HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

မင်းသမီး ဂျက်စီကာ ချက်စတိန်း ပါဝင်မည့် ရုပ်ရှင်ပြသခွင့် Netflix က ဝယ်ယူ  

လော့စ်အိန်ဂျလိစ်၊ ဇွန် ၁၁

Netflix အခပေးရုပ်ရှင်ဝန်ဆောင် မှုသည် မင်းသမီး ဂျက်စီကာ ချက်စတိန်းနှင့် မင်းသား ဂျိတ်ခ်ဂိုင်လန်ဟာတို့ ပါဝင်သရုပ် ဆောင်မည့် The Division ရုပ်ရှင်ပြသခွင့်ကို ဝယ်ယူလိုက်ပြီဖြစ်သည်။ ယင်းရုပ်ရှင်ဝန်ဆောင်မှုသည် ၂ဝ၁၆ ခုနှစ်က နာမည်ကျော်ခဲ့သည့် Ubisoft ၏ ဗီဒီယိုဂိမ်းကို အခြေခံထားသော ရုပ်ရှင်ဖြန့် ချိပြသမှုကိုလည်း တာဝန်ယူမည်ဖြစ်သည်။  လက်ရှိတွင် သုံးစွဲသူ သန်း ၂ဝ ကျော် ရှိသည့် ဗီဒီယိုဂိမ်းကို အခြေခံမည့် ယင်း ရုပ်ရှင်ကို ဒါရိုက်တာ ဒေးဗစ်လိတက်ခ်ျက ရိုက်ကူးမည်ဖြစ်ပြီး နောက်ဆက်တွဲ ရုပ် ရှင်ကိုပါ ရိုက်ကူးမည်ဟု ကြေညာထား ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

သမီးလေးနဲ့ ဆက်ဆံရေးကောင်းလို့ ပရိသတ်တွေရဲ့ ချီးကျူးမှုကိုခံခဲ့ရတဲ့ မင်းသမီး ရီဆီဝှစ်သာစပွန်း  

လော့စ်အိန်ဂျလိစ်၊ ဇွန် ၁၁

ဟောလိဝုဒ်မင်းသမီး ရီဆီ ဝှစ်သာစပွန်းနှင့် သမီး ဧဝဖီလစ် ပီတို့သည် နီးကပ်သော ဆက်ဆံ ရေးရှိသည်ဆိုခြင်းမှာ လူသိများ သော အချက်တစ်ခုဖြစ်သည်။ အသက် (၂ဝ)အရွယ်သမီး ဧဝ သည် ပရိသတ်များက ¤င်း၏ဖခင် ရိုင်ယန်ဖိလစ်ပီနှင့်ဆင်တူသည်ဟု ဆိုသော ချစ်သူ အိုဝင်မာဟန်နီနှင့် အတူတွဲရိုက်ထားသည့် ဓာတ်ပုံကို တင်ခဲ့ပြီးနောက် မင်းသမီး ရီဆီက လူငယ်တို့၏ ချစ်ခြင်းအပေါ် နား လည်လက်ခံမှုပြသခဲ့သည်ကို တွေ့ ရသည်။ အသက် (၄၃)နှစ်အရွယ် အော်စကာဆုရှင်မင်းသမီး ရီဆီသည် သမီး ဧဝ၏ အင်စတာဂရမ် ပို့စ်တွင် မှတ်ချက်ချန်ထားခဲ့ပြီး စောင့်ရှောက်တတ်တဲ့ မိခင်တစ် ယောက်ဖြစ်ကြောင်း ပြသခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

''အလုပ်ကို သေချာ စေတနာထားပြီးတော့ လုပ်တာကြောင့် ပုံမှန်လေး ရပ်တည်နိုင်နေတာလို့ ထင်ပါတယ်'' အေးသီတာ  

ဇာတ်ပို့သရုပ်ဆောင်တွေထဲမှာ သွက်သွက်လက်လက် သရုပ်ဆောင် တတ်တာတွေကြောင့် ပရိသတ် အားပေးမှုတွေရရှိထားတဲ့ အေးသီတာနဲ့ တွေ့ဆုံခိုက် အခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။ ''အခုအချိန်ထိ အနုပညာ လောကမှာ အစ်မတို့အနေနဲ့ ပုံမှန်လေး ရပ်တည်နိုင်တာက လူတိုင်းနဲ့ပေါင်းသင်းဆက်ဆံရေးတွေကို အကောင်းဆုံးဖြစ်အောင်နေတယ်။ ကိုယ်လုပ်တဲ့ အနုပညာအလုပ်ကို သေချာစေတနာ ထားပြီးတော့ လုပ်တာကြောင့် ပုံမှန်လေးရပ်တည်နိုင်တယ်လို့ ထင်ပါတယ်''လို့ဆိုပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

လက်ထပ်ဖို့ အလျင်မလိုသေးတဲ့ မင်းသား အော်လွန်ဒိုဘလွန်းနဲ့ အဆိုတော် ကေတီပယ်ရီ  

လော့စ်အိန်ဂျလိစ်၊ ဇွန် ၁ဝ

မင်းသားအော်လွန်ဒိုဘလွန်းနှင့် အဆိုတော် ကေတီပယ်ရီတို့သည် လွန်ခဲ့သည့် လေးလနီးပါးခန့်က စေ့စပ်ခဲ့ကြသော်လည်း ¤င်းတို့နှစ်ဦးမှာ လက်ထပ်ရန် အလျင်မလိုသေးကြောင်း သိရသည်။ အသက်(၃၄) နှစ် အရွယ် အဆိုတော်ကေတီက ၎င်းင်းတို့နှစ်ဦး၏ လက်ထပ်ပွဲအစီအစဉ် အကြောင်းကို မကြာသေးမီက ထုတ်လွှင့်ခဲ့သည့် KISS Breakfast အစီအစဉ်တွင် ပြောကြားခဲ့သည်။ ခင်ပွန်းလောင်းနှင့် ပတ်သက်၍ ၎င်းင်းက ''ကျွန်မ လုပ်နိုင်ခဲ့ပါပြီ။ ကျွန်မတစ်ယောက်တော့ရခဲ့ပြီ''ဟု ပြောကြားခဲ့သည်။ လက်ထပ်ပွဲအစီအစဉ်နှင့်ပတ်သက်၍ မေးမြန်းရာတွင်လည်း တစ်လှမ်းချင်းစီလှမ်း နေသည့်အကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

မင်းသား တွမ်ခရုဇ်နဲ့ ယှဉ်ထိုးချင်တယ်လို့ ပြောလိုက်တဲ့ အဆိုတော် ဂျက်စတင်ဘီဘာ  

လော့စ်အိန်ဂျလိစ် ဇွန် ၁ဝ

အဆိုတော် ဂျက်စတင်ဘီဘာက မင်းသား တွမ်ခရုဇ်နှင့် ကြိုးဝိုင်းအတွင်း ယှဉ်ပြိုင်ထိုးသတ်ရန် စိန်ခေါ်လိုက်ကြောင်းသိရသည်။ အဆိုတော် ဘီဘာက UFC ဥက္ကဋ္ဌ Dana White အနေဖြင့်လည်း ၎င်းင်းနှင့် မင်းသား တွမ်တို့၏ စိန် ခေါ်ထိုးသတ်ပွဲကို လက်ခံကျင်းပ ပေးလိုခြင်း ရှိ၊ မရှိ မေးမြန်းခဲ့သည်။ သို့သော် အသက်(၂၅) နှစ် အရွယ် အဆိုတော်ဘီဘာက အသက်(၅၆)နှစ်အရွယ် အက်ရှင် မင်းသား တွမ်ကို စိန်ခေါ်ရသည့် အကြောင်းရင်းအား ရှင်းရှင်း လင်လင်းမသိရသေးပေ။

ဆက်လက်ဖတ်ရှုရန် ...

နာမည် ကျော်ကြားသူတွေနဲ့သာ တွဲတယ်လို့ ဆိုလိုက်တဲ့ ဆန်ဒါရာပတ်  

ဆိုးလ်၊ ဇွန် ၉

ပြီးခဲ့သည့် ဇွန် ၈ ရက်တွင် MBN ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သည့် Hoon Man Jung Eum အစီအစဉ်တွင် 2ne1 အဖွဲ့ဝင်ဟောင်း ဆန်ဒါရာပတ်က ဧည့်သည်တစ်ဦးအနေဖြင့် ပါဝင်လာခဲ့ပြီး ၎င်းင်း၏ အချစ်ရေးရာသမိုင်းအကြောင်း ပြောကြားခဲ့သည်။ အစီအစဉ်တင်ဆက်သူ ကင်ဆောင်းဂျူက ''တစ်သက်လုံး နာမည်ကျော်တွေနဲ့ပဲ တွဲခဲ့တယ်ဆိုတာ အမှန်ပဲလား''ဟု မေးမြန်းခဲ့သည်။ ၎င်းင်းက ''ကျွန်မအသက် (၂ဝ)အရွယ်မှာ အနုပညာလောကထဲ ပွဲဦးထွက်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် တကယ့်နာမည်ကျော်တွေနဲ့ပဲ တွဲခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ကမ္ဘာကျော် Pretty Woman ရုပ်ရှင်မှာ ပါဝင်ဖို့ စိတ်မဝင်စားခဲ့တဲ့ ဂျူလီယာရောဘတ်  

လော့စ်အိန်ဂျလိစ်၊ ဇွန် ၉

မင်းသမီး ဂျူလီယာရောဘတ်သည် 'Pretty Woman' ရုပ်ရှင်တွင် ပါဝင်ရန် ကနဦးတွင် စိတ်ဝင်စားခဲ့ခြင်းမရှိခဲ့ကြောင်း ပြော ကြားခဲ့သည်။ အသက်(၅၁)နှစ်အရွယ် မင်းသမီးသည် ၁၉၉ဝ ပြည့်နှစ်တွင် ထွက်ရှိခဲ့သည် ယင်းအချစ်ဟာသဇာတ်မြူးရုပ်ရှင်တွင် မင်းသားကြီး ရစ်ချတ်ဂီရိနှင့်အတူ ပါဝင်ခဲ့သည်။ ယင်းရုပ်ရှင်တွင် မင်းသမီးရောဘတ်သည် ချမ်းသာသော စီးပွား ရေးလုပ်ငန်းရှင်တစ်ဦးကို အရူးအမူးချစ်မြတ်နိုးသည့် ဗီဗီ ယန်ဝက်အမည်ရှိ ပြည့်တန်ဆာတစ်ဦးအနေဖြင့် သရုပ် ဆောင်ထားသည်။

ဆက်လက်ဖတ်ရှုရန် ...

အချစ်ဟာသ ဇာတ်မြူးရုပ်ရှင်မှာ သရုပ်ဆောင်ချင်တဲ့ မင်းသား အီဒရစ်အယ်ဘာ  

လော့စ်အိန်ဂျလိစ်၊ ဇွန် ၉

မင်းသား အီဒရစ်အယ်ဘာက အချစ်ဟာသဇာတ်မြူးရုပ်ရှင်တွင် သရုပ်ဆောင်ချင်ကြောင်း ပြောဆိုခဲ့သည်။ အသက် (၄၉)နှစ်အရွယ် မင်းသားသည် ရိုမန်တစ်အနည်းငယ်ဆန်သော ရုပ်ရှင် များတွင် ပါဝင်သရုပ်ဆောင်ခဲ့ဖူးသော်လည်း အချစ်ဇာတ်လမ်းကို အဓိကထားသည့် ပေါ့ပေါ့ပါးပါး ရုပ်ရှင်တွင် ပါဝင်လိုကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...