HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

The Haunting of Hill House 2018

The Haunting of  Hill House 2018

ဒါရိုက်တာ - မိုက်ခ်ဖလန်ဒါဂန်
ဇာတ်လမ်း - ရှိုင်လီဂျက်ဆန်
ဇာတ်ညွှန်း - မိုက်ခ်ဖလန်ဒါဂန်
သရုပ်ဆောင်များ - ဗစ်တိုရီးယား ပီထရီတီ
လူလာဝမ်ဆန်၊
မာ့စ်ကန်နာဂရေ့စ်
ပက်ခ်တွန်ဆင်ဂယ်တန်
အမျိုးအစား - ထိတ်လန့်ရင်ဖို
နိုင်ငံ - အမေရိကန်
စကားပြော - အင်္ဂလိပ်

ဒီတစ်ခါရုပ်ရှင်အညွှန်းကိုတော့ မကြာသေး ခင်ကထွက်ရှိခဲ့ပြီး စီဒီလည်း ထွက်နေပြီဖြစ်တဲ့ ထိတ်လန့်သည်းဖိုရုပ်သံစီးရီးတွဲ The Haunt-ing of Hill House 2018 ကို ညွှန်းပါရစေ။  ဇာတ်လမ်းအကျဉ်းကတော့ မိဘတွေက အိမ်ဟောင်းအိမ်အိုကြီးတွေကိုဝယ်၊ ပြန်ပြီးခမ်း နားသစ်လွင်သွားအောင် ပြုပြင်ဈေးတင်ပြီး ပြန် ရောင်းတတ်တဲ့မိသားစု။ ကလေးငါးယောက်နဲ့ အတူ ပျော်ပျော်ရွှင်ရွှင်ချစ်ချစ်ခင်ခင်ပဲ။ တစ်နေ့ သူတို့တွေ Hill မိသားစုရဲ့ အိမ်ကြီးကို ပြင်ဖို့ ပြောင်းရွှေ့လာတဲ့အခါမှာတော့ ဒီမိသားစုရဲ့ ဘဝကို ဆယ်စုနှစ်ပေါင်းများစွာပြောင်းလဲဖို့ အ ဖြစ်အပျက်တွေနဲ့ တွေ့ကြုံလာရတာတွေကို ဇာတ်အိမ်ဖွဲ့ထားတာပါ။


ဇာတ်လမ်းခေါင်းစဉ်ကိုဖတ်ကြည့်ရင် အိမ် ပြောင်းသရဲခြောက်တဲ့ ထိတ်လန့်သည်းဖိုဇာတ် လမ်းပဲလို့ ထင်ကြမှာပါ။ ဒါပေမဲ့ ဒီဇာတ်လမ်းတွဲ က နည်းနည်းလေးထူးခြားပါတယ်။ သာမန် သရဲ ခြောက်လို့ ပြဿနာတွေတောက်လျှောက်တက် တယ်ဆိုတဲ့ပုံမျိုးမဟုတ်ဘဲ ဒီအိမ်ကြီးကြောင့်ဖြစ် လာတဲ့ အကျိုးဆက်တွေကို ပိုပြီးဦးတည်ထား တယ်။ ဒီအိမ်ကိုရောက်တော့ ကလေးတွေက ငယ်ကြသေးတယ်။ ဒါပေမဲ့ အိမ်မှာအဆင်မပြေ လို့ အိမ်ပြောင်းသွားတယ်။ အသက်တွေကြီး လာတယ်။ ကလေးတွေရ၊ အိမ်ထောင်တွေကျတဲ့ အထိ ဒီအိမ်ကြီးရဲ့ လွှမ်းမိုးမှုတွေ၊ ငယ်ဘဝက ကြုံတွေ့ခဲ့ရတဲ့ trauma  တွေက မိသားစုတစ်ခု လုံးကို သက်ရောက်နေတုန်းပဲ။ ဒါနဲ့ပဲ ငယ်ငယ် က အရမ်းပျော်စရာ ကောင်းလှတဲ့ မိသားစုဟာ ကြီးလာတော့ မခေါ်မပြော အစာမကျေ၊ တစ်ယောက် နဲ့တစ်ယောက် မကြည်ဖြစ်လာတယ်။


ဇာတ်လမ်းတွဲရဲ့ တင်ဆက်ပုံအရ ငယ်ငယ်တုန်းကအချိန်နဲ့ လက်ရှိအချိန်တို့ကို တစ်လှည့်စီ ပညာသားပါပါပြသွားတဲ့အတွက် အကျိုးအ ကြောင်းတွေဆုံလို့ ပွင့်ထွက်ကုန်ကြတဲ့အခါမှာ ဝမ်းနည်းဖို့လည်းကောင်း၊ သနားဖို့ တရားရဖို့ လည်းကောင်းတာတွေ တွေ့လာရတယ်။ ပိုများ တာကတော့ ချောက်ချားဖို့ပေါ့။ ချောက်ချားတယ်ဆိုလို့ တစ်ကားလုံးမှာ ခြောက်လှန့်တဲ့ အခန်းက ပါတယ်ဆိုရုံလောက်ပဲ။ Haunting of Hill House ဟာ အေး အေးဆေးဆေးနဲ့ ဇာတ်လမ်းအရ ချောက်ချားဖို့ ကောင်းတဲ့ကားမျိုး အရသာခံ ကြည့်ချင်တဲ့သူ တွေအတွက် ပြီးတဲ့အထိ စောင့်ကြည့်ဖို့ လုံးဝ တန်ပါတယ်လို့ ညွှန်းပါရစေ။

#democracytoday

 

Rate this item
(0 votes)
back to top