HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

''သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်မျိုးတွေ ချစေချင်တယ်'' ခန့်စည်သူ

သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်သည့်ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံကာရိုက်ကူးထားသည့် 'သမီးကလေးရဲ့ရွာ' ရုပ်ရှင်ဇာတ်ကားကြီးနှင့်ပတ်သက်ပြီး သရုပ် ဆောင်ခန့်စည်သူနှင့် တွေ့ဆုံကာ မေးမြန်းဖြစ်ခဲ့ပါသည်။

မေး- 'သမီးကလေးရဲ့ရွာ' ရုပ်ရှင်ဇာတ်ကားကြီးက ဘယ်လိုဇာတ်ကားမျိုးဖြစ်မလဲ။

ဖြေ- ဒီဇာတ်ကားက ဖြစ်ရပ် မှန်ဇာတ်လမ်းတစ်ခုပါ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပါ။ အဲဒီတုန်းက တော့ အခုလိုမျိုး သက်ငယ်မုဒိမ်းမှုတွေ ဒီလောက်ကြီးတော့ မပျံ့နှံ့ သေးဘူး။ ရှိတော့ရှိတာပေါ့နော်။ ဒီဇာတ်ကားက ရည်ရွယ်ချက် ကောင်းတယ်။ မိဘတွေအတွက်လည်းမက်ဆေ့ခ်ျ ကောင်းကောင်း ပေးနိုင်တဲ့ ဇာတ်ကားလေးဖြစ်တာ ကြောင့် ရိုက်ကူးဖြစ်တာပါ။

ဆက်လက်ဖတ်ရှုရန် ...

'ဒီနိုင်ငံမှာ သရုပ်ဆောင်လုပ်ရတာ သရုပ်ဆောင်တစ်ယောက် မလုပ်ရမယ့်ကိစ္စတွေပါ လုပ်နေရတယ်' ခင်လှိုင်  

မြန်မာနိုင်ငံမှာ သရုပ်ဆောင်လုပ်ရတာက သရုပ်ဆောင်တစ်ယောက် လုပ်ရမယ့်အလုပ်တွေရော ကိုယ်မလုပ်ရမယ့်အလုပ်တွေကိုပါ လုပ် နေရတယ်လို့ ဟာသသရုပ်ဆောင်ခင်လှိုင်က ပြောပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

ချစ်သူဟောင်းကို သတိတရနဲ့ တင်ခဲ့တဲ့ပို့စ်ကို ချက်ချင်း ပြန်ဖျက်လိုက်တဲ့ အရီနာဂရန်ဒီ

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၁

အဆိုတော် အရီနာဂရန်ဒီသည် ချစ်သူဟောင်းမက်စ်မစ်လာမှာ ပြီးခဲ့သည့် စက်တင်ဘာလတွင် ဆေးလွန်ကာသေဆုံးခဲ့ပြီးချိန်မှစတင်ကာလအနည်းငယ်အတွင်း ချစ်သူအတွက် ဂုဏ်ပြုသည့် စာများကိုတင်ခဲ့သည်။ အဆိုတော် အရီနာသည် ၎င်း၏ အင်စတာဂရမ်အကောင့်တွင် ဒီဇင်ဘာ ၃၁ ရက်ညပိုင်းက ကီးဘုတ်ကိုတီးနေသည့် ချစ်သူဟောင်း၏လက်ပုံကို တင်ခဲ့ပြီး ချက်ချင်းပင် ရှင်းပြချက်မရှိဘဲ ပြန်လည်ဖျက်ပစ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

JTBC ရုပ်သံလိုင်း၏ လူကြည့်အများဆုံးနှုန်းကို ပိုင်ဆိုင်ခဲ့သော ''SKY Castle'' ဒရာမာ

ဆိုးလ်၊ ဇန်နဝါရီ ၁

JTBC ရုပ်သံလိုင်းမှပြသနေသော ''Sky Castle'' ဒရာမာသည် လူကြည့် နှုန်းအများဆုံးစံချိန်ကို တင်နိုင်ခဲ့ကြောင်းသိရသည်။ ယင်းဒရာမာသည် ဆိုးလ် မြို့ရှိ ဇိမ်ခံတိုက်ခန်းတစ်ခုတွင် နေထိုင်ကြသူတို့၏ နေ့စဉ်ဖြစ်ပျက်နေသော ဘဝမှတ်တမ်းများကို ရိုက်ကူးထားပြီး ရည်မှန်းချက်ကြီးမားသော အမျိုး သမီးများက နာမည်ဂုဏ်သတင်းမွှေးသောတက္ကသိုလ်များသို့ ¤င်း၏ကလေး များ ဝင်ရောက်ခွင့်ရနိုင်ရန် အပြိုင်အဆိုင်ကြိုးပမ်းကြသည့်အကြောင်း ဇာတ်အိမ်တည်ထားသည်။

ဆက်လက်ဖတ်ရှုရန် ...

EXO အဖွဲ့ဝင် Kai နှင့် BLACKPINK အဖွဲ့ဝင် Jennie တို့ တွဲနေကြပြီ  

ဆိုးလ်၊ ဇန်နဝါရီ ၁

ကမ္ဘာကျော်အမျိုးသား အဆိုတော်အဖွဲ့  EXO မှ အဖွဲ့ဝင် Kai  နှင့် နာမည်ကျော်အမျိုးသမီးအဆိုတော်အဖွဲ့  BLACKPINK မှအဖွဲ့ဝင် Jennie တို့သည် တွဲနေကြပြီဆိုသော သတင်းတစ်ရပ် ဇန်နဝါရီ ၁ ရက်၌ Dispatch  မီဒီယာတွင် သတင်းထုတ်ပြန်ခဲ့သည်။ ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာ ၂၅ ရက်မှာ Kai သည် ဆိုးလ်မြို့ပြင်ရှိ ပန်းခြံတစ်ခုသို့ Jennie  နှင့်အတူ တိတ်တဆိတ်သွားရောက်နေသည့် ဓာတ်ပုံနှင့် ဒီ ဇင်ဘာလအစောပိုင်းတွင် ဟာဝိုင်အီခရီးစဉ်မှ ပြန် ရောက်လာသည့် Kai က Jennie  ၏ အိမ်သို့ လက် ဆောင်အထုပ်တစ်ထုပ်လာပေးနေသည့် ဓာတ်ပုံများ သည် လူမှုကွန်ရက်ပေါ်တွင် လူပြောများခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ရုံတင်ပြီး ဒုတိယ သီတင်းပတ်အထိ ရုံဝင်ငွေစာရင်းကို လွှမ်းမိုးထားတဲ့ "Aquaman"

လန်ဒန် ဒီဇင်ဘာ ၃၁ 

ရေဘုရင်ကြီး "Aquaman" ရုပ်ရှင်သည် ရုံတင်ပြီး ဒုတိယ မြောက်သီတင်းပတ် ရောက်ရှိလာချိန်အထိ ရုံဝင်ငွေစာရင်းတွင် နံပါတ်တစ်နေရာ၌ ရပ်တည် နေနိုင်ဆဲဖြစ်ကြောင်း သိရသည်။ မင်းသားဂျေဆင် မာမိုအာ ပါဝင်သရုပ်ဆောင်ထားသည့် ယင်းစူပါ ဟီးရိုးရုပ်ရှင်သည် မြောက်အမေရိက ရုံဝင်ငွေ စာရင်းတွင် ဒေါ်လာ ၅၁ ဒသမ ၅ သန်း ထပ် ဆောင်းရရှိခဲ့သည်။ Variety မီဒီယာ၏ အဆို အရပထမဆုံးသီတင်းပတ်တွင် ဝင်ငွေဒေါ်လာ ၇၂ သန်း ရရှိခဲ့သည့်အတွက် ၂၄ ရာခိုင်နှုန်း ခန့်လျော့သွားကြောင်း သိရသည်။ 

ဆက်လက်ဖတ်ရှုရန် ...

ဂေးလ်အဖွဲ့ဟုဆိုကာ ရုရှားတွင် BTS အဖွဲ့၏ ရုပ်ရှင်ပြသမည့် အစီအစဉ်ကို ဖျက်သိမ်း

မော်စကို၊ ဒီဇင်ဘာ ၃၁

ရုရှားနိုင်ငံတောင်ပိုင်းရှိ ဒါဂေစတန်ဒေသတွင် ပြသရန်စီစဉ်ထားသည့် BTS အဖွဲ့၏ ဖျော်ဖြေပွဲရုပ်ရှင်ကို ဂေးလ်အဖွဲ့ဟုစွပ်စွဲခံရပြီးနောက် ဖျက် သိမ်းလိုက်ကြောင်း သိရသည်။ အဖွဲ့၏ နာမည်ကျော်ရုပ်ရှင် "BTS World Tour: Love Yourself in Seoul"  ကို ရာနှင့် ချီသောဒေသတွင်းပရိသတ်များက ယင်းမှတ်တမ်းရုပ်ရှင်အား ၄င်းတို့မြို့တွင်ပြသပေးရန် ဆိုရှယ်မီဒီယာမှတစ်ဆင့် တောင်း ဆိုခဲ့ပြီးနောက် မက်ခါချာကာလာမြို့တွင် ရုံတင်ပြသရန် စီစဉ် ထားခဲ့ခြင်းဖြစ်သည်။ 

ဆက်လက်ဖတ်ရှုရန် ...

Running Man အဖွဲ့သား လီဂွမ်ဆူနှင့် မင်းသမီးလီဆွန်ဘင်းတို့ တွဲနေကြောင်း အတည်ပြု  

ဆိုးလ်၊ ဒီဇင်ဘာ ၃၁

Running Man အစီအစဉ်မှ အဖွဲ့သားလီဂွမ်ဆူသည် မင်းသမီး လီဆွန်ဘင်းနှင့် တရားဝင်တွဲနေ ပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ၎င်း၏ အေဂျင်စီ Kingkong by Starship က အသက် ၃၃ နှစ်အ ရွယ်မင်းသားနှင့် အသက် ၂၄ နှစ် အရွယ်မင်းသမီးတို့ တွဲနေသည်မှာ ငါးလခန့် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ Running Man အစီအစဉ်တွင် နှစ်ဦးသားစတင် ဆုံစည်းခဲ့ကြသည့် ၂ဝ၁၆ ခုနှစ်မှစ၍ ၎င်းတို့နှစ်ဦး တွဲနေပြီဖြစ် ကြောင်း ကောလာဟလထွက်ပေါ် လာခဲ့သည်။ 

ဆက်လက်ဖတ်ရှုရန် ...