လော့စ်အိန်ဂျလိစ်၊ မေ ၁၇
ဟာသရုပ်ရှင်ဇာတ်ကား Muscle တွင် သရုပ်ဆောင်ရန်နှင့် ပရိုဂျူဆာအဖြစ် တာဝန်ယူရန် မင်းသားကြီးဗင်ဒီဇယ် လက်မှတ်ရေးထိုးလိုက်ပြီဖြစ် ကြောင်း မေ ၁၇ ရက် Contactmusic သတင်းကဆိုသည်။ အသက်(၅ဝ) ရှိပြီဖြစ်သော ဝါရင့်မင်းသားကြီး ဗင်ဒီဇယ်သည် ဆမန်သာဗင်းဆင့်၊ ဟတ်ဒလင်၊ ဘိုင်ရွန်ဖီးလစ်တို့နှင့်အတူ ” Muscle” ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်မည်။ ” Muscle ”ရုပ်ရှင်ကို ရုပ်ရှင် အတွဲလိုက်အဖြစ် ဆက်လက်ထုတ်လုပ်ရိုက်ကူးနိုင်ရန်လည်း မျှော်လင့်ထားသည်။
STX ရုပ်ရှင်ထုတ်လုပ်ရေး၏ ဥက္ကဋ္ဌ အဒမ်ဖော်ဂယ်ဆင်က ”ကျွန်တော်နဲ့ဗင် သိလာတာ ၁ဝ နှစ်ကျော်ပါပြီ။ Fast & Furious ရုပ်ရှင်တွေမှာလည်း သူနဲ့တွဲလုပ်ခဲ့ရပါ တယ်။ သူဟာသအက်ရှင်ကား ပြန်ရိုက်မယ်ဆိုလို့ စိတ်အား တက်ြ<ွကမိပါတယ်''ဟု ပြောသည်။ ” Muscle ဇာတ်ကားက ဟာသနဲ့ အက်ရှင်ရောထားတာ။ သူ့ရဲ့ သန်းနဲ့ချီတဲ့ ပရိသတ်တွေ ကြိုက်ကြမှာပါ။ ဗင်ဒီဇယ်အတွက်လည်း ပိုပြီးနာမည်ကြီးဖို့ အခွင့်အရေးတစ်ခုပါ”ဟု ဖော်ဂယ်ဆင်က ပြောသည်။
ဗင်ဒီဇယ်သည် ယခုရုံတင်ပြသနေသော ” Avengers: Infinity War ”ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ထားသည်။ မကြာမီထွက်ရှိလာမည့် ” Blood shot ”နှင့် ” xXx 4 ”ရုပ်ရှင်တို့တွင်လည်း ပါဝင်သရုပ်ဆောင်ထားသည်။ ထို့နောက် ဇူလိုင်လမှစ၍ Fast & Furious ဇာတ်ကားသစ်ရိုက်ကူးရန်လည်း စီစဉ်ထားသည်။
Ref: Contactmusic
#democracytoday
Discussion about this post