HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ကျွန်တော်တို့ ကိုယ်တိုင်လည်း အသစ်တွေကပဲ လာခဲ့တာဆိုတော့ အသစ်တွေကိုလည်း နေရာ ရစေချင်တယ်၊ ဖြစ်လည်းဖြစ်စေချင်ပါတယ် ဒါရိုက်တာသားညီ

ရန်ကုန်၊ အောက်တိုဘာ ၅

 

အနုပညာလောက ဆက်လက်ရှင်သန်နိုင်ရန်အတွက် မျိုးဆက်သစ်သရုပ် ဆောင်သစ်များကို နေရာပေးဖို့လို အပ်တယ်လို့ဟု ဒါရိုက်တာသားညီကပြောသည်။ ''ကျွန်တော်တို့သရုပ်ဆောင် အသစ်တွေကိုလက်တွဲသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တကယ်လို့ လက်ရှိသရုပ်ဆောင်တွေ ကုန်သွားမယ်ဆိုရင် ကျွန်တော်တို့လောကကြီးက အလိုလိုရပ်သွားမယ်။ အဲဒါ ကြောင့်အသစ်တွေကို နေရာပေးသင့်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း အသစ်တွေကပဲလာခဲ့တာဆိုတော့ အသစ်တွေကိုလည်း နေရာရစေချင်တယ်၊ ဖြစ်လည်းဖြစ် စေချင်ပါတယ်။ နောက်သရုပ်ဆောင်အသစ်တွေကလည်း ကျွန်တော်နဲ့လာပူးပေါင်းကြတာများပါတယ်။ကျွန်တော်ကိုယ်တိုင်လည်း အသစ် တွေနဲ့ပိုတွဲဖြစ်ပါတယ်'' ပြောပါတယ်။

 

ဆက်လက်ဖတ်ရှုရန် ...

''ရှေ့ ဆက်ပြီး ပရိသတ်တွေလည်း မရိုးအောင် ခေတ်နဲ့လည်းညီအောင် ဖန်တီးဖို့တွေရှိပါတယ်'' ဒါရိုက်တာ ကျော်ဇောလင်း

ဒါရိုက်တာကျော်ဇောလင်း (အ တွေးပုံရိပ်)က ရှေ့ဆက်ရိုက်ကူးသွား မယ့်ဇာတ်လမ်းတွေကို ပရိသတ်များ မရိုးရအောင် ခေတ်နဲ့ညီတဲ့ဇာတ် တွေကိုပဲ ရိုက်ကူးသွားတော့မယ်ဆိုတဲ့အကြောင်း ဒီမိုကရေစီတူဒေးကို ပြောပြခဲ့ပါတယ်။ ''ကျွန်တော်တို့ဇာတ်တွေကိုလည်း ပရိသတ်တွေမရိုးရအောင် မတူတဲ့ဖန်တီးမှုတွေကို ရိုက်သွားဖို့ တွေလည်းရှိပါတယ်။ ကျွန်တော်တို့ ရှေ့မှာရုံတင်ပြသခဲ့တဲ့ 'ဆယ်လီ'၊ 'ဖက်ရှင်' အဲဒီလိုရုပ်ရှင်ဇာတ်ကား တွေဟာလည်း မတူတဲ့ဖန်တီးမှုတွေ ကို ပရိသတ်တွေကိုပြသထားပါတယ်။ ကျွန်တော်တို့က စဉ်းစားထားတာတွေက ဇာတ်ကားဖန်တီးမှုတွေက ပရိသတ်တွေလည်းမရိုးအောင် ခေတ်နဲ့လည်းညီအောင် ဖန်တီးဖို့ တွေရှိပါတယ်''လို့ ပြောပါတယ်။

 

ဆက်လက်ဖတ်ရှုရန် ...

သက်ကြီး ဂီတ ကန်တော့ပွဲတွင် သက်ကြီး ဂီတပညာရှင်နှစ်ဦးက မြို့မငြိမ်း သီချင်းများဖြင့် သီဆိုဖျော်ဖြေ

မန္တလေး

 

မန္တလေးဂီတမောင်မယ်များ ပရဟိတအသင်း၏ ဒုတိယအကြိမ် သက်ကြီးဂီတပညာရှင်ကြီးများပူဇော်ပွဲကို စက်တင်ဘာ ၃ဝ ရက် နံနက်က မန္တလေးမြို့ ၂၁ လမ်း ၈၆ လမ်းရှိ မြို့မတူရိယာအသင်းတိုက်တွင် ကျင်းပရာ သက်ကြီးဂီတပညာရှင်နှစ်ဦးက မြို့မငြိမ်း သီချင်းများဖြင့် သီဆိုဧည့်ခံဖျော်ဖြေကြကြောင်း သိရသည်။ သက်ကြီးဂီတပညာရှင်ကြီးများ ဂါရဝပြု ကန်တော့ပွဲကို ၂ဝ၁၆ ခုနှစ်က စတင်ကျင်းပ ခဲ့ရာ ပထမအကြိမ်တွင် အကန်တော့ခံ ၂၉ ဦး တို့အား ကန်တော့ခဲ့ကြပြီး ယခုနှစ်တွင် ကွယ်လွန်သွားသူ နှစ်ဦးရှိခဲ့သဖြင့် သက်ကြီးဂီတပညာရှင် ၂၇ ဦးကိုသာ ကန်တော့နိုင်ကြသည်။

 

ဆက်လက်ဖတ်ရှုရန် ...

မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ပွဲတော် အထိမ်းအမှတ် အငြိမ့်ပြိုင်ပွဲဆုရ အငြိမ့် အဖွဲ့သုံးဖွဲ့က ရန်ကုန် အပါအဝင် ၄၅ မြို့တွင် လှည့်လည်ဖျော်ဖြေမည်

မြန်မာ့ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ် ရုပ်ရှင်ပွဲတော် အထိမ်းအမှတ်အဖြစ် ပြုလုပ်သောအငြိမ့်ပြိုင်ပွဲတွင် ဆုရရှိခဲ့သော ပြိုင်ပွဲဝင် အငြိမ့်အဖွဲ့သုံးဖွဲ့က ရန်ကုန်မြို့အပါအဝင် ၄၅ မြို့နယ်များတွင် လှည့်လည်ကပြဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ မြန်မာ့ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ် ရုပ်ရှင်ပွဲတော်တွင် အငြိမ့်ပြိုင်ပွဲအား ထည့်သွင်းကျင်းပခဲ့ရာ ရန်ကုန်၊ မန္တလေးမှ အငြိမ့်အဖွဲ့ဝင်ပေါင်း ၃၄ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ယင်းပြိုင်ပွဲဝင်အဖွဲ့များထဲမှ နောက်ဆုံးအဆင့်တွင် ဆုရရှိခဲ့သော ပြိုင်ပွဲဝင်အဖွဲ့ သုံးဖွဲ့မှ ကပြဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်ဖတ်ရှုရန် ...

ခင်ပွန်းသည်ကြောင့် အတ္တတွေ လျော့သွားခဲ့တယ် ဂျူလီယာရောဘတ်

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၃

 

ဝါရင့်မင်းသမီး ဂျူလီယာရောဘတ်သည် အနုပညာသက်တမ်း နုနယ် စဉ်အချိန်အခါက အတ္တအနည်းငယ် ကြီးခဲ့ကြောင်း ဝန်ခံပြောကြားလိုက်သည်။ 'Erin Brockovich' ရုပ်ရှင်ဖြင့် ၂ဝဝဝ ပြည့်နှစ်တွင် အကယ်ဒမီဆုကိုရရှိခဲ့ပြီး ဟောလိဝုဒ်အနုပညာသက်တမ်းတွင် 'Pretty Woman'  ရုပ်ရှင်ဖြင့် နာမည်ကျော်ခဲ့သူမင်းသမီးက ယခုလက်ရှိအချိန်နှင့် မတူကွဲပြားခဲ့သည့်အကြောင်းကို ပြန်လည်ပြောပြခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

သမီးအတွက် အကြမ်းဖက် သမားများကို ကလဲ့စားချေမည့် တိုင်းတစ်ပါးသား The Foreigner ရုပ်ရှင်

ဒါရိုက်တာ      - မာတင်ကမ့်ဘဲလ်
ဇာတ်ညွှန်း     - ဒေးဗစ်ကာကွန်နီ၊ စတီဖန်လယ်သာ
သရုပ်ဆောင် - ပီးယာ့စ်ဘရော့စနန်၊ ဂျက်ကီချန်း၊ ကေတီလန်း၊ ရူဖက်စ်ဂျုံးစ်
ပြသချိန်        - ၁၁၄ မိနစ်
နိုင်ငံ             - အမေရိကန်

ဆက်လက်ဖတ်ရှုရန် ...

လာ့စ်ဗီးဂတ် ပစ်ခတ်မှုကြောင့် 'Blade Runner 2049' ရုပ်ရှင်အထူးပွဲကို အစီအစဉ်ပြောင်းလဲ ကျင်းပမည်

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၃

 

အမေရိကန်နိုင်ငံသမိုင်းတွင် လူသေဆုံးမှုအများဆုံး ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် 'Blade Runner 2049' အမည်ရှိ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်အထူးပွဲ ပြသမည့်အစီအစဉ်ကို Warner Bros ကုမ္ပဏီက အကျဉ်းချုံးကျင်းပရန် စီစဉ်လိုက် ကြောင်းသိရသည်။ မင်းသားကြီး ဟယ်ရစ်ဆင်ဖို့ဒ်နှင့် မင်းသားရိုင်ယန် ဂိုးလ်စလင်းတို့ ပါဝင်ထားသော အဆိုပါ ရုပ်ရှင်အထူးပွဲကို ဟောလိဝုဒ်၌ အောက်တိုဘာ ၃ ရက်ညပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည်။ ရုပ်ရှင်ပြသမှု အစီအစဉ်ကို ရှေ့တိုး ကျင်းပမည်ဖြစ်သော်လည်း ရုပ်ရှင်သရုပ်ဆောင်များက သတင်းထောက်များနှင့် စကားပြောဆိုပြီး ဓာတ်ပုံအရိုက်ခံမည့် ကော်ဇောနီအစီအစဉ် မပါဘဲ ပြုလုပ်မည်ဟု ဆိုသည်။

 

 

ဆက်လက်ဖတ်ရှုရန် ...

သာမန်စုံတွဲနှစ်ဦးရဲ့ လက်ထပ်ပွဲမှာ အံ့သြဖွယ် သီချင်း သီဆိုပေးခဲ့တဲ့ IU

ဆိုးလ်၊ အောက်တိုဘာ ၂

 

တောင်ကိုရီးယား အမျိုးသမီးအဆိုတော် IU သည် ပရိသတ်တစ်ဦး၏ ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးလိုက်ကြောင်းသိရသည်။ အသက် (၂၄)နှစ်အရွယ် အမျိုးသမီးပရိသတ်တစ်ဦးဖြစ်သူ အင်ယောင်းဂျူသည် ၎င်းကြိုက်နှစ်သက်သော အဆိုတော် IU အနေ ဖြင့် ၎င်း၏အစ်မဖြစ်သူ မင်္ဂလာပွဲသို့ လာရောက်ပေးရန်နှင့် ဂုဏ်ပြုတေးသီချင်းသီဆို ပေးရန် Dingo Music  အေဂျင်စီသို့ အကူအညီတောင်းခံခဲ့သည်။ ထို့ကြောင့် IU က အောက်တိုဘာ ၁ ရက်တွင် ကျင်းပခဲ့သည့် ထိုမင်္ဂလာပွဲသို့ အံ့သြဖွယ် တက်ရောက်လာခဲ့ပြီး သတို့သားနှင့်သတို့သမီးအပါအဝင် တက်ရောက်လာကြသူများကို "Everyday With You" သီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့သည်။ IU ၏ လှပ၊ ချိုသာသော အသံ ကြောင့် မင်္ဂလာဇနီးမောင်နှံနှစ်ဦးကို ပျော်ရွှင်စေခဲ့သည်ကို တွေ့ရသည်။

 

 

ဆက်လက်ဖတ်ရှုရန် ...