M Bwe

M Bwe

ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၂၁

သြစတြေးလျနိုင်ငံမှ ဘက်ပတစ်ခရစ်ယာန်ဘိုးဘွားရိပ်သာ တစ်ခုတွင် လူငါးဦးမသင်္ကာဖွယ် သေဆုံးခဲ့ရမှုနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးလျက်ရှိပြီး ဆရာဝန်တစ်ဦးကို ကျန်းမာရေးအာဏာပိုင်များထံသို့တိုင်ကြားထားကာ သူနာပြုသုံးဦးကို အလုပ်ထုတ်လိုက်သည်ဟု အာဏာပိုင်များက ဖေဖော်ဝါရီ ၂၁ ရက်တွင်ပြောသည်။

ကိုလံဘို၊ ဖေဖော်ဝါရီ ၂၁

သီရိလင်္ကာနိုင်ငံတွင် ဖေဖော်ဝါရီ ၂၁ ရက်၌ ဘတ်စ်ကားတစ်စီးပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွားရာ စစ်သား ၁၂ ဦးအပါအဝင် ၁၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အာဏာပိုင်များကပြောသည်။ ပေါက်ကွဲမှုဖြစ်ပွားရခြင်း၏အကြောင်းရင်းကို မသိရသေးသော်လည်း ဗုံး သို့မဟုတ် လက်ပစ်ဗုံးပေါက်ကွဲမှုဖြစ်နိုင်သည်ဟု ၎င်းတို့ကပြောသည်။

လန်ဒန်

နေထိုင်မကောင်းဖြစ်သော ကလေးငယ်များအား မိဘများက ဆေးဝါးပညာရှင်များထံ ဦးစွာခေါ်ဆောင်သွားသင့်ကြောင်း NHS England လှုံ့ဆော်ရေးအဖွဲ့သစ်က ပြောကြားခဲ့သည်။ ၎င်းတို့၏ လေ့လာဆန်းစစ်မှုအရ အသက်ငါးနှစ်အောက်ကလေး ၆ ရာခိုင်နှုန်းသာ မိဘများက ဆေးဝါးပညာရှင်များထံဦးစွာ သွားရောက်တွေ့ရှိခဲ့ကြသည်။

ကင်းဘရစ်

ခွဲစိတ်ကုသပြီးနောက် နာကျင်မှုဝေဒနာ ခံစားနေရသော အမျိုးသားတစ်ဦးက အမိုးအကာအောက်မဟုတ်သော ရေအေးထဲဆင်းစိမ်ပြီး ကုသခဲ့ကြောင်းသိရသည်။ ရေအေးထဲ ဆင်းကူးခြင်းက အကိုက်အခဲပျောက်ဆေးနှင့် ရူပဗေဒကုထုံးဖြင့် ကုသခြင်းကို အပြောင်း အလဲဖြစ်စေနိုင်သည်ဟု ဆရာဝန်တို့က ရှုမြင်ခဲ့ကြသည်။

အီဒင်ဘတ်

ဓာတ်ခွဲခန်းတွင် ပထမဦးဆုံးအကြိမ်အဖြစ် လူသားမျိုးဥများကို ပေါက်ဖွားစေခဲ့ ကြောင်း အီဒင်ဘတ်တက္ကသိုလ်မှ သုတေသီတို့က ပြောကြားခဲ့သည်။ သုတေသီအဖွဲ့၏အဆိုအရ နည်းပညာက ကလေးမျိုးအောင်မှုကို ထိန်းသိမ်းပေးသည့် နည်းလမ်းသစ်ကို ရှေးရှုစေမည်ဖြစ်သည်ဟုသိရသည်။

ဝါရှင်တန် 

အမေရိကန် လက်ဝှေ့ကျော် မေဝဲလ်သာနှင့်မကျေပွဲ ထပ်မံယှဉ်ပြိုင်ထိုးသတ်ရန်ရှိနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည့် အိုင်ယာလန် MMA ကစားသမားမက်ဂရီဂေါ်က မေဝဲလ်သာအနေဖြင့် လက်ရှိ ကစားသမားဘဝ၏ အကောင်းဆုံးစံချိန်များနှင့်အတူ အနိုင်ပိုင်းကာ အနားယူသင့် နေပြီဖြစ်ကြောင်း စကား စစ်ထိုးမှုများပြုလုပ်ခဲ့သည်။

မက်ဒရစ်

အိုင်ဗရီကို့စ်အမျိုးသားတစ်ဦးက အသက်ရှစ်နှစ်အရွယ် သူ၏သားဖြစ်သူကို ခရီးဆောင် သေတ္တာထဲထည့်၍ မော်ရိုကိုနိုင်ငံမှ စပိန်နိုင်ငံအတွင်းသို့ တရားမဝင် ခေါ်ဆောင်လာခဲ့မှုတွင် ထောင်ဒဏ်မှကင်းလွတ်ခဲ့ကြောင်းသိရသည်။  စပိန်အာဏာပိုင်တို့ကမူ အလီကွာတာရာအမည်ရှိ အဆိုပါအမျိုးသားအား သူ၏သားဖြစ်သူကို စပိန်နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နိုင်ရေး လုပ်ဆောင်ခဲ့မှုအတွက် အကျဉ်းထောင်သို့ပို့ရန် လိုလားလျက်ရှိသည်။ သို့ရာတွင် ဖခင်ဖြစ်သူက သူ၏သား ဖြစ်သူကို ခရီးဆောင်သေတ္တာအတွင်း ထည့်၍ တရားမဝင် သယ်ဆောင်လာကြောင်း သိရှိခြင်းကို အထောက်အထား တွေ့ရှိခြင်းမရှိ ကြောင်း စပိန်အာဏာပိုင်တို့က ဝန်ခံခဲ့ကြသည့်အတွက် အလီကွာတာရာမှာ ဒဏ်ငွေ အနည်းငယ်သာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည် ဟုဆိုသည်။

ယူနိုက်တက်နေးရှင်း၊ ဖေဖော်ဝါရီ ၂ဝ

ကင်ဆာရောဂါ အပြင်းအထန် ခံစားနေရသူ တစ်ဦးကို သေဒဏ် မစီရင်ရန် အမေရိကန်အစိုးရကို ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်း ကျင်သူနှစ်ဦးက တိုက်တွန်းလိုက် ကြောင်း ဖေဖော်ဝါရီ ၂ဝ ရက် ဆင်ဟွာသတင်းက ဆိုသည်။ ဥပဒေမဲ့ သေဒဏ်စီရင်မှုဆိုင် ရာ အထူးအစီရင်ခံစာ တင်သွင်းသူ ကဲလမတ်နှင့် ညှဉ်းပန်းနှိပ်စက်မှု ဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်း သူ မဲလ်ဇာတို့က ကင်ဆာရောဂါ အပြင်းအထန် ခံစားနေရသည့် ဒွိုင်း လီဟမ်းကို အမေရိကန်ပြည်ထောင် စု အလာဘားမားပြည်နယ်တွင် ဖေ ဖော်ဝါရီ ၂၂ ရက်၌ သေဒဏ်စီရင် မှု နောက်ဆုတ်ရွှေ့ဆိုင်းပေးရန် ပူး တွဲကြေညာချက် ထုတ်ပြန်ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂ဝ


အေပီသတင်းဌာန ဓာတ်ပုံ ဆရာဟောင်း မက်စ်ဒက်စ်ဖာ အသက်(၁ဝ၄)နှစ်သည် မေရီလန်း ပြည်နယ် ဆီလ်ဗာစပရင်းတိုက်ခန်းတွင် ဖေဖော်ဝါရီ ၁၉ ရက်က ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့သည်ဟုသားဖြစ်သူ ဘယ်ရီက ဖေဖော်ဝါရီ ၂ဝ ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။ ၎င်းသည် ၁၉၅ဝ ကိုရီးယားစစ်ပွဲအတွင်းက ကိုရီးယားစစ်ဘေးဒုက္ခသည်များ အသက်ဘေးလွတ်မြောက်ရန်အတွက် တံတားပျက်တစ်စင်းမှ လေးဘက်တွားကာ ကူးဖြတ်နေပုံ ဖြင့် ပူလစ်ဇာဆုရ ထင်ရှားခဲ့သူတစ်ဦးဖြစ်သည်။ ပင်စင် ယူပြီးနောက်ပိုင်း ၎င်းသည် အထက်ပါတိုက်ခန်း၌သာ အမြဲနေထိုင်သွားခဲ့ကြောင်း သိရသည်။

ဆိုးလ်၊ ဖေဖော်ဝါရီ ၂ဝ

ကေကေပေါ့ပ် အမျိုးသမီးအဆိုတော်အဖွဲ့တစ်ခုဖြစ်သည့် MAMAMOO သည် ၉ လအတွင်း ပထမဆုံး EP အယ်လ်ဘမ်တစ်ခုကို ဖြန့်ချိတော့မည် ဖြစ်ကြောင်း အဖွဲ့၏စီမံခန့်ခွဲရေးအေဂျင်စီက ဖေဖော်ဝါရီ ၂ဝ တွင် ပြောကြားခဲ့သည်။ RBW  အေဂျင်စီက '' MAMAMOO အဖွဲ့ဟာ မတ် ၇ ရက် ညနေ ၆ နာရီမှာ အယ်လ်ဘမ်သစ်တစ်ချပ်ကို ဖြန့်ချိမှာဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ထွက်ရှိခဲ့တဲ့ သူတို့ရဲ ပဉ္စမမြောက်အယ်လ်ဘမ် 'Purple'  နောက်ပိုင်း ပထမဆုံး အယ်လ်ဘမ်ဖြစ်လာမှာပါ''ဟု ပြောကြားခဲ့သည်။

Page 1 of 79