HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

လတ်ဗီယာရဲ့ အလှဆုံး အမျိုးသမီး လီဗာလာဂူနာ

လတ်ဗီယာရဲ့ အလှဆုံး အမျိုးသမီး လီဗာလာဂူနာ

ရီဂါ၊ နိုဝင်ဘာ ၁၁

ဥရောပမြောက်ပိုင်း ဘော်လတစ်ဒေသရှိ လတ်ဗီယာသမ္မတ နိုင်ငံသည် အက်စတိုးရီးယားနှင့် လစ်သူယေးနီးယားနိုင်ငံတို့နှင့် နီး ကပ်စွာတည်ရှိပြီး ၎င်း၏သဘာဝ အလှအပများကြောင့် ထင်ရှားလှသည်။ လတ်ဗီယာနိုင်ငံသူအမျိုးသ မီးများမှာလည်း ၎င်းတို့၏အလှ အပနှင့် အနုပညာထူးချွန်မှုများ ကြောင့် ဥရောပတစ်ခွင် သြဇာလွှမ်းမိုးသူများအဖြစ် နေရာယူနိုင် ခဲ့ကြသည်။ ¤င်းတို့ထဲကမှ ၂ဝ၁၈ ခုနှစ်အတွက် လတ်ဗီယာ၏အလှ ဆုံးအမျိုးသမီးကို ရုပ်ပိုင်းဆိုင်ရာ အလှအပသာမက ဆွဲဆောင်မှုရှိ ခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အရည်အချင်းစသည်တို့အပေါ်အခြေခံ၍ ရွေးချယ်ခဲ့ရာတွင် ဗစ်တိုးရီး ယားစီးခရတ်မော်ဒယ် လီဗာလာဂူ နာက နံပါတ်တစ်ချိတ်ခဲ့သည်။

၁၉၉ဝ ပြည့်နှစ်တွင် မွေး ဖွားခဲ့သော လီဗာလာဂူနာသည် ကက်ဆန်နီရာဆိုလို၊ ဂျူလီယာ လက်စ်ကိုဗာ၊ အက်ဂါတာမူဆတ် နိဆီ၊ ဂျင်တာလာဗီနာအစရှိသော နာမည်ကျော်မင်းသမီးနှင့် မိုဒယ် များကိုဖြတ်ကျော်၍ နံပါတ်တစ်ချိတ်ခဲ့ခြင်းဖြစ်သည်။ လီဗာလာဂူနာသည် လက် ဗီယာနိုင်ငံ၏ ထိပ်တန်းမိုဒယ်တစ် ဦးဖြစ်သည်။ ၂ဝ၁၇ ခုနှစ်တွင် နာမည်ကျော် Vogue မဂ္ဂဇင်းကာဗာ မော်ဒယ်လ်အဖြစ် အနုပညာခြေ လှမ်းစခဲ့သူဖြစ်ပြီး လက်ရှိတွင် အဝတ်အစားဒီဇိုင်နာတစ်ဦးအ ဖြစ်လည်း အသက်မွေးနေသည်။ နယူးယော့ဖက်ရှင်ရှိုးများတွင် အ မြဲပါဝင်နေကျမော်ဒယ်လ်ဖြစ်ပြီး DAVDY  မော်ဒယ်အေဂျင်စီ၏ တည်ထောင်သူတစ်ဦးလည်းဖြစ် သည်။

Ref;beauty.com

#democracytoday

Rate this item
(0 votes)
back to top