန်ပြောင်းပြောပြခဲ့သည်။

Ref; Yonhap

#democracytoday

Rate this item
(0 votes)
back to top