HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ကယ်လီဖိုးနီးယား တောမီးလောင်ကျွမ်းမှုကြောင့် နာမည်ကျော် ပါရာမောင့် ရုပ်ရှင်ခြံ အပါအဝင် အနုပညာရှင်များ၏ အိမ်များ မီးသင့်ခဲ့ရ

ကယ်လီဖိုးနီးယား တောမီးလောင်ကျွမ်းမှုကြောင့် နာမည်ကျော် ပါရာမောင့် ရုပ်ရှင်ခြံ အပါအဝင် အနုပညာရှင်များ၏ အိမ်များ မီးသင့်ခဲ့ရ

လော့စ်အိန်ဂျလိစ်၊ နိုဝင်ဘာ ၁၁

ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတွင် တောမီးမှတစ်ဆင့် ကူးစက်လောင်ကျွမ်းနေသော မီး ကြောင့် ၁၉၇၂ ခုနှစ်မှ စတင်တည်ထောင်ခဲ့သည့် နာမည်ကျော် ပါရာမောင့်ရုပ်ရှင်ခြံအပါအဝင် အနုပညာရှင်များ၏ အိမ်များမီးဘေးသင့်ခဲ့ရကြောင်း CNN  သတင်းအရ သိရသည်။

လော့စ်အိန်ဂျလိစ်မှ မိုင်ငါးဆယ်ခန့်ကွာဝေးသော ဧကခုနစ် သောင်းခန့်ရှိသည့် ပါရာမောင့်ရုပ် ရှင်ခြံအတွင်းရှိ HBO ရုပ်သံလိုင်း မှ ၁၉၅ဝ ပြည့်နှစ်ကတည်းက အသုံး ပြုနေသည့် စတူဒီယိုမှာလည်း မီး ဘေးသင့်ခဲ့ရသည်။ ယင်းစတူဒီယိုမှာ လက်ရှိတွင် ထုတ်လွှင့်နေသည့် ''West World"  တီဗီစီးရီးရိုက်ကူး နေသည့်နေရာဖြစ်သည်။ ယင်းအ ပြင် ရုပ်ရှင်ခြံအတွင်းရှိ အကျဉ်း ထောင်၊ ဟိုတယ်နှင့်ဆံသဆိုင် အစရှိသော ပုံစံတူပြုလုပ်ထားသည့် စတူဒီယိုဆက်တင်များ၊ ''မာကိုပိုလို၏ စွန့်စားခန်းများ'' ရုပ်ရှင်ရိုက်းခဲ့ရာ နေရာအတော်များများ လည်း မီးသင့်ပျက်စီးခဲ့ရသည်။


ယင်းမီးလောင်မှုတွင် နာမည် ကျော်အနုပညာရှင်များဖြစ်သည့် အဆိုတော် လီယန်ပိန်း၏ ကန်ဒေါ်လာ ၁ဝ သန်းတန်အိမ်၊ သရုပ်ဆောင် အလီဘာမီလာနို၏ နေအိမ်နှင့် မင်းသား အော်လန်ဒိုဘလွန်းတို့၏ အိမ်များမှာ မီးသင့်သည့်ထဲပါသွား ခဲ့ရပြီး ကင်မ်ကာဒစ်ရှန်၊ လေဒီ ဂါဂါ နှင့် ကတ်တလင်းဂျန်နာတို့မှာ အသက်ဘေး လွတ်မြောက်စေရန် အိမ်များကို စွန့်ခွာရှောင်တိမ်းခဲ့ရ သည်ဟုလည်း သိရသည်။ အလီဘာမီလာနိုက ''မီးဘေးကနေ လူတွေကတော့လွတ်ပါရဲ့။ စည်းစိမ်ဥစ္စာတွေနဲ့ အိမ်ကတော့ မီးထဲပါကုန်ကြရပြီ''ဟု ပြောပြခဲ့ သည်။

Ref:CNN, AP

#democracytoday

Rate this item
(0 votes)
back to top