ဆိုးလ်၊ ဇန်နဝါရီ ၁၅

တောင်ကိုရီးယားနာမည်ကျော် အဆိုတော် BoA သည် မိုက်ကယ်ဂျက်ဆင်၏ Man in the Mirror သီချင်းဖြန့်ချိခဲ့ခြင်း နှစ် ၃ဝပြည့်နှစ်ပတ်လည်ကို ဂုဏ်ပြုရန် SM STATION ဒုတိယမြောက်ရာသီအတွက် စုံတွဲတေးတစ်ပုဒ်ကို ပြင်ဆင်နေကြောင်းသိရသည်။  BoA သည် ယင်းသီချင်းကို ပူးတွဲရေးသားခဲ့သူ အမေရိကန်အဆိုတော်-တေးရေးဆရာ ဆီဒါဂါးရက်နှင့်အတူ ပူးတွဲသီဆိုမည်ဖြစ်ပြီး အဆိုပါသီချင်း Live ဗားရှင်းကို  SM STATION မှတစ်ဆင့် ဇန်နဝါရီ ၁၆ရက်တွင် ဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။

Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ၏ အရည်အသွေးပိုင်းနှင့် ပတ်သက်ပြီး ထိထိမိမိဝေဖန်ထောက် ပြပေးနိုင်ခဲ့ပြီး ယခုနှစ်တွင်ပြုလုပ်မည့် Myanmar Idol Season 3  သီချင်းဆိုပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ရန်ထပ်မံ ရွေးချယ်ခြင်းခံခဲ့ရသော တေးသံရှင်တင်ဇာမော်နှင့် တွေ့ဆုံခြင်း...။

 

မေး- Myanmar Idol မှာ ဒုတိယအကြိမ်အကဲဖြတ်ဒိုင်အနေနဲ့ ရွေးချယ်ခံလိုက်ရတဲ့အတွက် ခံစားချက်လေးလည်း ပြောပေးပါဦး။

ဖြေ- မနှစ်ကထက်ပိုပြီးတော့ တာဝန်ကြီးတယ်လို့ ခံစားရပါတယ်။ လိုအပ်တဲ့နေရာတွေမှာ ပြောဖို့၊ ဝေဖန်ပေးဖို့အတွက်ကိုလည်း အခုကတည်းက စကား တွေ၊ ကလေးတွေကို ချီးမွမ်းဖို့လိုလာရင်လည်းပြောရမယ့် စကား တွေ၊ ထောက်ပြရမယ့်နေရာမှာလည်း ထောက်ပြတာကိုသိသာ မြင်သာစေမယ့်စကားတွေကို မနှစ်ကထက်ပိုပြီးတော့ ကိုယ့်ဘာသာကိုယ် တိုးတက်လာရမယ်။ ကလေး တွေအပေါ်မှာလည်း ပိုပြီးတော့ ကောင်းတဲ့ အကြံဥာဏ်တွေပေး နိုင်ရမယ်လို့ အသိစိတ်ကရှိနေတဲ့ အခါကျတော့ ပိုပြီးတော့တာဝန် ကြီးတယ်လို့ ခံစားရပါတယ်။

ရန်ကုန်၊ ဇန်နဝါရီ ၁၄

အောင်တိုင်း ကျော်ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာပြည့်ဟိန်းသီဟ ရိုက်ကူးပုံဖော်ထားသည့်''ကြီးလေးကြီး'' ရုပ်ရှင်ဇာတ်ကားကြီးကို ဇန်နဝါရီ ၁၉ ရက်တွင် ရုံတင်ပြသွားမည်ဖြစ်ပြီး အဆိုပါရုပ်ရှင် Press Show ကို ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက သမ္မတရုပ်ရှင်ရုံတွင် ပြသခဲ့ကြောင်းသိရသည်။ ယင်းဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်းဒါရိုက်တာအဖြစ် ပြည်ဟိန်းသီဟက တာဝန်ယူရိုက်ကူး ပုံဖော်ထားပြီး သရုပ်ဆောင်များ အ နေနှင့် လူမင်း၊ ခန့်စည်သူ၊ အိန္ဒြာ ကျော်ဇင်၊ ခိုင်သင်းကြည်၊ ခင်လှိုင်၊ ဒိန်းဒေါင်နှင့်အခြားသော အနုပညာရှင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားကြောင်းသိရသည်။ အဆိုပါဇာတ်ကားတွင် ပါဝင်ထားသည့် အနုပညာရှင်အချို့၏ စကားသံများကို မေးမြန်းဖော်ပြလိုက်ပါသည်။

''သုံးရောင်ခြယ်''ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်ထားသည့်အနုပညာရှင်အချို့ ပရိသတ်များနှင့်တွေ့ဆုံပြီး လက်မှတ် ရေးထိုးခြင်း၊ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းများကို ဇန်နဝါရီ ၁၄ ရက်က ရှေ့ဆောင်ရုပ်ရှင်ရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၃- တစ်ကိုယ်တော်သီချင်းခွေထွက်ဖြစ်ဖို့ထက် သရုပ်ဆောင်ဖို့ကို ပိုစိတ်ပါနေတယ်လို့ သရုပ်ဆောင်/အဆိုတော် ခြူး စစ်ဟန်က ပြောပါတယ်။

ရန်ကုန်၊ ဇန်နဝါရီ ၁၃- လတ်တလောတွင် အနုပညာရှင်တွေနဲ့ မီဒီယာတွေအကြား အဆင်မပြေမှုများဖြစ်ပေါ်နေခြင်းအပေါ် စည်းကမ်းတကျလေးလုပ်ကိုင်ပါက နှစ်ဦးနှစ်ဖက် စိတ်ခုစရာများ မရှိနိုင်ဘူးလို့ သရုပ်ဆောင်လူမင်းက ပြောပါတယ်။

ရန်ကုန်၊ ဇန်နဝါရီ ၁၃- ဆယ်စုနှစ်တစ်ခုကျော်ကြာ မြန်မာနိုင်ငံမှ ထွက် ခွာသွားခဲ့သော သရုပ်ဆောင်ရဲမင်းပိုင် မြန်မာပြည်သို့ မကြာခင် ပြန်လာတော့ မည်ဖြစ်ကြောင်း သိရသည်။

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၁၂

အမေရိကန်မော်ဒယ် ဂီဂီဟာဒစ်က မင်းသမီးကိတ် မော့စ်နှင့် Stuart Weitzman ကမ်ပိန်းတစ်ခုတွင် အလုပ်အတူတွဲလုပ်ရသည်ကို ပျော်ရွှင်မိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ အသက် (၂၂)နှစ်အရွယ် မော်ဒယ်ဟာ ဒစ်က ဗြိတိသျှမင်းသမီးကိတ်နှင့်အတူ လန်ဒန်အခြေစိုက် ဖိနပ် Brand အတွက် ပရိုမိုးရှင်း ဓာတ်ပုံရိုက်ကူးရာတွင် ပါဝင်ခဲ့ပြီး ၎င်း၏ အင်စတာဂရမ်အကောင့်တွင် ၎င်းအတွေ့ အကြုံများကို ဝေမျှခဲ့သည်။

Page 1 of 44