HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

''ဂျင်ပါတီ (Jin Party)'' ဟာသ ရုပ်ရှင်ဇာတ်ကားကြီး စတင်ရိုက်ကူး

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ဝါရင့်သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်သွားမည့် ''ဂျင်ပါတီ (Jin Party) '' ဟာသရုပ်ရှင် ဇာတ်ကားကြီးအား ဒါရိုက်တာရာဇဝင်ကိုက ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ရိုက်ကူးနေပြီဖြစ်ကြောင်းသိရသည်။ ယင်းဇာတ်ကား ကန်တော့ပွဲပေး အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းက ရွှေတိဂုံဘုရား အောင်မြေတွင် ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးမှာ ကားအက်စီးဒင့်ဖြစ်ခဲ့တဲ့ ဟောင်ကောင်သရုပ်ဆောင် အားရစ်ဆန်

ဟောင်ကောင်၊ ဒီဇင်ဘာ ၂၇

ပရိသတ် အများစုက အားရစ်ဆန်လို့သိထားတဲ့ ဟောင်ကောင်ထိပ်တန်းဟာသ သရုပ်ဆောင် အားရစ်ဆန်ချီဝေဟာ ဂျပန် နိုင်ငံဟိုကိုင်းဒိုးကျွန်း မြောက်ပိုင်းမှာရှိတဲ့ အိုတာရူမြို့မှာ ကားအက်စီးဒင့်ဖြစ်ခဲ့ပေမယ့် စိုးရိမ်ဖွယ်ရာမရှိဘဲ အသက်ဘေးမှ လွတ်ကင်းခဲ့တယ်လို့ asiaone သတင်းက ဖော်ပြခဲ့ပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

ဂျက်လီက အရွယ်ရောက်လာတဲ့ သမီးနှစ်ဦးကို ပရိသတ်နှင့် မိတ်ဆက်  

ဟောင်ကောင်၊ ဒီဇင်ဘာ ၂၇ 

ကမ္ဘာကျော်မင်းသားကြီး ဂျက်လီကအရွယ်ရောက်လာပြီဖြစ်တဲ့ သူ့ရဲ့သမီးချောနှစ်ဦးဖြစ်တဲ့ Jan (၁၈)နှစ်နဲ့ Jada (၁၅)နှစ်တို့ကို ပရိ သတ်တွေနဲ့ ခရစ္စမတ်နေ့မှာ မိတ် ဆက်ပေးခဲ့တယ်လို့ asiaone  သတင်းက ဂျက်လီရဲ့လူမှုကွန်ရက်က ပုံကိုကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ ဂျက်လီရဲ့ သမီးနှစ်ဦးက အရင် အိမ်ထောင်ဖြစ်တဲ့ ၁၉၉၃ ခုနှစ်က လက်ထပ်ခဲ့တဲ့သရုပ်ဆောင် Nina Li Chi  နဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

'၂ဝ၁၉ ထဲမှာတော့ အနုပညာ အလုပ်တွေကို ခပ်စိပ်စိပ် လုပ်ဖြစ်မယ်' သရုပ်ဆောင် ဟိန်းဝေယံ

သရုပ်ဆောင်ဟိန်းဝေယံနှင့် တွေ့ဆုံခိုက်မှာ အခုလိုမေး မြန်းဖြစ်ခဲ့ပါတယ်။

မေး- ၂ဝ၁၈ ခုနှစ်ထဲမှာ အနုပညာလှုပ်ရှားမှုတွေနည်းတာ တွေ့ရတယ်နော်။

ဖြေ- ဟုတ်ပါတယ်။ အဓိကကတော့ ကိုယ်ကြိုက်တဲ့ ဇာတ်လမ်းမျိုး၊ ကိုယ်နဲ့လည်း လိုက်ဖက်မယ်။ တကယ်ကိုစိတ်ဝင်စားပြီး လုပ်နိုင်မယ့် ဇာတ်လမ်းမျိုးကို ပိုရိုက်ချင်တာပါ။ ဇာတ်ကား တွေ ရိုက်တဲ့အခါမှာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အရေအတွက်ကို ဦးစားပေးပြီး ရိုက်တာမျိုးကို မလုပ်ချင်ဘူး။ ကျွန်တော်ရိုက်ချင်တဲ့ ဇာတ်မျိုးကို ဦးစားပေးပြီး ရွေးချယ်နေ တာကြောင့်လည်း ကျွန်တော် ဇာတ်ကားရိုက်တာတွေ ဒီနှစ်ထဲ မှာ ကျဲသွားတာဖြစ်ပါတယ်။ နောက် ကျွန်တော့်အဖေနဲ့ အမေ ရဲ့အလုပ်ကိစ္စတွေကိုလည်း ကျွန်တော် တတ်နိုင်သလောက် ဝိုင်းကူပြီးတော့ လုပ်ဖြစ်တယ်။ နောက် အနုပညာအလုပ်တွေ နဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော် နည်းနည်း ပိုပြီးတော့ လေ့လာဖြစ်တာလေးတွေ ရှိပါတယ်။ ပြီးတော့ ကျွန်တော်ရိုက် ထားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ကိုယ်စိတ်တိုင်းကျ လုပ်ချင်တာလေးတွေလည်း ရှိတာတွေ ရှိပါသေးတယ်။ အဲဒီ အချက်တွေကြောင့် အနုပညာအလုပ်တွေ လုပ်တာကျဲသွား တာပဲဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

ခရစ္စမတ်မှာ ကြင်စဦး ဇနီးမောင်နှံ ဖြစ်သွားကြတဲ့ မိုင်လေဆိုင်းရပ်နဲ့ လိန်းဟမ့်စ်ဝေါ့

နယူးယော့၊ ဒီဇင်ဘာ ၂၆

မိုင်လေဆိုင်းရပ်စ်နှင့် လိန်းဟမ့်စ့်ဝေါ့တို့သည် ၂ဝ၁၈ ခုနှစ်အတွင်း လက်ထပ်သော ဆယ်လီစုံတွဲစာရင်းတွင် ပါဝင်သွားခဲ့ပြီး ၎င်းတို့သည် ခရစ္စမတ်ကာလကို ကြင်စဦးဟန်နီးမွန်းအဖြစ် ကုန်ဆုံးကြလိမ့်မည်ဟု asiaone  သတင်းက ဖော်ပြခဲ့သည်။ asiaone က ဆက်လက်ဖော်ပြခဲ့သည်မှာ မိုင်လေတို့စုံတွဲသည် ၎င်းတို့၏ သူငယ်ချင်း Conrad Carr ၏ အင်စတာဂရမ်တွင် တင်ထားသောပိုစ့်၌ လှပသော ပွဲတက်ဝတ်စုံများဖြင့် ကိတ်မုန့်တစ်လုံးကို အတူလှီးနေ ကြသည်ကို တွေ့မြင်ရသည်ဟု ဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

Black Pink အဖွဲ့က ဂျပန်ရှိ Kyocera လိပ်ခုံး အဆောက်အအုံ၌ အမြန်ဆုံး ဖျော်ဖြေခွင့်ရသည့် ကေပေါ့ပ်အဖွဲ့ ဖြစ်လာ  

ဆိုးလ်၊ ဒီဇင်ဘာ ၂၆

နာမည်ကျော် ကေပေါ့ပ်ဂီတအဖွဲ့  Black Pink သည် ဂျပန်ရှိ Kyocera လိပ်ခုံးအဆောက်အအုံတွင် အမြန်ဆုံးဖျော် ဖြေခွင့်ရသည့် ကေပေါ့ပ်အမျိုးသမီးအဖွဲ့ဖြစ်သွားပြီဟု all k pop က ဒီဇင်ဘာ ၂၆ ရက်တွင် ဖော်ပြခဲ့သည်။ Black Pink အဖွဲ့သည် ယင်းဖျော်ဖြေမှုကို ၎င်းတို့၏ ဂျပန်ဖျော်ဖြေရေးခရီးစဉ်၏ နောက်ဆုံးပွဲစဉ်အဖြစ် ပြုလုပ်ခြင်း ဖြစ်ပြီး ယင်းသတင်းကို ဂျပန်နာမည်ကြီးချန်နယ်နှင့် သတင်းစာ များဖြစ်သည့် တိုကျိုဂျန်နီရှီ၊ နစ်ကန်စပေါ့၊ ဒေးလီးစပေါ့၊ ဆန် ခိုင်းစပေါ့နှင့် စပေါ့နီပွန်တို့တွင် ခေါင်းကြီးပိုင်းသတင်းအဖြစ် ဖော်ပြခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန် ...

ဒုတိယအယ်လ်ဘမ်အတွက် ဓာတ်ပုံတွေထွက်ရှိလာတဲ့ G-Friend

ဆိုးလ်၊ ဒီဇင်ဘာ ၂၆

တောင်ကိုရီးယားဂီတလောကမှ အမျိုးသမီးဂီတအဖွဲ့ G-Friend  က ၎င်းတို့၏ ဒုတိယမြောက် အယ်လ်ဘမ် "Time for US" အတွက် ဓာတ်ပုံများကို ပရိသတ်များအတွက် အွန်လိုင်းတွင် ပြသလိုက်သည်ဟု all k pop က ဖော်ပြခဲ့သည်။ ယင်းသည် G-Friend အဖွဲ့၏ ပထမ ဆုံး Full-Length  အယ်လ်ဘမ်ထွက်ရှိပြီး နှစ် နှစ်ခွဲအကြာမှ ထွက်ရှိသည့် ဒုတိယအယ်လ်ဘမ် ဖြစ်ပြီး ဓာတ်ပုံများတွင် အဖွဲ့ဝင်များအားလုံး လှပ နေကြသည်ဟု ဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

We Built This City ခရစ္စမတ်သီချင်းက အာရီနာဂရန်ဒီ၏ သီချင်းကိုကျော်ကာ နံပါတ်တစ်ဖြစ်လာ

လန်ဒန်၊ ဒီဇင်ဘာ ၂၅

Perennial Chart ၌ တော့ပ်ဖြစ်က နံပါတ်တစ်ချိတ်ခဲ့သည့် အဆိုတော်မလေး အာရီနာဂရန်ဒီ၏သီချင်း ''Thank you, Next'' ကို ကျော်လွန်ကာ LadBaby ၏ အဖွဲ့လိုက်ခရစ္စမတ်သီချင်း ''We Built This City'' က ယခုအပတ်တွင်း နံပါတ်တစ်ဖြစ်ခဲ့သည်ဟု asiaone  က ဖော်ပြခဲ့သည်။ LadBady က ''အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။ လန်ဒန်က လူတွေရော အားပေးသူအားလုံးကိုရောပေါ့။ ထိပ်ဆုံးရောက်အောင်အားပေးခဲ့တာ ကျေးဇူးပါဗျာ''ဟု ပြောခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...