HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

Miss Supranational 2018 အလှမယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံကိုယ်စားပြုအလှမယ် ရွှေအိမ်စည် နိုဝင်ဘာ ၁၉ ရက်တွင် ပြည်တွင်းမှထွက်ခွာမည်

Miss Supranational 2018  အလှမယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်  နိုင်ငံကိုယ်စားပြုအလှမယ် ရွှေအိမ်စည် နိုဝင်ဘာ ၁၉ ရက်တွင် ပြည်တွင်းမှထွက်ခွာမည်

Miss Supranational Myanmar 2018အလှမယ်ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် Miss Supranational Myanmar 2018 အလှမယ်ရွှေအိမ်စည် နိုဝင်ဘာ ၁၉ ရက်တွင် ပြည်တွင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။Miss Supranational Myanmar 2018  အလှမယ် ရွှေအိမ်စည်သည် ပိုလန် နိုင်ငံတွင် ပြုလုပ်မည့် Miss Supranational Myanmar 2018 အလှမယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ် ပြိုင်ရန်အတွက် နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

''အိမ်စည်က အမြဲတမ်းကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထား ပါတယ်။ ဘယ်အရာကိုပဲလုပ်လုပ် အိမ်စည် လုပ်သမျှအရာ အားလုံးအတွက် ကိုယ်ဘက်က အကောင်းဆုံး လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ပဲ လုပ်တယ်။ ဒီပြိုင်ပွဲအတွက်လည်း အိမ်စည်မှာ အပြည့်အဝ ယုံကြည်မှုရှိတယ်။ ပြိုင် ပွဲသွားပြိုင်တဲ့ ရည်ရွယ်ချက်က သရဖူရပြီး နာမည်ကြီးဖို့အတွက် မဟုတ်ပါဘူး။ မြန်မာကို အကောင်းဆုံး ကိုယ်စားပြုနိုင်ဖို့ပဲ ရည်ရွယ်ပါတယ်။ မြန်မာအမျိုးသမီး တစ်ယောက်ရဲ့ အရည်အချင်းကို အကောင်းဆုံး ထုတ် ဖော်ပြသဖို့အတွက်ပဲ သွားရောက်ယှဉ်ပြိုင်မှာပါ''ဟု Miss Golden Land Myanmar 2018 အလှမယ် ရွှေအိမ်စည်က ပြောသည်။


အလှမယ်ရွှေအိမ်စည်သည် နိုင်ငံကိုယ်စားပြုအနေ ဖြင့် ယှဉ်ပြိုင်ရန် ရက်ပိုင်းအလိုတွင်သရဖူ ပြန်လည်သိမ်းခြင်းခံခဲ့ပြီးနောက်ပိုင်း အလှမယ်ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိတော့ဘဲ အနုပညာအလုပ်များကိုသာလုပ်ကိုင်လာပြီး Miss Golden Land Myanmar 2018 အလှမယ်ပြိုင်ပွဲတွင် ရခိုင်ကိုယ် စားပြုအလှမယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ရာမှ နိုင်ငံကိုယ်စား ပြု အနေဖြင့် ရွေးချယ်ခြင်း ခံခဲ့ရသည်။ Miss Supranational အလှမယ်ပြိုင်ပွဲသည် နိုင်ငံတကာမှ အလှမယ် ၈ဝ ကျော် ပါဝင်ယှဉ်ပြိုင်သော အလှမယ်ပြိုင်ပွဲ တစ်ပွဲဖြစ်ပြီး မြန်မာ နိုင်ငံမှ ၂ဝ၁၃ ခုနှစ် မှ စတင်ကာ ပါဝင် ယှဉ်ပြိုင်ခဲ့သော အလှမယ် ပြိုင်ပွဲကြီးတစ်ပွဲ လည်းဖြစ်သည်။

 

Miss Supranational 2018  အလှမယ်ပြိုင်ပွဲကြီး၏ နောက်ဆုံးအဆင့် ဖိုင်နယ်ပြိုင်ပွဲကို ဒီဇင်ဘာ ၇ ရက်တွင် ပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။ အဆိုပါ Miss Supranational 2015 အလှမယ်ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှ ပထမဦးဆုံး အကြိမ်တွင် အလှမယ်ခင်ဝင့်ဝါမှ ပါဝင်ယှဉ်ပြိုင် ခဲ့ပြီး ဒုတိယအကြိမ်တွင် အလှမယ်ဟန်သီမှ ပါဝင် ယှဉ် ပြိုင်ခဲ့ကာ တတိယအကြိမ်တွင် အလှမယ် L ဘောက်နူး အစရှိသော အလှမယ်များမှ နိုင်ငံကိုယ် စားပြုအနေဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ 

NN

#democracytoday

Rate this item
(0 votes)
back to top