HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

'လေးပါးကျော့ရှိန် ဝရဇိန်' ရုပ်ရှင်ဇာတ်ကားကြီး မကြာမီ ရုံတင်မည်

ရန်ကုန်၊ ဇန်နဝါရီ ၂ဝ 

မေတ္တာတရားကို အဓိကပုံဖော်ရိုက်ကူး ထားသည့်''လေးပါးကျော့ရှိန် ဝရဇိန်'' ရုပ်ရှင်ဇာတ်ကားကြီးကို ဇန်နဝါရီ ၂၅ ရက်မှစတင်ကာ ရုံတင်ပြသတော့မည်ဖြစ်သည်။ ''လေးပါးကျော့ရှိန်ဝရဇိန်'' ရုပ်ရှင်ဇာတ်ကားကြီး Press Show ကို ဇန်နဝါရီ ၂ဝ ရက်က သမ္မတရုပ်ရှင်ရုံ၌ ပြသခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဗိုလ်ချုပ်ရုပ်ရှင် နောက်ဆုံးအဆင့် ဇာတ်ညွှန်းရေးသားခြင်း စတင်တော့မည်

ရန်ကုန်၊ဇန်နဝါရီ ၂ဝ

ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး၏ ရှစ်ကြိမ် မြောက် အစည်းအဝေးတွင်ဇာတ်ညွှန်းအခန်းစဉ် ၁၁၆ဆင်းန်ကို အတည်ပြုလိုက်ပြီဖြစ်ပြီး နောက်ဆုံး အဆင့် ဇာတ်ညွှန်းရေးသားခြင်းကို စတင်တော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရေး၏ ရှစ်ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂ဝ ရက်တွင် အမျိုး သားကဇာတ်ရုံ၌ပြုလုပ်ခဲ့ပြီး ယင်း လုပ်ငန်းအစည်းအဝေးသို့ ဗိုလ် ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး သူရဦးအောင် ကို ဦးဆောင်သောအဖွဲ့ဝင်များစုံ ညီစွာတက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန် ...

နာမည်ကျော် ကြက်ကြော်ဆိုင်မှ အလုပ်သမား မှုခင်းရဲဝန်ထမ်းများ Extreme Job

ဒါရိုက်တာ - လီဗြောင်ဟွန်း
ဇာတ်ညွှန်း - ဘေဆယ်ယောင်း
သရုပ်ဆောင်များ - လီဆွန်းရုန်း၊ လီဟန်နီ၊ ဂျင်ဆင်းဂူ၊ လီဒုံးဟီ
ပြသချိန် - ၁၁၁ မိနစ်
နိုင်ငံ - တောင်ကိုရီးယား

ဆက်လက်ဖတ်ရှုရန် ...

လိင်ပိုင်းဆိုင်ရာ အသားပေး ပြကွက်ကြောင့် ကိတ်ဘလန်ချက်၏ ပြဇာတ် ကြည့်ရှုသူ မူးလဲ

လော့စ်အိန်ဂျလိစ်၊ ဇန်န၀ါရီ ၁၉

မင်းသမီးကိတ်ဘလန်ချက်၏ လိင်ပိုင်း ဆိုင်ရာ အသားပေးပြကွက်နှင့် အကြမ်းဖက် ဆန်သော ဇာတ်လမ်းဇာတ်ကွက်များ ပါ ၀င်သည့်ပြဇာတ်ကို ကြည့်ရှုနေသူတစ်ဦးမှာ မူးလဲခဲ့ကြောင်း သိရသည်။  အော်စကာဆုရှင် မင်းသမီး ကိတ်သည် Game of Thrones  စီးရီးမှ သရုပ်ဆောင် စတက်ဖန်ဒီလိန်းနှင့်အတူ လန်ဒန်မြို့ရှိအမျိုး သားပြဇာတ်ရုံ၌ "When We Have Suf- ficiently Tortured Each Other"  ပြဇာတ် ကို ဇန်န၀ါရီ ၁၆ ရက်၌ ကပြခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဗစ်တိုးရီးယား ဘက်ခမ်းနေရာတွင် အစားထိုးမည့် သူကို Spice Girl အဖွဲ့ ရှာဖွေနေ

လန်ဒန်၊ ဇန်န၀ါရီ ၁၉

Spice Girls အဖွဲ့တွင် ပြန်လည်မပါဝင်လာနိုင်သော ဗစ်တိုးရီးယားဘက်ခမ်းနေရာတွင် အစားထိုးရန် ဆာအာရာ အာအယ်တိုကို Mel C က ဖိတ်ခေါ်ထားကြောင်း သိရသည်။  ကမ္ဘာကျော် အမျိုးသမီးအဆိုတော်အဖွဲ့က လာမည့်နွေ ရာသီနှောင်းပိုင်းကာလတွင် နယ်လှည့်ဖျော်ဖြေပွဲကို ပြုလုပ် မည်ဖြစ်သော်လည်း ဂီတလုပ်ငန်းအစား ဖက်ရှင်လိုင်းဘက် ကိုသာ ဦးတည်သွားတော့မည့် ဗစ်တိုးရီယား ပြန်လည်ပါဝင် လာခြင်းမရှိပေ။ ထို့ကြောင့် အဖွဲ့ဝင် Mel C က "X Factor"  စတားဟောင်း ဆာအာရာကို နယ်လှည့်ဖျော်ဖြေပွဲ၌ အဖွဲ့အ တွင်းပါဝင်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ကလေးတွေနဲ့ စကားပြောဖို့ ဆိုရှယ်မီဒီယာကို အသုံးပြုတဲ့ ရီဆီဝှစ်သာစပွန်း

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၁၈

မင်းသမီးရီဆီဝှစ်သာစပွန်းသည် ကလေးများနှင့် ဆက်သွယ်နိုင်ရန် Snapchat ဆိုရှယ်မီဒီယာကို အသုံးပြုကြောင်းသိရသည်။ မင်းသမီးရီဆီထံတွင် ကလေးသုံးဦး ရှိပြီး ဆက်ကျော်သက်အရွယ် သားနှင့်သမီးကို ယင်းဆိုရှယ်မီဒီယာကို အသုံးပြုပြီး ဆက်သွယ်သည်ဟုဆိုသည်။ အသက် (၄၂)နှစ်အရွယ် မင်းသမီးက ၎င်းနှင့် သမီးဖြစ်သူတို့မှာ အလွန်ရင်းနှီးပြီး တစ်ဦးနှင့်တစ်ဦး အရာခပ်သိမ်းကို ဝေမျှ ပြောဆိုသည်ဟုဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

ဇနီးလောင်းနဲ့အတူ အိမ်ပြောင်းသွားပြီဖြစ်တဲ့ မင်းသားခရစ်ပတ်

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၁၈

မင်းသားခရစ်ပတ်သည် ဇနီးလောင်း ကတ်သရင်းရှာဝါ ဇနဂ္ဂါနှင့်အတူ အိမ်ပြောင်းသွားပြီဖြစ်ကြောင်း သိရသည်။  'Guardians of the Galaxy' ရုပ်ရှင်မင်းသား ခရစ်နှင့် အာနိုး၏သမီးဖြစ်သူ ကတ်သရင်းတို့သည် မကြာသေးခင်က စေ့စပ်ခဲ့ကြပြီး၊ ပြီးခဲ့သည့် သီတင်းပတ်တွင် အနောက်လော့စ် အိန်ဂျလိစ်သို့ နေရာပြောင်းရွှေ့သွားပြီဟုသိရသည်။  အတွင်းသတင်းတစ်ခု၏ အဆိုအရ ၎င်းတို့နှစ်ဦး စတင် တွဲခဲ့ချိန်ကတည်းက ကတ်သရင်းသည် ခရစ်ကို ၎င်း၏နေ အိမ်အနီးနားတစ်ဝိုက်သို့ ခေါ်သွားခဲ့ဖူးကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

''ရှေးတုန်းက လူရွှင်တော်ကြီးတွေ အစဉ်အဆက်ထားခဲ့ကြတဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာမယ်ဆိုရင် လူရွှင်တော် အလုပ်ကို ဘယ်သူမဆို လုပ်လို့ရပါတယ်'' အရိုင်း

ဝါရင့်လူရွှင်တော်၊ သရုပ် ဆောင်အရိုင်းနဲ့တွေ့ဆုံခိုက်မှာ အခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။

မေး-လတ်တလောလုပ်ဖြစ်တဲ့ အနုပညာလှုပ်ရှားမှုလေးတွေရှိရင် ပြောပြပေးပါဦး။

ဖြေ- Win's Shooow Time အစီအစဉ်လေးကို ဂျပန်နိုင်ငံမှာ ရိုက်ကူးရေးသွားထားတာလေးရှိ ပါတယ်။ နောက်ဒီလကုန်မှာတော့ ငပလီမှာ သွားရောက်ရိုက်ကူးဖို့ရှိ ပါတယ်။ ပြီးတော့ ဖေဖော်ဝါရီလ ၃ ရက်မှာ ပြုလုပ်မယ့် ''ရေဒီယိုခေတ် ရွှေဖြစ်ခဲ့သောသီချင်း''ဖျော်ဖြေ ဂုဏ်ပြုပွဲမှာလည်း ကျွန်တော်အစီ အစဉ်တင်ဆက်သူအဖြစ် ပါဝင်သွား မှာပါ။

ဆက်လက်ဖတ်ရှုရန် ...