HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

'ကျားကျားကြိုက်ကြိုက်' ရုပ်ရှင်ဇာတ်ကားကြီးနှင့် အနုပညာရှင်အချို့၏ စကားသံ

ရန်ကုန်၊ ဇန်နဝါရီ ၉

အဓိက ဇာတ်ဆောင်မင်းသမီးများ မပါဝင်ပဲ LGBT များဖြင့် ရိုက်ကူး လျက်ရှိနေသော 'ကျားကျား ကြိုက်ကြိုက်'ရုပ်ရှင်ကို ဒါရိုက်တာ ပြည်ဟိန်းသီဟမှ ရိုက်ကူးနေခြင်းဖြစ်ပြီး သရုပ်ဆောင်မင်းမော်ကွန်း၊ မြင့်မြတ်၊ ခင်စန်းဝင်း၊ ညီညီမောင် (စမ်းချောင်း)၊ လင်းလင်း၊ ထက်ထက်(Pop Soul)တို့ဖြင့် ရိုက်ကူးနေ ကြောင်းသိရသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီး သတင်းစာရှင်းလင်းပွဲကို ဇန်နဝါ ရီ ၉ ရက်တွင် ရန်ကုန်မြို့ရှိ တော် ဝင်ဂါးဒမ်းဟိုတယ်၌ ပြုလုပ်ခဲ့သည်။ 'ကျားကျားကြိုက်ကြိုက်'ရုပ် ရှင်ဇာတ်ကားကြီးတွင် ပါဝင်သူအချို့၏စကားသံများကို ယခုလိုစုစည်း ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန် ...

ပြန်လည် သက်သာလာပြီဖြစ်သော်လည်း ရုပ်ရှင်မရိုက်သေးတဲ့ ကင်ဝူဘင်

ဆိုးလ်၊ ဇန်နဝါရီ ၉

တောင်ကိုရီးယားနိုင်ငံမှ SidusHQ  ဖျော်ဖြေ ရေးကုမ္ပဏီက မင်းသားကင်ဝူဘင်နှင့်ပတ်သက် သောသတင်းတစ်ခုကို ထုတ် ပြန်ခဲ့သည်။ ဇန်နဝါရီ ၉ ရက်တွင် ရုပ်ရှင်လုပ်ငန်းကိုယ်စားလှယ်များက ''ကျန်းမာရေး တော်တော် လေး ကောင်းနေပြီဖြစ်တဲ့ ကင်ဝူဘင်ဟာ ဒီနှစ်မှာ ပရောဂျက်အသစ်နဲ့ ပရိသတ်တွေကို နှုတ်ဆက် တော့ မယ့်ပုံရပါတယ်။''လို့ မှတ်ချက်ပေးခဲ့ပြီး ရုပ် ရှင်တော်တော်များများ ရိုက်ကူးရန် ကမ်းလှမ်းမှုများကို လက်ခံထားတဲ့အကြောင်းလည်း ပြောဆိုခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ကမ္ဘာတစ်ဝန်းမှ နောက်ဆုံးပေါ် ScreenX ရုပ်ရှင်ရုံသို့ လာရောက်ကြည့်ရှုသူ ၂ဝ၁၈ ခုနှစ်အတွင်း လေးသန်းကျော်ရှိ

ဆိုးလ်၊ ဇန်နဝါရီ ၉ 

တောင်ကိုရီးယား ထိပ်တန်းရုပ်ရှင်ရုံလုပ်ငန်း CGV က ယမန်နှစ်အတွင်း တင်ဆက်ပေးနိုင်ခဲ့သည့် ScreenX နည်းပညာသုံး ပြည်တွင်းပြည်ပမှ ရုပ်ရှင်ရုံများသို့ လာရောက်ကြည့်ရှုသူ လေးသန်းရှိကြောင်း၊ ကုမ္ပဏီက ဇန်နဝါရီ ၉ရက်တွင် ပြောဆိုခဲ့သည်။ ScreenX နည်းပညာသည် ယခင်ခေတ် အဆက်ဆက်မှ ပြသခဲ့သည့်ပိတ်ကား၏ အရှည်ကိုချဲ့ထွင်လိုက်ပြီး ထူးခြား သည့် အတွေ့အကြုံကို ခံစားရစေမည်ဟုဆိုသည်။ ၂ဝ၁၈ခုနှစ်တွင် ယင်း ရုပ်ရှင်ရုံများ၏ ဖွံ့ဖြိုးမှုနှုန်း သုံးဆခန့်တက်လာကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ကိုရီးယားကို ရုပ်ရှင်ရိုက်ဖို့ ရောက်လာတဲ့ မင်းသမီး မီဂန်ဖောက်စ်

ဆိုးလ်၊ ဇန်နဝါရီ ၈ 

ဟောလိဝုဒ်မင်းသမီး မီဂန်ဖောက်စ်သည် "Jangsari 9.15" အမည်ရှိ ရုပ်ရှင်ရိုက်ကူးရန် တောင်ကိုရီးယားသို့ ရောက်ရှိလာခဲ့ကြောင်းသိရသည်။ ရုပ်ရှင် ထုတ်လုပ်ရေးကုမ္ပဏီ Taewon အင်တာတိန်းမန့်က မင်းသမီးမီဂန်သည် ကိုရီးယားနိုင်ငံသို့ ဇန်နဝါရီ ၆ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း၊ နမ်ယမ် ဂျူစတူဒီယိုတွင် "Jangsari 9.15" အမည်ရှိ ကိုရီးယားရုပ်ရှင်ကို ရိုက်ကူး နေပြီဖြစ်ကြောင်း ဇန်နဝါရီ ၈ရက်တွင် ပြောဆိုခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

သခင်ပျောက် ရှာဖွေရမည့် ခွေးမလေး၏ ခရီးကြမ်း A Dog's Way Home ရုပ်ရှင်

ဒါရိုက်တာ - ချားလ်စ်မာတင်စမစ်

ဇာတ်ညွှန်း - ဒဗလျူဘရုစ်၊ ကင်မရွန်း

သရုပ်ဆောင်များ - ဘရုစ်ဒဲလက်စ်ဟောဝပ်၊ အက်ရှလေဂျုဒ်၊ အလက်ဇန္ဒားရှစ်ပ်

ပြသချိန် - ၉၆ မိနစ်

နိုင်ငံ - အမေရိကန်

ဆက်လက်ဖတ်ရှုရန် ...

စန္ဒရားတင်ဝင်းလှိုင်၏ ဒုတိယအကြိမ်မြောက် 'ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ' ကာလပေါ် သီချင်းကဗျာညဖျော်ဖြေပွဲ ကျင်းပမည်

ရန်ကုန်၊ ဇန်နဝါရီ ၈

သီချင်းချစ်မြတ်နိုးသူ ဂီတပရိသတ်ထုကြီး၏ တစ်ခဲနက်တောင်းဆိုချက်အရ စန္ဒရားတင်ဝင်းလှိုင်၏ ''ခြေခြေ မြစ်မြစ်နှစ်နှစ်ကာကာ'' အဖွဲ့သားများက ဒုတိယအကြိမ်မြောက် ကာလပေါ်သီချင်းကဗျာညကို ခံစားမှုအပြည့်နှင့် ရွှေနားတော်သွင်း ဖျော်ဖြေကြဦးမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

(၇၆) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲ ခမ်းနားစွာ ကျင်းပ၊ လေဒီဂါဂါ အကောင်းဆုံး မင်းသမီးဆုနှင့် လွဲချော်  

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၇ 

ယခုနှစ်အတွက် အနောက်တိုင်းရုပ်ရှင်လောက၏ ပထမဆုံးဆုပေးပွဲဖြစ်သည့် (၇၆)ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲကို ဒေသစံ တော်ချိန် ဇန်နဝါရီ ၆ ရက်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Beverly Hills ရှိ The Beverly Hilton  ဟိုတယ်တွင် ကျင်းပခဲ့သည်။ ဆုပေးပွဲတွင် ကမ္ဘာကျော် Queen တီးဝိုင်းအဖွဲ့အကြောင်း ရိုက်ကူးထားသည့် "Bohemian Rhapsody" ရုပ်ရှင်က အံ့အားသင့်ဖွယ် အကောင်းဆုံးဆုနှစ်ဆုကိုရရှိခဲ့သည်။ ယင်းတီးဝိုင်းအဖွဲ့မှ Freddie Mercury ၏ဘဝအတ္ထုပ္ပတ္တိကို အခြေခံထားသည့် ယင်းရုပ်ရှင်က အကောင်းဆုံးဒရာမာရုပ်ရှင်ဆုနှင့် ကွယ်လွန်သူအဆိုတော်အဖြစ် သရုပ်ဆောင်ခဲ့သည့် မင်းသားရာမီမာလက်က အကောင်းဆုံး ဒရာမာမင်းသားဆုကို ရရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

''အခုနောက်ပိုင်း ပြောင်းလဲလိုက်တဲ့ ဂီတပုံစံအတွက် ကျွန်တော့်ကိုယ် ကျွန်တော် ကျေနပ်တယ်''  နောနော်

မကြာခင် ''အရှေ့ အနောက် တောင်မြောက်'' သီချင်းခွေရဲ့  MTVအခွေထွက်နိုင်ဖို့ ကြိုးစားနေတဲ့ တေးသံရှင် နောနော်နှင့်တွေ့ဆုံမေးမြန်းခြင်း..။ 

မေး-အခုလတ်တလောလုပ်ဖြစ်နေတဲ့ အနုပညာလှုပ်ရှား မှုလေးတွေကို ပြောပြပေးပါဦး။

ဖြေ-လတ်တလောမှာတော့ ကျွန်တော်အပါအဝင် အဆို တော်ကိုးဦးပါဝင်မယ့် 9 Dreams ဆိုတဲ့ဖျော်ဖြေပွဲကို ဇန်နဝါရီ ၁၁ ရက်မှာ အမျိုးသားကဇာတ်ရုံမှာ လုပ်မယ်။ အဆိုတော်တစ်ဦးချင်းစီရဲ့ပရိသတ်ကို ထူးခြားတဲ့ဖျော်ဖြေ တင်ဆက်ပုံလေးတွေကို စဉ်းစားထားတာလေးတွေရှိသလို ကျွန်တော်တို့အဆိုတော်ကိုးယောက်ပေါင်းပြီး တင်ဆက်မှုပုံစံလေးတွေ စဉ်းစားထားတာလေးတွေလည်းရှိပါတယ်။

ဆက်လက်ဖတ်ရှုရန် ...