HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ဆုပေးပွဲမှာ ခင်ပွန်းကို ချီးကျူးပြောကြားခဲ့တဲ့ မင်းသမီး ဆိုအီယောင်း  

ဆိုးလ်၊ ဒီဇင်ဘာ ၃ဝ 

ကိုရီးယားမင်းသမီး ဆိုအီယောင်းက 2018 SBS  ဖျော်ဖြေရေးဆုပေးပွဲတွင် ဆုလက်ခံရယူချိန်၌ ပြောကြားခဲ့သည့်စကားကြောင့် ခင်ပွန်းဖြစ်သူ မင်းသား အင်ဂျိုဂျင်မှာ မျက်ရည်ကျခဲ့ရသည်ကို တွေ့ခဲ့ရသည်။ ဒီဇင်ဘာ ၂၈ ရက်တွင် မင်းသမီးဆိုသည် Show and Talk  ဆုအတွက် အကောင်းဆုံးဆုကိုရရှိခဲ့သည်။ မင်းသမီးနှင့်ခင်ပွန်းဖြစ်သူ အင်ဂျိုဂျင်တို့သည် လက်ရှိတွင် ' Same Bed Dif-ferent Dreams 2: You Are My Destiny' အစီအစဉ်၌ ပါဝင်နေပြီး ယင်း အစီအစဉ်တွင် အိမ်ထောင်သည်စုံတွဲအနေဖြင့် နေ့စဉ်ဖြတ် သန်းရသည့်အကြောင်းကို ဖော်ပြပြောဆိုခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန် ...

'တစ်ကိုယ်တော် အခွေထဲမှာ လက်ရှိခံစားနေရတဲ့ ပုံစံလေးတွေ ထည့်ထားတယ်' Bobby Soxer

၂ဝ၁၉ မှာ တစ်ကိုယ်တော်အခွေထွက်ရှိလာဖို့ ကြိုးစားနေတဲ့ အဆိုတော်  Bobby Soxer နှင့် တွေ့ဆုံမေးမြန်းခြင်း...

မေး- တစ်ကိုယ်တော်အခွေ ဘယ်တော့လောက် ထွက်ဖြစ်မလဲ။ ထွက်လာရင်ရော ဘယ်လိုပုံစံမျိုးလေးတွေ မြင်တွေ့ရမလဲ။

ဖြေ- ၂ဝ၁၉ မေလလောက်မှာတော့ ထက်ရဲ့ တစ်ကိုယ်တော်အခွေလေး ထွက်ဖို့ ကြိုးစားနေပါ တယ်။ အဓိကကတော့ ညီမ ဒီအခွေမှာ အရင်ခွေတွေထက်စာရင် မယ်လိုဒီနည်းမယ်။ လက်ရှိ စိတ်ထဲမှာရှိနေတဲ့ ခံစားနေရတဲ့ပုံစံမျိုးလေးတွေ လုပ်ထားပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

'မှော်ဝင်သမန်းကျား' ရုပ်ရှင်ဇာတ်ကားကြီးကို စင်ကာပူနိုင်ငံတွင် ပြသခွင့်ရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၃ဝ

''မှော်ဝင်သမန်း ကျား'' ရုပ်ရှင်ဇာတ်ကားကြီးကို စင်ကာပူ နိုင်ငံတွင် ဇန်နဝါရီလ၌ ပြသမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးကို CARNIVAL Cinemas - Golden Mile Tower  တွင် ဇန်နဝါရီ ၅ ရက်နှင့် ၆ ရက်တို့တွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ကမ္ဘာဖျက် စစ်ပွဲထဲမှ ကားစက်ရုပ်လေး Bumblebee

ဒါရိုက်တာ - ထရာဗစ်နိုက်
ဇာတ်ညွှန်း - ခရစ္စတီးနားဟော့ဒ်ဆန်
သရုပ်ဆောင်များ - ဟိုင်လီစတိန်ဖယ်လ်၊ ဂျော့ခ်ျဘန်ဒနီဘော့ဂျူနီယာ၊ ဂျွန်ဆီနာ
ပြသချိန် - ၁၁၄ မိနစ်
နိုင်ငံ - အမေရိကန်

ဆက်လက်ဖတ်ရှုရန် ...

နိုင်ငံရေးလောကထဲ ဝင်ရောက်နိုင်ခြေ ရှိကြောင်း အင်ဂျလီနာဂျိုလီ ဖွင့်ဟ

လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၂၉

မင်းသမီးအင်ဂျလီနာဂျိုလီသည် ကမ္ဘာ့ရေးရာကိစ္စရပ်များတွင် တက်ကြွသော လှုံ့ဆော်သူတစ်ဦးဖြစ်ပြီး မကြာမီနိုင်ငံရေး လောကထဲသို့ ဝင်ရောက်နိုင်ကြောင်းအရိပ်အြ>ွမက် ပြောဆိုလိုက်သည်။ အသက် (၄၃)နှစ်အရွယ် မင်းသမီးဂျိုလီက ဒီဇင်ဘာ ၂၈ ရက်၌ ထုတ်လွှင့်ခဲ့သော BBC ၏ Today အစီအစဉ်တွင် ပါဝင်ခဲ့ပြီး အမေရိကန်သမ္မတအဖြစ် ဝင် ရောက်ယှဉ် ပြိုင်နိုင်ခြေ ရှိ၊ မရှိ မေးမြန်းခံခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန် ...

ကပ္ပတိန် ဂျက်စ်စပဲရိုးကဲ့သို့ ဝတ်ဆင်ပြီး ကလေးဆေးရုံကို သွားရောက် လည်ပတ်ခဲ့တဲ့ မင်းသား ဂျွန်နီဒပ်

ပဲရစ်၊ ဒီဇင်ဘာ ၂၉ 

နာမည်ကျော်မင်းသား ဂျွန်နီဒပ်သည် နောက်ထပ် ထွက်ရှိလာမည့် Pirates of the Caribbean ရုပ်ရှင် များတွင် ထပ်မံသရုပ်တော့ မည်မဟုတ်သော်လည်း ကပ္ပတိန်ဂျက်စ်စပဲရိုး ဝတ်စုံ ကို ယခုအချိန်အထိ ချွတ်ချင် ပုံမရသေးပေ။ အသက်(၅၅)နှစ် အရွယ် မင်းသားသည် ဒီဇင်ဘာ ၂၇ ရက်တွင် ပဲရစ်မြို့ရှိ ကူရီအင် စတီကျုဆေးရုံသို့ သွားရောက် လည်ပတ်ချိန်တွင် ၎င်း၏နာ မည်ကျော် ပင်လယ်ဓားပြ ဇာတ်ကောင်အတိုင်း ဝတ်ဆင် သွားခဲ့သည်ကို တွေ့ရသည်။ တိုင်ကွန်ဦးထုပ်နှင့် ဆံပင်တုတို့ကို ဝတ်ဆင်ကာ မင်းသား ဂျွန်နီက ကုသဆောင် အတွင်းရှိ ကလေးငယ်များ နှင့် ဝန်ထမ်းများကို အံ့အား သင့်စေခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

သမိုင်းဝင်နယ်မြေမှ ကြွေလွင့်ခဲ့သော အချစ်ဇာတ်လမ်း Kedarnath

ဒါရိုက်တာ - အဘီရှက်ကပူးရ်
ဇာတ်ညွှန်း - ကာနီကာဒီလွန်
သရုပ်ဆောင်များ - ဆူဟန့်ဆင်းရတ်ပွတ်၊ ဆာရာအလီခန်း၊ နီရှတ်ဘာရာဝပ်
ပြသချိန် - ၁၁၆ မိနစ်
နိုင်ငံ - အိန္ဒိယ 

ဆက်လက်ဖတ်ရှုရန် ...

''ဖန်တီးမှု အနုပညာမှာ သေချာအချိန်ယူ ပြင်ဆင်မယ်ဆိုရင် ပရိသတ်အတွက် ပိုပြီးကောင်းတယ် ဆိုတာကို သိရဲ့သားနဲ့ ကျွန်တော်တို့က လမ်းကြောင်းလွဲနေကြတာ'' ကျော်ကျော်ဗိုလ်

ရုပ်ရှင်ဇာတ်ကား ဖန်တီးရိုက်ကူးမှုများနှင့် ပတ်သက်ပြီးတော့ သရုပ်ဆောင် ကျော်ကျော်ဗိုလ်နဲ့ တွေ့ဆုံခိုက် အခုလိုပဲ မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး- လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။

ဖြေ- အခုကတော့ ဇာတ်ကားကြီးတစ်ကား ရိုက်ဖို့ရှိပါတယ်။ အဲဒီဇာတ်ကားကြီးရိုက်ဖို့ အတွက်ကို အိုက်တင်နည်းပြဆရာနဲ့တွေ့ပြီးတော့ ကျွန်တော့်ရဲ့ ကာရိုက်တာအတွက် ပြင်ဆင်သွားဖို့ရှိပါတယ်။

ဆက်လက်ဖတ်ရှုရန် ...