HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ဂျိမ်းစ်ဘွန်း အဖြစ် ရိုက်ကူးဖို့ ငြင်းပယ်ခဲ့တဲ့ အကြောင်းရင်းကို ဟုခ်ျဂျက်ခ်မန်း ရှင်းလင်း

ၾသစေၾတးလ်၊ ဒီဇင္ဘာ ၆

သြစတေးလျမင်းသား ဟုခ်ျဂျက်ခ်မန်းက ဂျိမ်းစ်ဘွန်းအဖြစ် ရိုက်ကူးရန်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ရသည့် အကြောင်းရင်းကို ရှင်းလင်းပြောကြားခဲ့သည်။ အသက်(၄၉)နှစ်အရွယ် မင်းသား ဟုခ်ျဂျက်ခ်မန်းကို အထူးလျှို့ဝှက်အေးဂျင့် ဂျိမ်းစ်ဘွန်းအနေဖြင့် မင်းသားကြီးပီးယာ့စ်ဘရော့စနန်နေရာတွင် အစားထိုးရန် ကမ်းလှမ်းခံခဲ့ရသော်လည်း ဇာတ်ညွှန်းမှာ စိတ်ဝင်စားဖွယ်ရာမရှိသောကြောင့် လက်ရှိမင်းသား ဒန်နီယယ်ကရေ့ဂ်ျထံ ယင်းဇာတ်ရုပ်ကို လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

ဆောအင်ဂုနှင့် ပတ်ဘိုရမ်တို့ မေတ္တာမျှနေပြီဟု အတည်ပြု

ဆိုးလ်၊ ဒီဇင်ဘာ ၆ 

အဆိုတော်၊ မင်းသား ဆောအင်ဂုနှင့် မင်းသမီးပတ်ဘိုရမ်တို့ မေတ္တာမျှနေသည်မှာ တစ်နှစ်ခွဲခန့်ရှိပြီဖြစ်ကြောင်း အတည်ပြုလိုက်ပြီဖြစ်သည်။ ''Superstar K" အစီအစဉ်မှ ပြိုင်ပွဲဝင်နှစ်ဦးဖြစ်ခဲ့ဖူးသည့် ၎င်းတို့နှစ်ဦးမှာ အသက်ခုနစ်နှစ်ကွာခြားသည်ဟုသိရသည်။ ဒီဇင်ဘာ ၆ ရက်တွင် TV Report ၏အဆိုအရ ၎င်းတို့သည် ဆောအင်ဂုနှင့် ပတ်ဘိုရမ်တို့ ချိန်းတွေ့ နေကြသည်ကို မြင်တွေ့ခဲ့ရသည်ဟု အခိုင်အမာပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ချစ်သူဟောင်းနဲ့ ပြန်ပေါင်းထုပ်တော့မယ့် ဟီလာရီဒက်ဖ်

လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၆

အဆိုတော် ဟီလာရီဒက်ဖ်သည် ဆယ်လီနာဂိုးမက်ဇ်နှင့် ဂျက်စတင်ဘီဘာ စုံတွဲကဲ့သို့ပင် ရည်းစား ဟောင်း မက်သရူးကိုမာနှင့် အချစ်ဇာတ်လမ်းကို ပြန်ပေါင်းထုပ်တော့မည်ဖြစ်ကြောင်းသိရသည်။ ၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့်မတ်လတွင် လမ်းခွဲခဲ့ကြသော်လည်း အသစ်တဖန်အချစ်ရေးကို ပြန်လည်စတင်နေကြခြင်းလည်း ဖြစ်သည်။ 'The Talk' အစီအစဉ်တွင် ဟီလာရီက ''ကျွန်မတို့ ချိန်းတွေ့တာ ဒါဟာ တတိယအကြိမ်မြောက်ဖြစ်ပါတယ်။ အချိန်ဆိုတာ အပေးအယူကြီးတစ်ခုပါပဲ၊ တတိယအကြိမ်မြောက်မှာတော့ ဆွဲဆောင်မှု တော်တော်ရှိပါတယ်။ အတိတ်တုန်းက တစ် ယောက်ယောက်နဲ့ချစ်ခဲ့ပြီး အချစ်သမိုင်းဟောင်းတွေရှိခဲ့ပေမယ့် ပထမနဲ့ ဒုတိယအကြိမ်တွေမှာ အလုပ်မဖြစ်ခဲ့ပါဘူး။ ထိခိုက်နာကျင်မှု တော်တော်များများရှိခဲ့ပေမယ့်လည်းထပ်ပြီးတော့ အလုပ်ဖြစ်နေနိုင်ပါသေးတယ်'' ဟု ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ကိတ်ဝင်းစလက်ပြောပြသော တိုက်တန်းနစ်ရုပ်ရှင်ရိုက်ကွင်း လျှို့ဝှက်ချက် ငါးခု

နယူးယောက်၊ ဒီဇင်ဘာ ၅မင်းသမီး ကိတ်ဝင်းစလက် (၄၂)နှစ်သည် တိုက်တန်းနစ်ရုပ်ရှင် သက်တမ်း နှစ် ၂ဝ ပြည့် အထိမ်းအမှတ်အဖြစ် ရုပ်မြင်သံကြား အစီ အစဉ်တစ်ခုတွင် ထိုဇာတ်ကား ရိုက်ကူးစဉ်က လျှို့ဝှက်ချက် ငါးခုကို ထုတ်ဖော် ပြောကြားခဲ့ကြောင်း ဒီဇင်ဘာ ၅ ရက်  Inquisitr သတင်းက ဆိုသည်။

(၁) သင်္ဘောပေါ်ရှိ ဂိုထောင်ထဲ၌ ရပ်ထားသော ကားပေါ် တွင် ချစ်ခန်းကြိုက်ခန်း ရိုက်ကူးရာ၌ မိမိတို့နှစ်ဦးစလုံး အိုက် ပြုတ်နေခဲ့ကြောင်း၊ ချစ်ခန်းကြိုက်ခန်း အသက်ဝင်စေရန် ချွေး ပေါက်များ သီးနေသည့်ဟန် စပရေးဘူးဖြင့်ဖျန်းကာ ဖန်တီးခဲ့ကြောင်း ကိတ်ဝင်းစလက်က ဖွင့်ဟသည်။
(၂) အေးစက်နေသော ရေထဲတွင် နာရီနှင့်ချီပြီး ရိုက်ကူးရသည့်အတွက် အအေးမိ အဆုတ်ရောင်ရောဂါ ရခဲ့သည်ဟူသော ကောလာဟလမှာ မဟုတ်မှန်ကြောင်း၊ သို့သော် ရေထဲတွင် ရိုက်ကူးပြီးတိုင်း ခန္ဓာကိုယ်အပူချိန် ထိုးကျခဲ့ရကြောင်းကိတ်ဝင်းစလက်က ပြောသည်။
(၃) ရုပ်ရှင်ထဲတွင်ပါသော မိမိ၏ ကိုယ်လုံးတီးခဲခြစ်ပန်းချီကို ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်း ရေးဆွဲခြင်းဖြစ်ကြောင်း၊မိမိကိုရေချိုးဝတ်စုံဖြင့်နေစေပြီး ပုံကြမ်းဆွဲခဲ့ခြင်းဖြစ်ကြောင်းကိတ်ဝင်းစလက်က ပြောသည်။
(၄) မိမိသည် ရုပ်ရှင်ကုမ္ပဏီ၏ စိတ်ကြိုက်မင်းသားဖြစ်သော မက်သရူးနှင့်အစမ်းသရုပ်ဆောင်ခဲ့ရကြောင်း၊ သို့သော်ဒါရိုက်တာက လီယိုနာဒိုကိုသာ ရွေးချယ်ခဲ့ကြောင်း ကိတ်ဝင်းစလက်က ပြောသည်။
(၅) ဇာတ်ကားနောက်ဆုံးခန်းတွင် ရေပေါ်ပေါလောပေါ်နေသော တံခါးချပ်ပေါ်၌ အမှန်စင်စစ် နှစ်ဦးစလုံးတက်ထိုင်၍ရသည်ဟု ကိတ်ဝင်းစလက်က ပြောသည်။

 

Ref: Inquisitr

ဆက်လက်ဖတ်ရှုရန် ...

ရိုက်ကွင်းမှာ ဒဏ်ရာရသွားတဲ့ မင်းသမီး ဘလိတ်လိုက်ဗလီး

လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၅ ၊ အက်ရှင်ဇာတ်ကား ''ွှ့The Rhythm Section''၏ ရိုက်ကွင်း တစ်ခုတွင် မင်းသမီး ဘလိတ်လိုက်ဗလီး ဒဏ် ရာရသွားသောကြောင့် ရိုက်ကူးရေးကို ရပ်တန့်ထားရကြောင်း ဒီဇင်ဘာ ၅ ရက် AP သတင်းက ဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းခွင့် တောင်းခံလိုက်တဲ့ အန်နာဖားရခ်စ်

လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၅ ၊ ခင်ပွန်းဖြစ်သူ ခရခ်စ်ပရက်က ကွာရှင်းခွင့်တောင်းခံထားမှုကို မင်းသမီး အန်နာဖား ရခ်စ်ကလည်း တရားရုံးတွင် ကွာရှင်းခွင့်တောင်းခံပြီး ပြန်လည်တုံ့ပြန်လိုက်ကြောင်း ဒီဇင် ဘာ ၅ ရက် eonline သတင်းက ဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

"အနုပညာအလုပ်တွေကို မေမေတိုက်တွန်းလို့ လုပ်ဖြစ်တာမဟုတ်ပါဘူး" ဆန်းသစ်လ

ရန်ကုန်၊ ဒီဇင်ဘာ ၎

 

အနုပညာအလုပ်တွေကို ကိုယ့်သဘောနဲ့ ကိုယ်လုပ်တာပါ မေမေရဲ့တိုက်တွန်းချက်တွေ မပါပါဘူးလို့ အဆိုတော် မေရွက်ဝါရဲ့သမီးဖြစ်သူ အဆိုတော် ဆန်းသစ်လက ပြောပါတယ်။ ''မေမေ့သမီးဖြစ်လို့ အနုပညာကို ဝါသနာပါတာ မဟုတ်ပါဘူး။ ကိုယ်တိုင်က တကယ်ကို ဝါသနာပါလို့လုပ်ဖြစ်တာ ဖြစ်ပါတယ်။ မေ မေကိုယ်တိုင်ကလည်း ကိုယ်တွေရဲ့ဝါသနာပါလို့သာ လုပ်ခွင့်ပေးထားတာပါ။ ဒီလောကကအရမ်းကို နက်နဲပါတယ်။ မေမေကသားသမီး တွေကို အေးအေးဆေးဆေးပဲ နေထိုင်စေချင်တယ်။ ဒါပေမဲ့ ညီမတို့ မောင်နှမ နှစ်ယောက်စလုံးက ဝါသနာပါနေတော့ ဘေးကနေ မေမေက ကူညီပေးနေပါတယ်။ မေမေက မလုပ်နဲ့ဆိုလည်း ညီမတို့က လုပ်မှာပဲဆိုတော့ မေမေက သားသမီးတွေကို စိတ်မဆင်းရဲစေချင်တော့ ဘေးကနေကူညီပံ့ပိုးပေးပါတယ်။ ပြောရရင်တော့ အနုပညာလမ်း ကြောင်းဟာ မေမေတိုက်တွန်းတာ မဟုတ်ပါဘူး။ ကိုယ့်သဘောနဲ့ ကိုယ်လုပ်ဖြစ်တာဖြစ်ပါတယ်''လို့ ဆိုပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

''ဖြစ်ချင်တာက မင်းသားတစ်ယောက်၊ လာကမ်းလှမ်းတာတွေက ဒုတိယမင်းသား ပုံစံတွေဖြစ်နေတယ်'' ပိုင်တံခွန်

ရန်ကုန်၊ ဒီဇင်ဘာ ၎

 

သရုပ်ဆောင်ပိုင်းကို ပိုပြီးတော့ဝါသနာပါပေမယ့် အဆက်အသွယ်မရှိတဲ့အတွက် မော်ဒယ်လိုင်းကို အရင်ဝင်ဖြစ်ခဲ့တဲ့ မော်ဒယ်/သရုပ်ဆောင်ပိုင်တံခွန်က ခေါင်းဆောင်မင်းသားနေရာမဟုတ်တဲ့ကမ်းလှမ်းမှုတွေကို ငြင်းပယ်ဖြစ်နေတယ်လို့ဆိုပါတယ်။  ''ဇာတ်ကားတွေရိုက်ဖို့ ကမ်းလှမ်းတာတွေတော့ရှိပါတယ်။ တချို့ဇာတ်ကားတွေကိုတော့ ကျွန်တော် ရွေးစရာလေးတွေဖြစ်နေလို့ မရိုက်ဖြစ်တာတွေလည်းရှိပါတယ်။ ကျွန်တော်က သရုပ်ဆောင်ပိုင်းမှာ အသစ်လည်းဖြစ်တော့ ဇာတ်လမ်းတွေကိုတော့ ရွေးချယ်ပိုင်ခွင့်တော့မရှိပါဘူး။ ကျွန်တော်ဖြစ်ချင်တာက မင်းသားတစ်ယောက်။ လာကမ်းလှမ်းတာတွေက ဒုတိ ယ မင်းသားပုံစံ တွေဖြစ်နေတော့ ကျွန်တော်အနေနဲ့လောဘကြီးသွားတာလည်းပါမှာပါ။ အဲ့ဒါကြောင့်မရွေးချယ်ဖြစ်တာပါ။ ကျွန်တော် ခေါင်း ဆောင်မင်းသားအနေနဲ့ ရုပ်ရှင်ဇာတ်ကားလေးကားရိုက်ကူးထား ပါတယ်''လို့ ပြောပါတယ်။

ဆက်လက်ဖတ်ရှုရန် ...