HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဆော်ဒီအမျိုးသားများက ဇနီးများကို စောင့်ကြည့်နိုင်သည့် အက်ပလီကေးရှင်းကို ဖယ်ရှားပေးရန် Google နှင့် Apple တို့ထံ တောင်းဆို

လန်ဒန်၊ဖေဖော်ဝါရီ ၁၄ - ဆော်ဒီနိုင်ငံတွင် အမျိုးသားများက​ ၎င်းတို့၏ဇနီးနှင့် အမျိုးသမီးဆွေမျိုးများကို ကလစ်တစ်ချက်နှိပ်ရုံဖြင့် စောင့်ကြည့်နိုင်သည့် အက်ပလီကေးရှင်းတစ်ခုကို Google နှင့် Apple အွန်လိုင်းစတိုးတို့ထံမှ ဖယ်ရှားပေးရန် အမေရိကန်နိုင်ငံရေးသမား တစ်ဦးနှင့် တက်ြ<ွက လှုပ်ရှားသူများက ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောဆိုခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ပါကစ္စတန်က အစွန်းရောက်အဖွဲ့များ၏ လူမှုမီဒီယာများကို နှိမ်နင်းသွားမည်

အစ္စလမ္မာဘတ်၊ ဖေဖော်ဝါရီ ၁၄ - ပါကစ္စတန်နိုင်ငံသည် အစွန်း ရောက်အဖွဲ့များ၏ အစွန်းရောက် မူဝါဒများ ပြန့်ပွားစေရန် အသုံးပြု သည့် လူမှုမီဒီယာများအား အဓိက နှိမ်နင်းမှုကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကက်ဘိနက်ဝန်ကြီး တစ်ဦး၏ ပြောကြားချက်ကို ဆင် ဟွာသတင်းက ဖေဖော်ဝါရီ ၁၄ ရက် တွင် ဖော်ပြလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဖိလစ်ပိုင်သမ္မတ ဒူတာတေကို ဝေဖန်လေ့ရှိသူ ဂျာနယ်လစ်ကို အသရေဖျက်မှုဖြင့် ဖမ်းဆီးပြီးနောက် အာမခံဖြင့် ပြန်လွှတ်ပေး

မနီလာ၊ ဖေဖော်ဝါရီ ၁၄ - ဖိလစ်ပိုင်ဂျာနယ်လစ် မာရီယာရက်ဆာသည် ဖေဖော်ဝါရီ ၁၃ ရက်တွင် အဖမ်းခံခဲ့ရပြီးနောက် ၎င်းသည် သမ္မတဒူတာတေကို ဝေဖန်ထားသည့် သတင်းကြောင့် ပစ်မှတ်ထား ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း နိုင်ငံတကာမှ ရှုတ်ချမှုနှင့် စွပ်စွဲမှု များကို ရင်ဆိုင်ရသည့်အတွက် ၎င်းကို ဖေဖော်ဝါရီ ၁၄ ရက်တွင် အာမခံဖြင့် ပြန်လွှတ်ပေး လိုက်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ဗင်နီဇွဲလားအစိုးရက အတိုက်အခံများနှင့် ကြိုတင်စည်းကမ်း မသတ်မှတ်ဘဲ ဆွေးနွေးသွားမည်

ကာရာကတ်စ်၊ ဖေဖော်ဝါရီ ၁၃ 

ဗင်နီဇွဲလားနိုင်ငံခြားရေးဝန် ကြီးဂျော့ဂ်ျအရီယာဇာက သမ္မတနီကိုလပ်စ်မာဒူရို ဦးဆောင်သည့် အစိုးရအဖွဲ့က အတိုက်အခံများ နှင့် ကြိုတင်စည်းကမ်းသတ်မှတ် ချက်မရှိဘဲ ဆွေးနွေးသွားမည်ဖြစ် ကြောင်း၊ နိုင်ငံရေးအကျပ်အတည်းမှ လွတ်မြောက်ရန်ဖြစ်ကြောင်း ပြောကြားလိုက်သည်ဟု ဆင်ဟွာ သတင်းက ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်က ထောက်ပံ့ရေးပစ္စည်းများ နိုင်ငံတွင်းသို့ ရောက်ရှိရေး ဆောင်ရွက်သွားမည် ဟုဆို

ကာရာကတ်စ်

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒိုက လူသားချင်းစာနာမှုအကူအညီ ပေးရန် ပြည်ပမှ ကူညီထောက်ပံ့မည့်ပစ္စည်း များအား သမ္မတနီကိုလတ်စ်မာဒူရိုက ဆန့်ကျင်ကန့်ကွက်နေသော်လည်း ကူညီထောက် ပံ့ရေးပစ္စည်းများ နိုင်ငံတွင်းသို့ရောက်ရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထောက်ခံ အားပေးနေသူ ထောင်ပေါင်းများစွာအား ပြော ကြားခဲ့သည်ဟု သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မက္ကဆီကို မူးယစ်ရာဇာ အယ်လ်ချာပိုတွင် အပြစ်ရှိကြောင်း တွေ့ရှိ

ဝါရှင်တန်

မက္ကဆီကိုမူးယစ်ဂိုဏ်းရာဇာကို နယူး ယောက်မြို့ရှိ ပြည်ထောင်စုတရားရုံးက မူးယစ်ဆေးဝါး တရားမဝင်ကုန်ကူးမှုနှင့် ပတ်သက်၍ အပြစ်ရှိကြောင်းတွေ့ရှိသည် ဟုဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

ယီမင်စစ်ပွဲတွင် ဆော်ဒီကို အကူအညီပေးမှု ရပ်ဆိုင်းရန် ထရန့် ငြင်းပယ်

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၂

ယီမင်တွင် ဆင်နွှဲနေသော စစ်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် ဆော်ဒီအာရေဗီးယားနှင့် မဟာမိတ်တို့အား ကူညီနေမှုကို ကွန်ဂရက်လွှတ်တော်က ရပ်ဆိုင်းရန်ဆုံးဖြတ်ခဲ့ပါက သမ္မတဒေါ်နယ်ထရန့်က ဗီတိုအာဏာအသုံးပြု ပယ်ချသွားမည်ဖြစ်သည်ဟု အိမ် ဖြူတော်က သတိပေးပြောကြားလိုက် ကြောင်း ရိုက်တာသတင်းက ဖေ ဖော်ဝါရီ ၁၂ ရက်တွင် ဖော်ပြလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဗင်နီဇွဲလားတွင် နိုင်ငံရေး တင်းမာမှုများကြောင့် အရေးပေါ်အကူအညီ စားနပ်ရိက္ခာနှင့် ဆေးဝါးများ မဖြန့်ဝေနိုင်သေး  

ကူကွတ်တာ၊ ဖေဖော်ဝါရီ ၁၂

ဗင်နီဇွဲလားသမ္မတ နီကိုးလတ်စ်မာဒူရိုအား အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထောက်ခံအားပေးမှုသည် ရက်သတ္တသုံးပတ်မြောက်ရှိလာပြီဖြစ်ပြီး နိုင်ငံအတော်များများက အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွါအီဒိုအပေါ် ယာယီသမ္မတအဖြစ် ထောက်ခံထားခဲ့ကြသည်။ ဂွါအီဒိုအား ထောက်ခံသောနိုင်ငံ ၅ဝခန့် ရှိသည်။ အမေရိကန်နိုင်ငံကမူ လိုအပ်ပါက ဗင်နီဇွဲလားအရေးတွင် စစ်တပ်ပါဝင်စွက်ဖက် မည်ဟုလည်း ထုတ်ဖော်ပြောဆိုထားသည်။

ဆက်လက်ဖတ်ရှုရန် ...