HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ယခင်သမ္မတဟောင်း စီးနင်းခဲ့သော ဘိုးရင်းလေယာဉ်ကြီးကို မက္ကဆီကို အစိုးရအသစ် ရောင်းချသွားမည်

ယခင်သမ္မတဟောင်း စီးနင်းခဲ့သော ဘိုးရင်းလေယာဉ်ကြီးကို မက္ကဆီကို အစိုးရအသစ် ရောင်းချသွားမည်

မက္ကဆီကို၊ ဒီဇင်ဘာ ၃

ယခင်မက္ကဆီကိုသမ္မတဟောင်းက ကမ္ဘာတစ်ခွင်ခရီးနှင်ခဲ့ရာတွင် အသုံးပြုခဲ့သော ဇိမ်ခံလေယာဉ် ကြီးသည် အပိုငွေကုန်ကြေးကျများ ကြောင်း ထင်မြင်ယူဆထားသည့် သမ္မတအသစ်က ရောင်းချရန် ပြင်ဆင်နေပြီဟုသိရသည်။ သမ္မတအဖြစ် ပထမဆုံးတာဝန်အပြည့်ယူ သည့်နေ့က ဗာရာခရုဇ်မြို့တွင် ပြု လုပ်သော လူထုစုဝေးပွဲတစ်ခုတွင် သမ္မတသစ် အန်ဒရီဒမန်နျူယယ်လိုပက်အိုဘရာဒေါက ''အကျင့် ပျက်နိုင်ငံရေးသမားတွေ အသုံးပြု ခဲ့တဲ့ လေယာဉ်နှင့်ရဟတ်ယာဉ် တွေအားလုံးကို ကျွန်တော်တို့ ရောင်းချတော့မှာပါ''ဟု ပြောကြား ခဲ့သည်။ လူပရိသတ်ကြီးကလည်း ယင်းပြောဆိုချက်ကို ထောက်ခံခဲ့ ကြသည်။

ဘဏ္ဍာရေးဝန်ကြီးကားလို့စ် ယူဇူအာက ဒီဇင်ဘာ ၂ ရက်အ စောပိုင်းတွင် မက္ကဆီကိုစီးတီးမြို့ ၌ သတင်းစာရှင်းလင်းပွဲတစ်ခုကို ပြုလုပ်ခဲ့ပြီး ဘိုးရင်း ၇၈၇ Dreamliner  လေယာဉ်အရှေ့မှ ဒေသ တွင်းသတင်းထောက်များထံ ယင်း လေယာဉ်ကြီးကို မကြာမီရောင်း ချတော့မည်ဖြစ်ကြောင်း ကြေညာ ခဲ့သည်။ ဓာတ်ပုံသမားများနှင့် ကင်မရာရိုက်ကူးရေးအဖွဲ့များက လည်း ကြီးမားသော လေယာဉ် ကြီးထဲမှာ အစိုးရအရာရှိများ၏ ထိုင်ခုံများ၊ မျက်နှာပြင်အပြားမော် နီတာများ၊ သမ္မတအိပ်ခန်းနှင့် စကျင်ကျောက်ဖြင့် ဖန်တီးထား သောရေချိုးခန်းတို့ကို ဝင်ရောက် ကြည့်ရှုခဲ့ကြသည်။


သမ္မတစီးနင်းခဲ့သည့် အမေ ရိကန်ဒေါ်လာ ၂၁၈ သန်းတန် ဂျက်လေယာဉ်ကို ၂ဝ၁၂ ခုနှစ် နှောင်းပိုင်းတွင် ဝယ်ယူခဲ့ပြီး ၎င်းသည် မကြာမီရောင်းချမည့် ရဟတ်ယာဉ်အစင်း ၇ဝ နှင့်အစိုးရပိုင် လေယာဉ် ၆ဝ များထဲမှ တစ်စင်း ဖြစ်သည်။ ပိုင်ရှင်အသစ်ထံလွှဲ ပြောင်းနိုင်ရန် ဘိုးရင်းကုမ္ပဏီ၏ ထောက်ခံချက်ရရှိရန် တောင်ပိုင်း ကယ်လီဖိုးနီးယားရှိ ဗစ်တာဗီလီ လေဆိပ်သို့ ဒီဇင်ဘာ ၃ ရက်တွင် ထွက်ခွာသွားခဲ့ကြောင်း ဘဏ္ဍာ ရေးဝန်ကြီးဌာန၏ ကြေညာချက် တစ်ခုထဲတွင် ဖော်ပြထားသည်။ လူထုစုရုံးပွဲတွင် သမ္မတသစ် လို ပက်ဘိုဘရာဒေါက ယခင်သမ္မတ ဟောင်းများအတွက် ပင်စင်များကို အဆုံးသတ်ခြင်း၊ သိသာထင်ရှားသောငွေကြေးချွေတာမှုဟု ၎င်းကခေါ်ဆိုထားသော အကြီး တန်းအစိုးရအရာရှိများကို လစာ ဖြတ်တောက်ခြင်းတို့အပါအဝင် လူပြိန်းကြိုက်ကတိများကို ပေးခဲ့ သည်။ 

 

Ref; CNA

#democraytoday

Rate this item
(0 votes)
back to top