HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

''မင်းသား တစ်ယောက်တည်းရဲ့ဇာတ်ကားကို ရုံပြိုင်စနစ်နဲ့ ရုံတင်တာ ပျက်စီးဖို့ လမ်းကြောင်းကို သွားနေတယ်လို့ မြင်ပါတယ်'' အကယ်ဒမီနေတိုး

''မင်းသား တစ်ယောက်တည်းရဲ့ဇာတ်ကားကို ရုံပြိုင်စနစ်နဲ့ ရုံတင်တာ ပျက်စီးဖို့ လမ်းကြောင်းကို သွားနေတယ်လို့ မြင်ပါတယ်'' အကယ်ဒမီနေတိုး

ရန်ကုန်၊ နိုဝင်ဘာ ၁၁

'မုန်းစွဲ''မှာ နိုင်ငံတကာ သရုပ်ဆောင်မှုပုံစံမျိုးကို သွားထားတယ်လို့ပြောတဲ့ သရုပ်ဆောင်နေတိုးကို အခုလိုမေးမြန်းဖြစ်ခဲ့ပါ တယ်။ 

 

မေး။ ။ ''မုန်းစွဲ'' ဇာတ်ကားလည်း ကြည့်ပြီးပြီ ဆိုတော့ ဇာတ်ကားနဲ့ပတ်သက်ပြီး ပြောချင်တာများ ရှိမလား။

ဖြေ ။ ။ ''မုန်းစွဲ'' ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေလည်း Trailer တွေလည်းကြည့်ပြီး သားဆိုတော့ အများကြီးတော့ ပြောစရာမရှိပါဘူး။ ဇာတ်ကားမှာပါဝင်ထားသူတိုင်း အကုန်လုံးက ဇာတ်ကားအတွက် အများကြီးကြိုးစားထားပါတယ်။ နောက် ဒီဇာတ်ကားမှာ ပါဝင်သူအများစုကလည်း အနုပညာလောကထဲကို အတူတူရောက်လာတဲ့သူ များပါတယ်။ ဒါရိုက်တာသြရသဆိုရင်လည်း ကျွန် တော်နဲ့ အနုပညာသက်တမ်းအတူတူပါပဲ။ ကိုဝင်း လွင်ထက်၊ နောက်ပါဝင်တဲ့သရုပ်ဆောင်တွေ၊ ကင် မရာမန်းတွေ တော်တော်များများက လူငယ်တွေ ဖြစ်တာကြောင့် လူငယ်တွေဖန်တီးထားတဲ့ဇာတ် ကားလည်းဖြစ်ပါတယ်။ ပရိသတ်တွေကလည်း တော်တော်များများအားပေးတာကြောင့် ကျေနပ်ပီ တိဖြစ်ပါတယ်။

မေး ။ ။ ညီဖြစ်သူ သရုပ်ဆောင်မင်းသွေးနဲ့ ပတ်သက်ပြီးတော့ရော အမှတ်တရဖြစ်တာလေးတွေ ပြောပြပေးပါဦး။

ဖြေ ။ ။ ဇာတ်ကားရုံတင်တဲ့အချိန်မှာ မင်း သွေးမရှိတော့တာက အမှတ်တရအဖြစ်ဆုံးဖြစ်ပါ တယ်။ အမှတ်တရကတော့ အမြဲရှိနေမှာဖြစ်ပါ တယ်။ မင်းသွေးက သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တယ်။ ကိုယ့်ညီတစ်ယောက်လည်းဖြစ်တာ ကြောင့် သတိရပါတယ်။ အနုပညာအလုပ်တွေ တူတူလုပ်ဖြစ်တဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် တိုင်ပင် ဆွေးနွေးတာမျိုးရှိတယ်။ ကျွန်တော်က သင်ပြပေးရတာလည်းရှိတယ်။ သူကလည်း ကိုယ် ပိုင်ဟန်လေးနဲ့ လုပ်တာတွေလည်းရှိပါတယ်။ ဒီ ''မုန်းစွဲ'' ဇာတ်ကားမှာ မင်းသွေးအများကြီးကြိုးစားပြီး သူ့ရဲ့သရုပ်ဆောင်အရည်အသွေးတွေ အများကြီး ပြခွင့်ရတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။

 

မေး ။ ။ ကိုယ့်ဇာတ်ကားတွေအပါအဝင် အ ခြားမင်းသားတွေရဲ့ဇာတ်ကားတွေကို အခုလက် ရှိမှာ ရုံပြိုင်တင်တဲ့စနစ်နဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုမြင်လဲ။

ဖြေ ။ ။ ဒီလိုမျိုး ရုပ်ရှင်ရုံတွေကကောင်းတဲ့ ဇာတ်ကားတွေကို တစ်ပြိုင်နက်ရုံတင်တာကတော့ မကောင်းတော့ မကောင်းပါဘူး။ ဘာကြောင့်လဲဆို တော့ ပရိသတ်တွေအနေနဲ့ ရုံပြိုင်တင်တဲ့ဇာတ်ကား တွေအကုန်လုံးက ကောင်းတဲ့အခါ ဘယ်ဇာတ်ကား ကိုရွေးချယ်လို့ ရွေးချယ်ရမှန်းမသိဖြစ်တတ်ပါ တယ်။ ပုံမှန်အားဖြင့် ရုံပြိုင်စနစ်ရှိတာ ကောင်း တယ်ဆိုပေမယ့် ဒီလို မင်းသားတစ်ယောက်တည်း ကို နှစ်ရုံပြိုင်ပြီးတင်တာက ပျက်စီးဖို့လမ်းကြောင်း တစ်ခုကိုသွားတယ်လို့ ကျွန်တော်မြင်ပါတယ်။

 

မေး ။ ။ ဇာတ်ကားတစ်ကားကိုရိုက်ပြီဆို ပရိ သတ်စိတ်ဝင်စားအောင် ဘယ်လိုရိုက်မလဲ။ မုန်းစွဲ ဇာတ်ကားမှာရော ပရိသတ်တွေ စိတ်ဝင်စားအောင် ဘယ်လိုတွေလုပ်ဆောင်ထားလဲ။

ဖြေ ။ ။ အဓိကကတော့ ကျွန်တော်တို့ရိုက်တဲ့ ဇာတ်ကားတစ်ကားက ကိုယ်တိုင်လည်းကျေနပ်ဖို့ လိုတယ်။ နောက် ပရိသတ်ကိုလည်း ရိုက်ကူးတဲ့အ ချိန်ကတည်းက စေတနာအပြည့်ထားပြီး ရိုက်ကူး ဖို့လည်းလိုပါတယ်။ ကိုယ်တွေက ဘယ်လောက် ပဲကြိုးစားနေနေ ဇာတ်လမ်းက ကိုယ်တွေရိုက် နေကျပုံစံမျိုးထဲကသွားပြီး နေ့စဉ်လုပ်နေ ရတဲ့အလုပ်၊ နေ့စဉ်လုပ်နေတဲ့ အိုက် တင်တွေကိုပဲ သွားနေမယ်ဆိုရင် ကျွန်တော်တို့ဘယ်လောက်ပဲကြိုး စားနေနေ ပြောင်းလဲအောင်လုပ် လို့မရပါဘူး။ ''မုန်းစွဲ'' ရုပ်ရှင်ဇာတ် ကားကြတော့ ကျွန်တော်တို့ လည်း အရမ်းကြီးကို စိန်ခေါ်မှု များပါတယ်။ ကျွန်တော်တို့လုပ် နေကျ သရုပ်ဆောင်မှုတွေ မဟုတ်ဘူး။ နောက် ကိုယ်တိုင် ရော ဒီဇာတ်ကားကို ရိုက်ကူးတဲ့ အချိန်မှာ ဈာန်ဝင်စားမှု၊ နောက် ဇာတ်ကောင်က ကျွန်တော်တို့ကို စိန်ခေါ်ပါတယ်။ ကာရိုက်တာကို ဘယ်လောက်ပီ ပြင်အောင်လုပ်နိုင်လဲ ဆိုတဲ့ စိန်ခေါ်မှုများပါတယ်။ သူငယ်ချင်း တွေနဲ့ရိုက်တာဖြစ်တာကြောင့် တစ်ယောက် နဲ့တစ်ယောက် တိုင်ပင်ပြီးလုပ်တာကြောင့် အိုက်တင်တွေ သဘာဝကျတယ်။ ကျွန်တော် တို့ ရုပ်ရှင်သိပ်မဆန်တဲ့ သရုပ်ဆောင်မှုမျိုး တွေကို ကျွန်တော်တို့လုပ်ထားပါတယ်။ ကျွန် တော်တို့ပြောပြောနေတဲ့ နိုင်ငံတကာသရုပ် ဆောင်မှုပုံစံမျိုးကို သွားထားတဲ့ပုံစံမျိုးကို ပရိ သတ်တွေ မြင်တွေ့ရမှာဖြစ်ပါတယ်။

KZYH

#democracytoday

Rate this item
(0 votes)
back to top